Sunday, 25 September 2011

ထွေလီကာလီ (ဖတ်ချင်စရာ)

  ၁)     ဘုရားသခင်ရှေ့မှာ ငိုပါ ။

လူတွေရှေ့မှာ ရယ်ပါ ။(ဂျူးစကားပုံ)


၂)       မရယ်မိဘဲ သေသွားရတယ်ဆိုတာ မဖြစ်ရအောင်
ပျော်ရွှင်စရာကိုစောင့်မနေဘဲ ရယ်လိုက်ပါ ။ (လာဘာရူရယ်) 


၃)       ဘုရားသခင် ၊ ခြေတောက်ပေါ်ရပ်နိုင်အောင် ကျွန်တော်မျိုးကိုကူညီပါ ၊
လဲတာကတော့ ကျွန်တော်ဟာ ကျွန်တော်လဲနိုင်ပါတယ် ။ (ဂျူးစကားပုံ)  



၎)       အမျိုးသမီးကို ကျောက်နဲ့ပစ်ပေါက်လို့ ရတယ်။ ဒါပေမဲ့ အဲဒီကျောက်ဟာ အဖိုးတန် ကျောက်ဖြစ်ရမယ် ။( ဒွန်၊ အမီနာဒို) 



၅)       တစ်ယောက်ကဟောက်ပြီးနောက် တစ်ယောက်က မကြားဘူးဆိုရင်
အဲဒီ အိမ်ထောင်ဟာ သာယာတဲ့အိမ်ထောင် ။( ဒွန်၊ အမီနာဒို)


၆)       ပျားဟာ ပန်းအကြောင်းကို ကောင်းကောင်းသိတယ်။ ဒါပေမဲ့
ရုက္ခဗေဒ ကိုတော့ နားမလည်ဘူး ။ (ကရွက်ကီး)


၇)      မီးရှူး မီးပန်း ဖောက်ချိန်မှာ
ကြယ်တွေကို ဘယ်သူမှ မကြည့်ပါ ။(အမ်၊ အက်နာ-အလ်ရှင်ဘတ်)

၈)      လိမ်ညာတာကို အခွန်မကောက်တာ တော်ပါသေးရဲ့ နို့မဟုတ်ရင်
အားလုံး မွဲကုန်ကြလိမ့်မယ် ။(ဒီ၊ အီး၊ ဖွန်ဗီးဇင်း)

၉)       ရေရှိတိုင်းဖားမရှိဘူးဒါပေမဲ့ဖားအော်တဲ့နေရာတိုင်းရေရှိစမြဲ။
(ဂိုသေ)

၁၀)      မိန်းမယူတာ မခက်ဘူး၊
မိန်းမရှိ သူဖြစ်ရတာ ခက်တယ်။ (အူနာမိုနို)


၁၁)    မိန်းမကို အုပ်ချုပ်နိုင်တဲ့သူဟာ
တိုင်းပြည်ကိုလဲ အုပ်ချုပ်နိုင်တယ် ။(ဘောလ်ဇတ်)



၁၂)      ကိုယ်သိတာကို အမြဲတမ်းထုတ်မပြောနဲ့
ဒါပေမဲ့ ကိုယ်ပြောတာကို အမြဲတမ်း သိဖို့လိုတယ် ။(ကလပ်ဒီး)


၁၃)      ကိုယ်တက်နေတုန်း လူတွေကို ကောင်းကောင်း ဆက်ဆံပါ၊
ကိုယ်ကျတဲ့ အခါမှာ သူတို့နဲ့တွေ့ ရဦးမယ် ။( ၀ိုင်၊ မီဇနယ်)


၁၄)     သစ္စာလည်းရှိမယ်၊ ကိုယ့်ကိုယ်တိုင်ကလည်း ကြိုက်နှစ်သက်တဲ့
အစေခံ တစ်ယောက်ကို ရချင်တယ်ဆိုရင် ကိုယ့်ကိုယ်တိုင်ပဲ
ရွှေးလိုက်ပါ ။( ဘီ၊ ဖရန့်ကလင်)


၁၅)     ယောက်င်္ကျားလဲ မရှိဘူး ၊ ရုပ်လဲမချောဘူး ဆိုရင်
အဲတာ မိန်းမအတွက် အဆိုးဆုံး ။
     အဲ ရုပ်လဲချောတယ် မိန်းမလဲ ရှိတယ်ဆိုရင်တော့
 အဲတာဟာ ယောက်င်္ကျား တစ်ယောက်အတွက် အဆိုးဆုံးပဲ ။ (မောင်ကောင်းထိုက်)


25 comments:

၁ ကနေ၁၅ အထိ
သေချာမှတ်သားသွားပါတယ် jas ရေ

မှတ်သားသွားတယ် မမစံပယ်ရေ ..း)

ချစ်တဲ့
မဒိုးကန်

မှတ်သားစရာ ဆောင်ပုဒ်လေးတွေပါ။
ဖတ် မှတ် သွားပါတယ်။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မှတ်သားသွားပါတယ် မမစံပယ်... အကုန်သွေးထွက်အောင် မှန်တယ်.. :D

အိန်း...မှန်လိုက်ထှာကွယ် ဟိဟိ
ရှာရှာဖွေဖွေစုဆောင်းပေးတဲ့ဂျက်လည်း
ဆန္ဒနဲ့ဘ၀၊တစ်ထပ်တည်းကျပါစေရှင်။
ဒါနဲ့ နံပါတ်ဆယ်ငါးက ယောကျာင်္းလည်းမရှိဘူး
ရုပ်လဲချောတယ်ဆိုရင်.ဘိုလိုဖြစ်နိုင်လဲဟင်“ဂျက်”
း))
ချစ်ခင်စွာဖြင့်

သဘောကျတယ်ဗျာ။
ကျနော်လည်း အရင်က " စုထားမိသော အာဟာရများ " ဆိုပြီးတော့ တင်တာ ၁ ၊ ၂ ၊ ၃ အထိရောက်နေပြီ။ တိုတိုနဲ့ ဖတ်ရတာ အဓိပ္ပါယ်ရှိစေတဲ့ စာလေးတွေပါပဲ။

အိမ်လေး ပြင်ထားတာ လှလိုက်တာ။

ဖတ်မှတ်သွားသဗျာ့

မိန်းမယူဖို့မခက်ပေမယ့်
ခက်နေသူတွေရှိသေးတယ်နော်
ဥပမာ ဘလော့ဂါ တိုတိုမှောင်တို့ တိုဂျော်တို့ပေါ့ဗျာ

မောင်ဘကြိုင်

ကောင်းလိုက်တဲ့ ဒဿနတွေ။

မသိသေးတဲ့ Quote တွေ...။
အခုလို ဒဿနလေးတွေမျှဝေတာ ကျေးဇူးပါ...။

ကိုယ်တက်နေတုန်း လူတွေကို ကောင်းကောင်း ဆက်ဆံပါ၊
ကိုယ်ကျတဲ့ အခါမှာ သူတို့နဲ့တွေ့ ရဦးမယ် ။( ၀ိုင်၊ မီဇနယ်)

ကြိုက်တယ် အားလုံး
ရွှေစင်ဦး

ဒဿနလေးတွေ ဖတ်သွားတယ် စံပယ်လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကောင်းမှ ကောင်း။ လည်သွားပါ၏။

မှတ်သားစရာများကို လာဖတ်သွားပါတယ် jas ရေ...။

အဲဒီအထဲမှာ အကိုကြီး ကိုဘကြိုင်
ပြောသွားတာ အမှန်ဆုံးပဲ ဟီးဟိးးး)
တဂျီးမင်း လည်း သူများပြောစရာတွေ
ဖြစ်ကုန်ပြီနော်းးးး)။

ထွေလီကာလီလေးတွေကို ဖတ်သွားပါတယ် အစ်မ...

အီလျာအာရင်းဘတ်ခ်ရဲ့ အဆိုအမိန့်ကလေး သဘောကျလိုက်တာ...ဟုတ်တယ်...တစ်ခါတစ်ခါမှာများ မီးရှူးမီးပန်းတွေဖောက်တာများလွန်းတော့ ကြယ်ဖြစ်ရတာ စိတ်ညစ်ညစ်လာတယ်...

မှတ်သားသင့်တဲ့ စာလေးတွေ ကြိုက်တယ်။ နံပါတ် (၅) ကတော့ အိမ်လွမ်းသူ အတွက်လက်တွေ့ဘဲမို့ ပိုနှစ်သက်ပြုံးမိပါတယ်။
ပျော်ရွှင်ပါစေ

အလို မှတ်သားစရာတွေပါလားးးးးးးးးးး :P

တို့ကတော့ဘလောကဂါတွေရှေ့မှာငိုပြီး
လူတွေရှေ့မှာရယ်ဖြစ်နေတာပါ

ခင်တဲ့
ချစ်သူမောင်

ဒီလိုစာလေးတွေ ဖတ်ရတာ အရမ်းသဘောကျတယ်။

အဲဒီအတိုလေးတွေက ဖတ်ရတာပိုပြီးထိထိမိမိရှိတယ်

အစ်မ ကျွန်တော်အဲဒါမျိုးလေးတွေစိတ်ဝင်စားတယ်ဗျာ နောက်ရှိရင်လည်း တင်ပေးပါနော်
လေးစားလျက်...

အဆိုအမိန့်ကလေးတွေကို အရမ်းသဘောကျတယ်။ တိုတိုတုတ်တုတ် ထိထိမိမိနဲ့ တခါတည်းမှတ်သားစရာဖြစ်လို့....

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More