Tuesday, 27 September 2011

လောကကို အလှဆင် သိစေချင်သည်

သူတစ်ပါး 
ဒုက္ခ
ကူညီဖို့ အတွက်
အိပ်ချင်ယောင် 
မဆောင်ပါနဲ့။
ဖြူစင်မှုတွေ
အာရုဏ်တက် 
မနက်တိုင်း
နိုးထပါစေ။

လောကကို 
အလှဆင်
ကျက်သရေ 
တိုးစေဖို့
အဖိုးတန် အမျိုးမှန်
အတွေးတွေနဲ့
စိတ်ကောင်းနှလုံးထား
လူအများ။

တံလျှပ်ရေထင်
အလိုက်မှားတဲ့
ရွှေသမင်
မဖြစ်ပါစေနှင့်
ခလုပ်မထိ ဆူးမငြိပဲ
အကြင်နာသစ္စာ
သိတဲ့ဘ၀များ 
ပိုင်ဆိုင်ရစေသား။

jasmine

22 comments:

တောင်းတဲ့ဆုနဲ့ပြည့်စုံပါစေဗျာ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

နိဗ္ဗာန်ဆော်လုပ်ရင်း.ဆုတောင်းသွားတယ်ထင်ပ..
ဂျက်တောင်းတဲ့ဆုလေးပြည့်ပါစေရှင်။
(ကဗျာတွေကအရမ်းမိုက်တယ်နော်.ထုတ်ဝေသူလုပ်ရင်ကောင်းမလား စဉ်းစားနေတယ်း)
ပျော်ရွှင်ပါစေရှင်
ချစ်ခင်စွာ....

အဓိပ္ပာယ်အရမ်းကောင်တဲ့ ကဗျာလေးပါခင်ဗျာ။ အရမ်းကောင်းပါတယ်။

ကျွန်တော်ကတော့ သူများ ကိစ္စတွေ လိုက်လုပ်ပေးနေရင်း ခုတလော့ အိပ်ရေးတွေ ပျက်နေရတယ် အစ်မရေ...

jas ကဗျာလေးထဲကဆုတောင်းအတိုင်းပြည့်ပါစေရှင်..

ချစ်တဲ့...ပစ်ပစ်

တောင်းတဲ့ဆုနဲ့ ပြည့်စေဗျာ...

ကောင်းတယ်ဗျို့..အားပေးသွားတယ်နော်

အစ်မ စပယ်ရေ ကဗျာလေး ဖတ်သွားပါတယ်နော်။ အရမ်းကောင်းတယ် ဗျို. အားပေးနေမယ်

ခင်တဲ. မောင်မောင်

ကဗျာလေးလှ၏ ကြိုက်၏
သူတစ်ပါး
ဒုက္ခ
ကူညီဖို့ အတွက်
အိပ်ချင်ယောင်
မဆောင်ပါနဲ့။

အိပ်ချင်ယောင်ဆောင်တာ တကယ်ခက်ခဲတာမို့ ကူညီနိုင်တာထကူလိုက်တာပဲကောင်းပါတယ်း)


မောင်ဘကြိုင်

ဟန်ဆောင်နေမဲ့အစား လက်တွေ့ကူညီလိုက်တာ ပိုပြီးအကျိုးရှိပါတယ်။
စံပယ်လေးရဲ့ တောင်းဆုတွေ ပြည့်ဝပါစေကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

စာနာနားလည်မှု အကြင်နာ စေတနာ အပြန်အလှန်သိတတ်မှုတွေနဲ့  လောက အကျိုးကို ကြည့်ကြပါစို့ လားဗျာ

တကယ်ပိုင်ဆိုင်ခွင့်ရရှိပါစေ မမစံပယ်ရေ..
(ညထဲကမန့်နေတာ ခုမှပဲရတော့တယ် ဟွန်း )
ညကဆို ဒိုးကန် နာပါတ် တစ်ပဲ မန့်တား(
ခုတော့ ..ဟင့်..း(

ချစ်တဲ့

မဒိုးကန်

ဟုတ်ကဲ့... မှတ်သားသွားပါတယ် မမ....
ချစ်တဲ့ ညီမ ချိုချဉ်

ကဗျာဖတ်သွားပါတယ်ခင်ဗျာ။ အရုဏ် လို့သုံးပါတယ်။ ရေးဖော်ချင်းမို့ပြင်ပေးတာ စိတ်မဆိုးပါနဲ့ခင်ဗျာ။

တောင်းတဲ့ဆုနဲ့ ပြည့်ပါစေဗျာ။ ကဗျာလေးကောင်းတယ် အစ်မ Jas ရေ။ :)

ညီမရေ ကဗျာလေး လာဖတ်သွားပြီ..
တိုတိုထိထိမိမိနဲ့ အဓိပ္ပာယ် ပြည့်ဝနေတဲ့ ကဗျာလေးပါပဲ

အရမ်းကောင်းတယ် နော် ...

ဆုတောင်းလေးပြည့်ပါစေ...။ jas တို့ဖဘကို အက်လိုက်လေ..Nyo Coral ရှာပြီးအက်လိုက်သိလား...။

ခင်တဲ့
မိုးငွေ့

စိတ်ဆိုတာ ထားတတ်ရင် မြတ်ပါတယ်...။
အခုလို ဆုမွန်တောင်းပေးတဲ့အတွက် ကိုယ်တိုင်လည်း တူညီတဲ့ တုန့်ပြန်မှုကို ရပါလိမ့်မယ်။
တောင်းတဲ့ဆုနဲ့ ပြည့်ပါစေညီမရေ...။

ဟုတ်တယ်စံပယ်လေးရေ ဖြူစင်စိတ်ထားနဲ့ ကူညီတတ်သူအများသာ လောကကြီးမှာရှိလာရင် တကယ်ကိုအေးချမ်းတဲ့ ကမ္ဘာလောကကြီးဖြစ်လာမှာ.. ဆုတောင်းလေးအတိုင်းဖြစ်ပါစေညီမရေ..

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More