Saturday, 16 July 2011

ကြည့်ဖြစ်အောင်ကြည့်လိုက်ပါနော်...အပိုင်း၂

 သူငယ်ချင်းအားလုံးပျော်ရွှင်ပါစေ.....အမြဲစာတွေဖတ်နေရလို့ စိတ်တွေလန်းဆန်း
ရအောင် ချစ်စရာကောင်းတဲ့ ပုံလေးတွေတင်ပေးတာပါ...

ကွန်ပြူတာနဲ့ အမြဲအရှုပ်တွေလုပ် အဲလေ အလုပ်တွေရှုပ်နေတာပေါ့ .အမရွှေစင်လေ..
သူငယ်ချင်း ၃ ယောက်ကြွေးရှင်ကို မျက်နှာမပြရဲဘူးလို့ပြောတာပဲလေ
မောင်(စွယ်စုံကျမ်း)ညီညီ ဖိုးခွားတို့တွေ
သူလဲမူးနေပြီ....ဘာတွေသောက်လဲ မသိဘူး...ဒုဒုလေ နေနက်က 
မြန်မာပြည် ကိုပြန်သွားတာ...သူတစ်ယောက်ထဲ..တစ်မျိုးကြီးဆိုလားပဲ
အပေါ်ပုံက ဖြိုးဝေတဲ့ ခုတလော အရမ်းအလုပ်တွေများနေတယ်ဆိုပဲ
ထာဝရသစ္စာလေ အကွဲတွေသဲတာပေါ့....မခံစားနိုင်ဘူးဆိုပဲ.....
သနားလိုက်တာ...ဒီလိုဖြစ်မယ်မထင်ထားဘူး.....ကယ်ကြပါအုန်းနော်.

အောက်ကပုံကတော့ ဘာသာမတူ လူမျိုးမကွဲပဲချစ်တာ ကိုယ်တို့၂ယောက်ရဲ့
အဲယောင်လို့ ကိုယ်တို့၂ကောင်ရဲ့ အပြစ်လား...
ဒီပန်းလေး ဘယ်သူ့ကို ပေးရမလဲကွယ်.....ကိုယ့်ဘ၀က အသားမဲမို့ 
ပန်းတောင်ယူသူမရှိတာလား...
မေသိမ့်သိမ့်ကျော်လဲ အားဘူးတဲ့
...လရိပ်အိမ် ငယ်ရီးစားနဲ့ တူတူရိုက်ထားတာပါ...
မင်းဧရာဆိုတဲ့လူလေ အလုပ်တွေပိနေတာ...ထိုင်ဖို့ အချိန်တောင် မရှိဘူး....
ဖိုးခွားလေးအနုပညာဝါသနာပါလို့ ရင်ထဲက အစိုင်အခဲကို ဖွင့်လိုက်တာ
 အဖြူလေးကနားအေးပါးအေး နေချင်လို့ဒီလိုနေရတာပါ...
လွင်ပြင်လှိုင်းငယ်ကတော့ DJ လုပ်မှာတဲ့ ကျွန်မ နားတွေဘာနဲ့ပိတ်ထားရမလဲ.....
တို့ ၂ ယောက်ချစ်တာအပြစ်လား......အဲဟုတ်ပါဘူး.... တို့ ၂ကောင်ပါနော်...
ကလေး ၃ ယောက်ပါလား အဲလေ ၃ ကောင်...ဖြိုးရဲ့ကလေးတွေထင်တာပဲ
သူ့တို့ အဖေပြန်အလာကိုစောင့်နေပုံနော်.....

 
အကိုငွေနဲ့ မဒမ်ငွေတို့လေ   ချစ်နေကြတာ
ဒါလဲသူတို့ပဲ ဖြစ်မှာ.....ညီတွေ ညီမတွေ ရှိသေးတယ်နော်...

နေဇော်လင်းတစ်ယောက် သတင်းတွေနောက်လိုက်ရတာ လမ်းမလျှောက်
နိုင်တော့ဘူးဆိုလို့.ဟိုနေ့က စကိတ်တစ်ခုပေးလိုက်ရတယ်၊ ခုတော့တော်တော် 
အဆင်ပြေနေပြီ။

အမှတ်တရနေ့စွဲက အမှတ်တရဖြစ်အောင်စားကြည့်တာပါတဲ့
လင်းခေတ်ဒီနို အပြင်းစားကဗျာတွေကို ကာကွယ်ဖို့လေ့ကျင့်နေပြီ၊
zp လင်းတန်းနှင့်ရွာကသူငယ်ချင်းများ......

နန်းကြာဦးနဲ့ငယ်ရီးစား ၂ယောက်....တစ်ခြားလူတွေမသိစေနဲ့
ကွိုင်ရှိတယ်နော်...
အလွမ်းမင်းသမီးလေး ညီမငယ်လှိုင်ပေါ့...ခုထိလွမ်းနေဆဲပဲ
ချင်းကလေး သူငယ်ချင်းတွေကခရီးထွက်ဖို့အမြဲခေါ်လို့
ပုန်းနေတယ်ပြောတာပဲ...ဟုတ် မဟုတ်တော့မသိဘူးနော်.၊


သူငယ်ချင်းအားလုံးကိုတောင်းပန်ပါတယ်...
ပျော်ဖို့သက်သက်ပြုလုပ်ခြင်းသာဖြစ်ပါသည်။
jasmine


18 comments:

ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး.

ချစ်စရာကောင်းတဲ့ပူစီနဲ့ပါပီတွေရဲ့ပုံတွေကြည့်ဖြစ်အောင်ကြည့်သွားပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေညီမရေ။
ခင်မင်စွာဖြင့်
စိတ်၏ဖြေရာ

တီလေးနော် .. သားကို မဟုတ်တာတွေ .. အဲ ...
ဟုတ်တာတွေ လျှောက်ဖွနေတယ် .... ဟိဟိ
ပျော်၇ွှင်ပါစေ တီလေးရေ .. သားလည်း
သတင်းတွေလိုက်နေ၇တာဂျာ .. စိတ်မောလူမောနေတာပဲ

အခုလို ပျော်စရာ ဖြစ်အောင် တင်ပေးတဲ့အတွက် ဝမ်းသာပါတယ်ခင်ဂျာ
အဆင်ပြေပါစေဂျာ ...
သားသား ....

ပျော်ရွှင်စွာ လာရောက်ကြည့်ရှုသွားတယ် Jasmine ရေ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေနော့...

ညီမ ရေ

အဝေးသွားနေလို့ လာတာနောက်ကြသွားတယ် ဒါနဲ့ ထိပ်ဆုံး က ကောင်လေး က အလှဆုံးနော်

လှလိုက်တဲ့ အကောင်လေးတွေ...ကြောင်မချစ်တတ်တဲ့ ဦးဟန်ကြည်တောင် ကြောင်မွေးချင်စိတ်ပေါက်သွားတယ်...ဒါပေမယ့် ကိုယ်မွေးမယ့်ကြောင်ကလည်း အဲဒီထဲကကောင်တွေလို ပို့စ်ပေးတတ်ဦးမှ...

မစံပယ်...........
အလုပ်တွေပိ နေတဲ့ကြားမှာ အခုလို ရယ်လိုက်ရတာ အရသာရှိတယ်ဗျာ။
တကယ်လည်း အလုပ်တွေများနေတတ်တဲ့သူတစ်ယောက်ပါ။
အလုပ်တွေ မများလည်း မအားဘူးချည်းပြောတာပါပဲ ဟဲဟဲ........။

နင်နော်..တောတော့မယ် နင့်ဘော်ဘော်တွေကလည်း
နင့်လိုပဲနော..ချောလိုက်တာ.တိန်

ချစ်ဖို့ကောင်းလိုက်တဲ့ကြောင်လေးတွေ။ နဲနဲနောက်ကျသွားတယ်။ အပြင်သွားနေလို့။

အမကတော့လေ.....စိတ်ကူးစိတ်သမ်း အရမ်းကောင်းတာပဲ...
ပုံလေးတွေလဲကြည့် နာမည်လေးတွေလဲဖတ်ပြီးရယ်နေရတယ်။
အခုလိုကလေးတွေကိုမြင်တွေ့ ရတာ အရမ်းကိုပီတိဖြစ်မိပါကြောင်း...........
ပျော်ရွှင်ပါစေ...................

နောက်ကျဆုံး ဆုပေးပါ ...မမ :)

မစံပယ်ရယ် . . . စာရေးသွားပြီး လင့်လေးမချန်သွားတော့ ကျနော်ခမျာ ရှာလိုက်တာရတား))

ဒီလိုပဲလေ ကဗျာတွေလည်း ခိုးကူးတွေ မိနေတော့ ကာကွယ်ရေး စနစ်တကျ ပြင်ထားရတယပေါ့း)) အပြင်းစားတွေနဲ့ အပြင်းစားတွေနဲ့ သိတယ်မဟုတ်လားး))))ကိုယ်က သေနတ်ကို မထမ်းရဘူး သေနတ်က ကိုယ့်ကိုယ် ပြန်ထမ်းထားရမှား))))))))))

တော်သေးတာပေါ့ ပဒိုင်သီးမစားခိုင်းတာ

တူလေးတွေ လာကြည့်ဖြစ်အောင်ကြည့်ဆိုလို့ ရောက်လာတယ် jasmine ရေ။ ကွန်မန့်ပေးမရလို့ အခုမှထပ်လာပေးတာ
ကြံကြံဖန်ဖန် စနောက်တတ်တယ်နော်း)
ပျော်ရွှင်ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မမရေ အနော်က အဲလိုသီချင်းဆိုပြီးရင်ဖွင့် ချင်နေတာ ဟဲဟဲဟဲ

ကောင်းကြပါပေတယ်မမရယ်.... ကျနော်အဲလိုပုန်းချင်နေတာဗျ.။ မလုံလို့ခက်နေတယ်...ခုလည်းခရီးကပြန်ရောက်ရောက်ချင်းဝင်ကြည့်တာနောက်ဆုံးဘိတ် ဖြစ်နေတယ်လေ....ပျော်စရာကောင်းတယ်..ဆက်လုပ်.

အဟီး..တော်တော်ရယ်ရတယ်ဗျာ
ဝင်ရောက်အားပေးသွားပါတယ် မမ ရေ......

ချစ်စရာပုံလေးတွေ ကြည့်ရှုခံစားသွားပါတယ်.. နောက်တစ်ခါဆို အိမ်မက် ပုံပါထည့်ပေးနော်...

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More