Wednesday, 21 September 2011

ပြည့်စုံခြင်းအရသာ


မမြင်ရတဲ့ 
အနာဂတ်ခရီး
ကြမ်းတမ်းနေမလား...?
ဘ၀တွေ ကြေကွဲဖို့
ကောင်းနေမလား?
ဆင်းရဲမှု အပေါင်းတွေ
ငါ့တစ်ယောက်ထဲထံမှာ
စုစည်းနေမလား?
နေထိုင်မှုတွေကလည်း
မွဲတေ စုတ်ပြတ်နေမလား?
တမ်းတမ်းတတနဲ့ 
စဉ်းစားမနေတော့ပါဘူး
ဘ၀ရဲ့ နိယာမ အထူးအဆန်းမဟုတ်လို့။

ခြေလှမ်းတစ်လှမ်း 
လှမ်းတိုင်း
ယုံကြည်မှုတွေ ပြည့်ဝနေတဲ့  
ရင်ဘတ်
ဘ၀ရဲ့လမ်း ကောက်ကွေ့စမ်းပါစေ
ဘယ်တော့မှ ကျမသွားတာက
စိတ်ဓါတ်
အရာအာလုံး ငါ့ဦးနှောက်က
အမြတ်အစွန်းပါပဲ။

သူများဖောက်ထားတဲ့လမ်း
ငါမလှမ်းဘူး
ကိုယ့်အစာ ကိုယ်ဟတ်
ကိုယ့်ဖိနပ် ကိုယ်စီး
ကိုယ့်ထီး ကိုယ့်နန်းနဲ့
ပြိုလဲသူ ကူညီပြီး
ကိုယ့်ဘ၀ရဲ့ သံစုံတီးဝိုင်းနဲ့
ပြည့်စုံနေပါပြီကွယ်။  ။ 

jasmine


17 comments:

ကြိုက်ပါ၏ ဒီပိုစ်လေးကို ကိုယ်ထူကိုယ်ထ၊ ကိုယ့်လမ်းကိုယ်လျှောက် သံစုံတီးဝိုင်းလေးက မြိုင်လို့ :)

အဟမ်း..အဟမ်း!
သိပ်မှန်တာပေါ့ရှင်..။
ဒါကြောင့်..ကိုယ့်ထီးကိုယ့်နန်းနဲ့
ပြိုလဲသူကိုကူညီပြီး..ကိုယ့်ဘ၀ရဲ့သံစုံတီးဝိုင်းနဲ့ပြည်စုံနေလို့..
အပျိုကြီးပဲလုပ်ပါတော့မယ်..။းP
(ဆိုင်မဆိုင်တော့မသိ.ကိုယ်လိုရာဆွဲတွေးပလိုက်တယ်.ပြီးရေား)
ချစ်ခင်စွာဖြင့်..
အပျိုကြီးသမံစီး

လောကမှာနေတတ်ရင် ကျေနပ်စရာကြီးပါပဲတဲ့။
ပြည့်စုံနေတဲ့ သံစုံတီးဝိုင်းအသံလေးကို နားဆင်သွားပါတယ်။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

တမ်းတမ်းတတနဲ့
စဉ်းစားမနေတော့ပါဘူး
ဘ၀ရဲ့ နိယာမ အထူးအဆန်းမဟုတ်လို့။

သိပ်ကြိုက်.....

တန်းပလိတ်ပြောင်းသွားလို့ မမှတ်မိတော့ပြန်ဘူး အောက်က ဂျပ်စမင်းလို့ တွေ့မှာ သိတော့တယ်...

ကိုယ့်အစာ ကိုယ်ဟတ်
ကိုယ့်ဖိနပ် ကိုယ်စီး
ကိုယ့်ထီး ကိုယ့်နန်းနဲ့
ပြိုလဲသူ ကူညီပြီး
ကိုယ့်ဘ၀ရဲ့ သံစုံတီးဝိုင်းနဲ့ .... အဖွဲ့လေး သိပ်လှတယ်။

ကြိုက်တယ်ကွာ။

အချိန်တိုင်း စာသားလေးတွေ ထွက်ထွက်လာနေတဲ့ ဂျက်စမင်ကို အံ့အောတယ်ဗျာ။ ဧရာဝတီအတွက် ဆိုတာ ပါ ဖတ်သွားတယ်ဗျာ...။

တက်ကြွတဲ့ လူငယ်တွေ ရှိနေသမျှ ဧရာဝတီကို သူများလက် မပါစေရဘူး။

ကောင်းလိုက်တဲ့ ကဗျာ လေးဗျာ
ကဗျာ လေးကိုဖတ်ပြီးတော့ တွေးစရာ လေးတွေကို
ပုံသွားတာပဲ စာသားလေးတွေလည်းလှတယ်
မာန် လေးတွေကိုလည်း တွေ့ခဲ့သေးတယ်။

ကောင်းလိုက်တာ မမရယ်... နောက်ဆုံးအပိုဒ်လေးအကြိုက်ဆုံးပဲ... :D

ကဗျာလေး ဖတ်ပြီး အားတွေ ရှိသွားပြီ...
ကိုယ့်လမ်း ကိုယ်ဖောက်တဲ့လူတိုင်းကို အားပေးတယ်...

ကဗျာလေးသေချာဖတ်ပြီး
ကိုယ်ဖောက်ထားတဲ့လမ်းပေါ်မှာ
ခွန်အားတွေအပြည့်နဲ့
အနာဂတ်ခြေလှမ်းတွေစလိုက်ပြီနော်..

ချစ်တဲ့ blackroze

ကောင်းပါ့ဗျာ..

အာာာာာာာာာာာာာာာာာာာားးးးးးးးးးး
ဘာလို့အဲလိုကောင်းတဲ့ မိတဲ့စာတွေ ရေးတတ်နေရတာလဲ .း)ဟဲဟဲ
သံစုံတီးဝိုင်းတဲ့ ဟုတ်တယ် သံစုံတီးဝိုင်းပဲ ..
ဂုံ ပလုံ တုန် တိန်း)

ပြည့်စုံနေပြီလား။ အားကျလိုက်တာ။း))

ခင်မင်လျှက်

ဂျက် ကဗျာလေးတွေက ရေလည် လန်းတယ်...

jasmine..ရေကောင်းလိုက်တဲ့ကဗျာလေးဘဲစိတ်ဓာတ်ကိုမြင့်တင်ပေးလိုက်သလိုခံစားရပါတယ်...jas...ကျန်းမာပါစေ....


ရွှေဝန်းရတနာ.....

အမပြောသလို
ခြေလှမ်းတစ်လှမ်း
လှမ်းတိုင်း
ယုံကြည်မှုတွေ ပြည့်ဝနေတဲ့
ရင်ဘတ်
ဘ၀ရဲ့လမ်း ကောက်ကွေ့စမ်းပါစေ
ဘယ်တော့မှ ကျမသွားတာက
စိတ်ဓါတ် ဆိုတဲ့စာသားတွေကိုတော့ ကျွန်တော်
တော်တော်ကြီးကို အားမွေးရအုန်းမှာပါအမ
ဒါပေမဲ့အားပေးတဲ့အမကိုတော့ကျေးဇူးပါ
ကျွန်တော်ကဗျာလေးတွေကိုလည်း
အားရင်ပြန်လာဖတ်စေချင်ပါတယ်
မျှော်နေလျှက် မမရဲ့ မောင်လေး (လွမ်းပိုင်ရှင်)

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More