Sunday, 18 September 2011

ဧရာဝတီ အတွက် အလွမ်းတစ်စက်(Tag)

(ဓါတ်ပုံကို Google မှကူးယူပါသည်။
ဧရာဝတီမြစ်ရဲ့ နေ၀င်ချိန်အလှ)

ကြုံရ
ဆုံရ ဒီဘဝ
တို့တိုင်း တို့ပြည်
မြစ်အလှ ဧရာဝတီ 
လေအလျှင် ရေယျာဉ်ကြော
မျောပါတဲ့ တသွင်သွင်
စီးဆင်းတဲ့ ဧရာဝတီ

ရှေးနှစ်ပေါင်းများစွာ 
နုပျိုကာ ထာဝရလန်း
မရိုး မဆန်း
မှန်းဆကြည့်ရုံဖြင့်
ပြည်သူတွေ ရင်ထဲ
တမ်းတမ်းစွဲ......အသည်းထဲက
မြစ်ကြီး ဧရာဝတီ

ကဗျာဆရာတွေက
ဧရာဝတီ ကိုစံထားပြီး
ကဗျာတွေသီခဲ့
ပန်းချီဆရာတွေက 
အမှန်တရားနဲ့
စုတ်ချက်တွေညီခဲ့
ခံစားခဲ့ရ အလှတရားများစွာနဲ့
ဧရာဝတီ
ခုတော့ဖြင့်
သဘာဝ ထိန်းသိမ်းရေး
စည်းကမ်းတွေဖောက်ဖျက်လို့
မြစ်ကြီးပျောက်ရတော့မယ်ကွယ် ၊
ကမ္ဘာမှာ 
သတင်းကြီးတဲ့ ဧရာဝတီ
ထိတ်လန့်သွေးပျက်ဖွယ်ရာများ
ဧရာဝတီ နှလုံးသားက ဒဏ်ရာများ
တစ်စ တစ်စ ခံစားရင်း
အခဲမကျေလဲ သဲထဲရေသွန်သလို
အသဲကြွေနေတဲ့ ဧရာဝတီ
အတင်းသိမ်းပိုက်ခံရတဲ့ ဧရာဝတီ
နှလုံးသားကွဲအက်လို့ 
အရှုံးပေး ရတော့မယ့် ဧရာဝတီ၊

ဧရာဝတီ ခံစားချက်များ
အမြန်ငြိမ်းချမ်းဖို့
တတ်အားသရွှေ့ ကူညီကြပါစို့ ။     ။ 

သဒ္ဒါလှိုင်းရေကျေနပ်ပါနော်
စာမရေးတတ်လို့ ကဗျာလေးတော့ရေးလိုက်ပါတယ်

jasmine





25 comments:

ကဗျာလေးဖတ်သွားပါတယ်။ ပြီးတော့ သက်ပြင်းချသွားတယ်။
ဧရာဝတီ..ဧရာဝတီ.....အော်..ဧရာဝတီ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ဧရာဝတီကဗျာလေး ဖတ်သွားတယ် မမရေ... ညလေးလောက် စာမရေးတတ်ဘူးတော့ မပြောပါနဲ့ မမရယ်... ကဗျာက ရေးရပိုခက်တာပါ... :D

အားပေးထောက်ခံလျက်ပါမမ....။ ဆက်လက်တိုက်ပွဲဝင်ကြပါဆို့ဗျာ။

အင်း.. ဘာပြောရမှန်းမသိ။ အတင်းအဓမ္မ အကျင့်ခံလိုက်ရတဲ့ အပျိုစင်တစ်ယောက်ရဲ့ ခံစားမှုမျိုး... သနားမိတယ် မြစ်ဧရာ..း(

ဂျက်ရယ်တော်လိုက်တာကွယ်...
အဟင့်...ရွှတ်..
အသည်းငယ်တတ်လို့..ဟီးးးးး(

ဧရာဝတီအကြောင်းရေးဖို့ စိတ်ကူးထားပေမယ့် အခုထိကို ကလောင်မပီ၊ ကဗျာမညီ၊ စာမပီဖြစ်နေသေးတယ် ညီမရေ...တစ်နေ့နေ့တော့ ရေးဖြစ်ပါလိမ့်မယ်...ဧရာဝတီက နှလုံးသားကို ဆွဲဆုပ်ယူငင်သွားတဲ့ နေ့တစ်နေ့မှာများ ဖြစ်ကောင်းဖြစ်မလား မသိတော့ပါဘူးလေ...လောလောဆယ်တော့ သူ့အလှကို ပီပြင်အောင် မရေးနိုင်သေးတဲ့ ကိုယ့်ကိုယ်ကို မကျေမချမ်းဖြစ်ရင်းနဲ့ နေ၀င်ပြီး မိုးချုပ်နေပါရော့လား...

မစံပယ်
ကဗျာ လေးကိုခံစားသွားတယ်
တစ်တပ်တစ်အား ၀ိုင်းဝန်းကြတာပေါ့ဗျာ ။

ဧရာဝတီအတွက် စဉ်းစားမိတိုင်း ရင်မောရတယ်...
ကဗျာလေး ခံစားသွားတယ် အစ်မ...

ဖတ်သွားပါသည် ၊
ဧရာဝတီ ကပျောက်မသွားပါဘူး၊
ဧရာဝတီ ကဖျောက်လို့ ရတဲ့အရာမဟုတ်ဘူး၊
မပျက်စီးအောင်တော့ တော်တော်လုပ်ယူရမှာ၊

ကဗျာလေးကို ခံစားသွားတယ်နော်...

ကဗျာလေးကောင်း၏ ခံစားသွားပါတယ်။

ဧရာဝတီဟာ ကျွန်မတို့ မြန်မာအားလုံးနဲ့ သက်ဆိုင်တဲ့ ပြယုဂ်တစ်ခုပါ..။

အုတ်တစ်ချပ်သဲတပွင့်တိုက်ပွဲဝင်ကြပါစို့

(စကားမစပ် စာမျက်နှာလေးအရမ်းလှသွားတယ်မမရေ )

ချစ်တဲ့
မဒိုးကန်

ချစ်သောဧရာဝတီရယ်....။ ဆုံးရှုံးရတော့မလားကွယ်။

ှီင်္ွံဧရာဝတီကဗျာလေး ဖတ်သွားပါတယ်အမရေ။

<>g<ဝါးးးကောင်းလိုက်တဲ့ကဗျာ..မိုက်တယ်

ကောင်းတယ်ဗျာ။ လေးစားပါတယ် အစ်မJas ရေ။ ကောင်းသောနေ့လေးဖြစ်ပါစေနော်။

လန်းတယ် အမရေ့ .
.တစ်ကယ်ထိတယ်ဗျာ ကဗျာလေးက..

(ဒုတိယ)

မနေ့က မအားလို့ ဒီနေ့မှ ရောက်ဖြစ်တယ် .. အရမ်းကောင်းပြီး ထိထိ မိမိ ရှိလှတဲ့ ကဗျာလေးပါ.. ရင်ထဲက ဆန္ဒအမှန်တွေ ဖော်ထုတ်ခြင်းဟာလဲ တိုက်ပွဲဝင်ဖြင်းတစ်မျိုးပါပဲ..

ဧရာဝတီဟာ မြန်မာနိုင်ငံသားတိုင်းရဲ့ နှလုံးသားပါ...မြန်မာနိုင်ငံရယ်လို့ ရှိနေသမျှ ဧရာဝတီလည်း ရှိနေဦးမှာပါ...ဒါဟာ မြန်မာနိုင်ငံရဲ့ သမိုင်း၊ အမွေ၊ ပြယုဂ်ဖြစ်တယ်မဟုတ်ပါလား...

အော်...ဧရာဝတီ၊ ဧရာဝတီ။ မြန်မာ့ကျက်သရေဆောင် ဧရာဝတီကြီးကို ထင်သလိုလုပ်ကြတော့မှာလား။ ရင်နင့်အောင်ခံစားရတယ် ဂျတ်မင်းရေ။

--*--ကမ္ဘာတည်သ၍ ထာဝရ ရှင်သန်ပါစေ ဧရာဝတီ--*--

ဖတ်သွားတယ် ညီမလေးရေ...

ဘယ်တော့ဖြစ်ဖြစ် ကလောင်သွားကတော့ ထက်နေပါလား စံပယ်ရေ။
ဧရာဝတီအေးချမ်းစွာ ရှင်သန်စီးဆင်းနိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါသည်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More