Thursday, 29 September 2011

ကဗျာတို (၃)

မေမေ အတွက်
ကဗျာတို
ကပိုကရို ရေးမိပါရဲ့
ဟိုတောင်ဆီက
တိမ်တွေပြို 
မိုးလေးညိုရင်
အမေအိုကို
လွမ်းမိပါတယ်။

jasmine 


23 comments:

ကျွန်တော်လည်း လွမ်းသွားပါတယ်.....

အလွမ်းတွေတောင် ကူးဆက်လာသလိုပဲ...
အမေကတော့ ပြန်မဆုံနိုင်မယ့် ဟိုးအဝေးမှာ...

ကဗျာလေးက တိုတိုလေးနဲ့ ရင်ထဲထိသွားတယ်။ မေမေ့ကို လွမ်းတယ်..

လသာည

အမေ့ကိုတောင်လွမ်းသွားပြီ..

ချစ်စရာကဗျာလေး ညီမ

ကလောင်တစ်ချက်ခြစ်လိုက်တာနဲ့ လွမ်းခြင်း ကဗျာလေးတစ်ပုဒ်ထွက်လာပါလား စံပယ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကဗျာလေးက တိုပေမယ့် ထိရောက်တယ်..
အားပေးသွားပါတယ် ညီမလေးရေ...

ဖတ်ပြီးမေမေကိုလွမ်းလာပြီး(

အင်း..
မစပါယ်၊ ရောက်တယ်၊
တိုတယ်၊
ကဗျာက ....။

အမေ့လွမ်းတေး ကဗျာလေးဖတ်သွားပါတယ်... ကဗျာဖတ်ပြီး ကျေးဇူးရှင် မယ်တော်ကြီးကိုတောင် သတိရသွားတယ် jasmine.. ကျေးဇူးပါ.

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ကျွန်တော်လည်းလွမ်းတယ်ဗျာ။ အမေတွေအားလုံး ကျန်းမာကြပါစေ။

အမေကိုချစ်သော သားသမီးများ စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ။

မိုးမြင့်တိမ်

တိုလေ.. ကြိုက်လေပဲ.. ဟဲဟဲ...

ကျွန်တော်လဲ မကြာမကြာ လွမ်းမိပါရဲ့ အစ်မရယ်...

တိမ်တွေပြို
မိုးလေးညိုရင်
အမေအိုကို
လွမ်းမိပါတယ်။

ကဗျာလေးကတိုပေမဲ့
စာလုံးတိုင်းမှာအဓိပ္ပါယ်ရှိနေတယ်..

ကျနော်တို့ရဲ့ အမေတွေ မအိုသေးပါဘူး . . . အမေပါးရေတွေ တွန့်လည်း အမေ ၊ ကျနော်တို့ ၇င်ထဲ မအိုသေးပါဘူး အမေ . . .

အမိမြေတနေရာမှာ ကျန်ခဲ့တဲ့ အမေ့ကို လွမ်းမိပါရဲ့း(

မိုးလေး မညိုရင်တော့ အမေအိုကို မလွမ်းဘူးပေါ့လေ။း))

ခင်မင်လျှက်

တို့ လည်း မေကြီးကို လွမ်းသွားတယ်..

မိုးညို့ရင်၊ တိမ်ပြိုရင် အမေကို လွမ်းသတဲ့လား။ ကျွန်တော်တို့လည်း အမေ့ကို လွမ်းတတ်ပါရဲ့။

အမေ့ကိုလွမ်းနေတာ ကဗျာဖတ်ပြီးပိုလွမ်းသွားပြီ။း(

ရေးလည်းရေးတတ်တယ်နော်။ ဖတ်ရင်း အမေ့ဆီတောင် ပြန်ပြေးချင်လာမိ။
ပျော်ရွှင်ပါစေ

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More