Saturday, 17 September 2011

ကဗျာတို (၂)


ပန်းစံပယ်တွေ 
ဟိုနားတစ်ရုံ ဒီနားတစ်ရုံ
ကဗျာတွေက ဟိုတစ်ပိုဒ် ဒီတစ်ပိုဒ်
စံပယ်ရုံတွေ အနံ့ ကုန်ပြီတဲ့
ကဗျာတွေ ကာရံ သေပြီတဲ့
ရနံ့မရှိတဲ့ ပန်းစံပယ်
နန်းအလည်မတင့်ပါဘူး
ကာရံမရှိတဲ့ ကဗျာ
ဗလာပဲတဲ့ 
ငါ့ ကဗျာတွေ အားလုံး ဗလာပဲပေါ့ ။   ။

jasmine

17 comments:

ဒီတခါနဲနဲ ပိုရှည်လာတယ်

ဗလာ ဆိုတော့ဘာကိုမှ ဆုပ်ကိုင်မထားဘူးပေါ့။ တန်ဖိုးရှိပါပေတယ်။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

ဗလာ ဆိုတော့ ဘာကိုမှ ဆုပ်ကိုင်မထားဘူးပေါ့။ တန်ဖိုးရှိပါပေတယ်။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

ကာရံ မရှိတဲ့ ကဗျာ မော်ဒန် ဆန်တာပေါ့ အစ်မရာ...
ကဗျာလေး မိုက်တယ်... ကြိုက်တယ်...

ကာရန်မရှိလို့တော့ ကဗျာက ဗလာမဖြစ်ပါဘူး။
ကိုပေးချင်တဲ့ မက်ဆေ့ခ်ျတစ်ခုကို ရောက်အောက်ပေးနိုင်တယ် ဆိုရင် ဘယ်လောက်ပဲ ကာရံတွေမဲ့နေပါစေ ကဗျာဟာ ကဗျာ ပါပဲဗျာ။ အားပေးနေပါတယ်။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

စပယ်တွေ ရနံ့ဝေ ၊ ကာရန်တွေညီစေဖို့ အားပေးလျက်ရှိကြောင်းပါ သယ်ရင်းရေ...

ခင်တဲ့
မေသိမ့်

အဲဒီကာရံမပါတဲ့ ဗလာထဲမှာ တရားသဘောတွေတော့ ပါမယ်ထင်ပါတယ်လေ...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

မစံပယ်ချို....
ခံစားချက်တွေ ပါတဲ့ ကဗျာ ဟာ
ဗလာ မဖြစ်ပါဘူးဗျာ။

နိုး နိုး... jas ကဗျာတွေကဗလာမဟုတ်ပါဘူး..
ခံစားချက်တွေအများကြီးပါတယ်...

ချစ်တဲ့ pigpig

အဟိ... တိုတိုလေးနဲ့ မိုက်တယ်.... စံပယ်ပန်းကို အရမ်းကြိုက်တယ်.. ဆိုင်မဆိုင်တော့ မသိဘူး... :P

ရုတ်တရက်ဖတ်လိုက်တော့ ပလာတာ လိုလိုနဲ့ :D

"ငါ့ကဗျာတွေအားလုံး..ဗလာပဲပေါ့"
ဆိုတာ...
" ထင်လို့ပါ "..
း):P:D
ခင်မင်စွာဖြင့်....

ဗလာ ဆိုတော့ ဖြူစင် နေသေးတာပေါ့။ ပန်းစံပါယ် နန်းလယ်မှာ ပေါ်ခဲ့ရင်ဖြင့်.....အမွှေးဆုံးဖြစ်လာမှာပေါ့
ခင်မင်စွာဖြင့်

ကဗျာလေးဖတ်ကောင်းတယ် :) ကျနော်လည်း ကဗျာရေးဖို့ အားယူနေရတယ် မရေတာကြာလို့ :)

ခင်တဲ့(ဖိုးကြယ်)

တစ်ခါတစ်လေ ဗလာက မဗလာ တာထက်ပိုကောင်းသယောင်.. :)
ချစ်တဲ့
အိမ်မက်

နာမည်အသစ်နဲ့ နေရာလေးကိုလာလည်သွားတယ်။

ကြိုက်၏..ခိုက်၏...

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More