Saturday, 3 September 2011

လိုအပ်တာ အချစ်

အသိအမှတ်ပြုခြင်းမခံရတဲ့ အလွမ်းတွေအတွက်

မျက်ရည်တွေကိုပဲ သက်သေလုပ်ပြီး မပြချင်တော့ဘူး။

ဦးတည်ချက်ရှာမရတဲ့ အနာဂတ်ရဲ့ ခြေလှမ်းတွေလဲ
ကံကြမ္မာလမ်း မဖြောင့်တန်းလို့ ပျောက်ရှခဲ့တဲ့

ကြင်နာမှု တစ်စုံတစ်ရာအတွက်

ဥပေက္ခာခြေရာနောက်ကို ကောက်ကောက်ပါအောင်

လိုက်နေမိတဲ့ ငမိုက်သား ငါပါလား။

ဝေးကွာသွားတဲ့ သစ္စာစကားတွေကြောင့်

ရင်ဘတ်ထဲက အကြင်နာတရားတွေလဲ

ဖျားနာနေသလိုပါပဲ။

ခြေလှမ်းတွေကျဲသွားတာ ဘာကြောင့် မသိခဲ့လဲ

အသုံးမကျတဲ့ ဦးနှောက်က မင်းအမုန်းကိုကြောက်ပြီး

ဟန်ဆောင်ခြင်းအတတ်ပညာတွေနဲ့ မာန်ကိုယ့်ဖို့ပါပဲ။

မင်းနဲ့ငါကြား

ခါးလွန်းတဲ့ဘ၀ကိုဖြတ်သန်းဖို့

အငြင်းပွားဖို့အချိန်လား

ရှေ့မှာတွေ့ရမယ့် သံသရာ အဆက်ဆက်

ဥပေက္ခာမဖက် သံယောဇဉ်မပျက်တဲ့

အချစ်ပဲ လိုတာပါ။



ကဗျာ ဆိုတာ တင်းကြပ်နေတဲ့ ရင်ဘတ်ကို အနည်းငယ်ပေါ့သွားအောင် လုပ်ပေးတဲ့ နှလုံးသားထဲက ထွက်လာတဲ့ တေးသံလိုပါပဲနော်.......

ဒါဆို ရင်ဘတ်က ကဗျာတွေကို ထုတ်ပေးတဲ့ ကဗျာ့ စက်ရုံကြီးပေါ့လေ

ဒါကြောင့် ရင်ဘတ်ထဲကထွက်လာတဲ့ စကားလုံးတွေကို ရေးပြနေတာပါ

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်

jasmine

24 comments:

ဥပေက္ခာမဖက် သံယောဇဉ်မပျက်တဲ့

အချစ်ပဲ လိုတာပါ။

ဟုတ်ပါ့ သံယောဇဉ်ရှိနေမှ အချစ်လို့ခေါ်တာ။ ကျန်းမာပျော်ရွှင်ပါစေ Jasmine ရေ။

ဦးတည်ချက်ရှာမရတဲ့ အနာဂတ်ရဲ့ ခြေလှမ်းတွေလဲ
ကံကြမ္မာလမ်း မဖြောင့်တန်းလို့ ပျောက်ရှခဲ့တဲ့
ကြင်နာမှု တစ်စုံတစ်ရာအတွက်
ဥပေက္ခာခြေရာနောက်ကို ကောက်ကောက်ပါအောင်
လိုက်နေမိတဲ့ ငမိုက်သား စန်းထွန်းပါလား။

ခြေလှမ်းတွေကျဲသွားတာ ဘာကြောင့် မသိခဲ့လဲ

အသုံးမကျတဲ့ ဦးနှောက်က မင်းအမုန်းကိုကြောက်ပြီး

ဟန်ဆောင်ခြင်းအတတ်ပညာတွေနဲ့ မာန်ကိုယ့်ဖို့ပါပဲ။

:) good shoot

ခင်မင်တဲ့
ဗညား

ဥပေက္ခာမဖက် သံယောဇဉ်မပျက်တဲ့

အချစ်ပဲ လိုတာပါ။

ဟုတ်လိုက်လေ မမစံပယ်ရယ် ဟုတ်လိုက်လေ

ချစ်တဲ့
မဒိုးကန်

''တကယ်ဆိုရင်အချစ်ပဲလိုတယ်..
ဘာကြောင့်သတ္တိမရှိလဲကွယ်..''
ချမ်းချမ်းလိုဖြစ်နေပါပြီကောတော်..
အသည်းကွဲဖူးတဲ့ကျုပ်တောင်အဲလောက်
ရေးတတ်ဘူး..းP
တော်တော်ထိသွားတဲ့ကဗျာလေးပါပဲကွယ်။
ခင်မင်လျှက်

မျက်နှာတောင် မသစ်ရသေးဘူး
အမကြီးရ ကွန်ပျူတာကို မျက်နှာအပ်လိုက်တာနဲ့
ကဗျာ စက်ရုံကိုရောက်လာတာ ပြန်လိုက်အုံးမယ်ဗျာ။

အချစ်နွံမှာ ကျွံနေပြီလား jasmine လေးရေ။
ရင်ထဲက အလွမ်းတွေ ပေလွှာပေါ် တင်ပြီးရင်ဖြင့်
ဒါဏ်ရာတွေ နှလုံးအိမ်မှာ ခြေရာမကျန်စေနဲ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကြင်နာမှုတစ်စုံတစ်ရာအတွက် ဥပက္ခာခြေရာနောက်ကို ကောက်ကောက်ပါ
အောင်လိုက်ခဲ့မိတယ်လား.....။ကဗျာစက်ရုံက နှလုံးသွေးနဲ့ ရင်းပြီးထုတ်ပေး
လိုက်တဲ့ကဗျာလေးပဲ.....သဘောကျတယ်...

ကဗျာရေးသူတစ်ယောက်ကို တွေ့ရလို့ ၀မ်းသာပါတယ်။ တောင်ကြီးက စာရေးသူတွေ တော်တော်များပါတယ်။ မဂ္ဂဇင်းတွေမှာ ရေးတဲ့ ဟန်နီ(တောင်ကြီး)တို့ဆို ကြာပြီ။ တစ်ခုပဲ။ ကလောင်နာမည်၊ ဒီမှာတော့ ဘလော့ဂါရဲ့အမည်က အင်္ဂလိပ်လိုနဲ့ နောက်က မြန်မာနေရပ်နဲ့တွဲထားတာတော့ တစ်မျိုးပဲလို့ထင်မိပါတယ်။ မြန်မာလိုအကုန်ယူလိုက်ရင် ပိုကောင်းမလားပဲ။ ဟန်နီ(တောင်ကြီး)လိုပေါ့ဗျာ။ တိုက်တိုက်ဆိုင်ဆိုင် တောင်ကြီးသူတွေက အင်္ဂလိပ်လိုနဲ့ နေရပ်တွဲရတာ ကြိုက်လားမသိဘူးနော်။ ရေးဖော်ချင်းမို့ အကြံပြုတာပါ။

ဟုတ်ပါတယ် jasmine....ကဗျာရေးတယ် ဆိုတာက စိတ်ရဲ့ ထွက်ပေါက်လေးပဲ...စိတ်ဆိုးတဲ့ခါ နံရံကို လက်တီးနဲ့ ထိုသလိုပေါ့...ခပ်ခပ်ခပ်.........

မိုက်တယ်.. အမတော်နဲ့ ကျွန်တော် လိုင်းတူပြီ..
လွမ်းကြမယ်ဟေ့..ကောင်းကောင်း။။။
ဟဲ.. လမ်းခွဲတာ ဝမ်းနည်းစရာမဟုတ်ပါ....
ကျွန်တော်ပြောတာမဟုတ်..ရှင်ဆန္ဒာဓိကရဲ့ စာအုပ်နာမည်ပါ..ဟိဟိ။။။

jas ရေ ဟုတ်တယ်နော် တကယ်ဆို
ရှေ့မှာတွေ့ရမယ့် သံသရာအဆက်ဆက်
ဥပေက္ခာမဖက် သံယောဇဉ်မပျက်တဲ့
အချစ်ပဲ လိုတာ နော်..
ကဗျာလေး ကောင်းလိုက်တာ...

အင်း...
ဥပေက္ခာမဖက်၊သံယောဇဉ်မပျက်တဲ့  အချစ် ဆိုရင်
နှစ်ဖက်လုံးက အပြန်အလှန် ချစ်ကြမှ ဖြစ်မယ်ထင်၊
တစ်ခြမ်းစောင်းနေတဲ့ အချစ်ကတော့  ဖြစ်မယ်မထင်..။

ဥပေက္ခာမဖက် သံယောဇဉ်မပျက်တဲ့ အချစ်... တဲ့လား။

စံတင်လောက်တဲ့ အလွမ်း အကြောင်းလေး လာဖတ်သွားပါတယ်။

ဒဏ်ရာတွေကို ကိုယ့်ဖာသာ ရေပြန်နူးမိသလိုပါပဲလားဗျာ။
နင့်နင့်နဲနဲ . . .

ခါးလွန်းတဲ့ဘဝတခုကို ဖြတ်သန်းဖို့ဆိုတာ ဥပေက္ခာမဖက် သံယောဇဉ်မပျက်တဲ့ အချစ်နဲ့အတူ နားလည်မှုတွေနဲ့ တည်ဆောက်နိုင်ပါစေ ညီမjas..ရေ။

အများကြီးတော့မပြောဘူး ... ဒါပင်မဲ့ ... ဒီကဗျာ ဖတ်လိုက်တာ နှစ်ခါပြန်ဖတ်တယ် ...တစ်ခုခု ခံစားရသလိုပဲ ...
ဘာမှန်လည်း သိဘူး ... အထူးသဖြင့် ဥပေက္ခာမဖတ် သံယောဇဉ်မပျက် ဆိုတဲ့ စာသားလေး အရမ်းကြိုက်တယ် .... အားပေးနေမယ်နော် ....

ကဗျာ အားပေးသွားတယ် ဗျို့ ..း)

ခင်မင်လျှက်
ဆောင်းနှင်းရွက်

စက်ရုံကြီးကနေ ကဗျာတွေ ဆက်ထုတ်လုပ်ဦးမဲ့ပုံဘဲ။ ကဗျာမှာ မာနလွှမ်းတဲ့အလွမ်းဓါတ်တွေ ပါနေလို့။

မမသေးသေးလေးရေ နောက်ကျနေပြန်ပြီ ..အာာာဘွာားနော် စိတ်ဆိုးရဘူးနော်....:)
" အသိအမှတ်ပြုခြင်းမခံရတဲ့ အလွမ်းတွေအတွက်

မျက်ရည်တွေကိုပဲ သက်သေလုပ်ပြီး မပြချင်တော့ဘူး။ "
အဲမှာ စတွေ့တာပဲ ...ခံစားချက်နဲ့ ပြောပါတယ် ...
အလွမ်းကိုမာနနဲ့ တင်းခံပြိး ကြေငြာလိုက်မယ်
နင့်ကိုမလွမ်းဘူးလို့လေ.....

လာလည်သွားပါတယ် အမ...
ကဗျာလေးလည်း ဖတ်သွားပါတယ်.........

သစ်ပင်လေးလာဖတ် လာရောက်ခံစားသွားပါတယ်
အိပ်မက်လေး အဲမှားလို့ jasmineရေ

သူ့ကိုချစ်နေတယ် ဒါပေမယ့် မချစ်သင့်ဘူး ဒါပေမယ့် ချစ်နေတဲ့စိတ်တွေက တားဆီးလို့မရဘူး သူ့ကို သတိရနေသေးတယ် တွေ့ချင်နေတယ် တစ်ရက်မတွေ့ ရရင်နေနိုင်လို့ မနေ့ က တံတားမှာ သူ့ကိုသွားစောင့် ကြိုနေမိတယ် ဒါပေမယ့် မတွေ့ခဲ့ဘူး သူ့အိမ်ကိုမသိဘဲနဲ့ ညနက်လည်းသွားရှာကြည့်ခဲ့တယ် ဒါပေမယ့် မတွေ့ခဲ့ဘူး မနက်ဆိုင်မှာလည်း သူလာနိုးလာနိုး နဲ့ စောင့်ကြည့်နေခဲ့မိတယ် ဒါပေမယ့် သူမလာခဲ့ဘူး မင်းကိုကြိုက်တာ မင်းကိုသိထားစေချင်တယ် မင်းကိုချစ်တယ် ဆက်ချစ်နေအုံးမယ့် 0858692006 က ကောင်

သူ့ကိုချစ်နေတယ် ဒါပေမယ့် မချစ်သင့်ဘူး ဒါပေမယ့် ချစ်နေတဲ့စိတ်တွေက တားဆီးလို့မရဘူး သူ့ကို သတိရနေသေးတယ် တွေ့ချင်နေတယ် တစ်ရက်မတွေ့ ရရင်မနေနိုင်လို့ မနေ့ က တံတားမှာ သူ့ကိုသွားစောင့် ကြိုနေမိတယ် ဒါပေမယ့် မတွေ့ခဲ့ဘူး သူ့အိမ်ကိုမသိဘဲနဲ့ ညနက်လည်းသွားရှာကြည့်ခဲ့တယ် ဒါပေမယ့် မတွေ့ခဲ့ဘူး မနက်ဆိုင်မှာလည်း သူလာနိုးလာနိုး နဲ့ စောင့်ကြည့်နေခဲ့မိတယ် ဒါပေမယ့် သူမလာခဲ့ဘူး မင်းကိုကြိုက်တာ မင်းကိုသိထားစေချင်တယ် မင်းကိုချစ်တယ် ဆက်ချစ်နေအုံးမယ့် 0858692006 က ကောင်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More