Sunday, 10 July 2011

အသည်းကွဲဖူးသည်။

လမ်းခွဲရတော့မယ်ဆိုရင်
အနည်းနဲ့ အများ လွမ်းရမှာနော်
အချိန်နဲနဲတော့ ကြိုပြောပေးပါ
မကြည့်ရဲလို့
တဲတဲလေးကျန်တဲ့ သံယောဇဉ်တွေကို
သိမ်းထားရင်း
ကျောပေးကာနေပါရစေ။

ရက်စက်မှုတွေ ချောင်းချောင်းထနေပေမယ့်လည်း
ထားခဲ့ဖူးတဲ့ သံယောဇဉ်တွေ
ဟောင်းသွားပြီ မထင်လိုက်ပါနဲ့။

ဆောင်းတစ်ဝက် မှာ မင်းပေးဖူးတဲ့ချယ်ရီတစ်ခက်
အနေမပျက်အောင် ထူးဆန်းစွာ
သိမ်းထားဆဲ............ရင်ထဲမှာအမြဲ။

ဒါပေမယ့်လဲ ယဲ့ယဲ့လေးရှိတဲ့
လက်ကျန်အချစ်ကို အပြစ်မဖို့ပါဘူး၊
အမုန်းတွေ အင်အားပြင်းစွာနဲ့
မီးပွင့်မတတ် ၀င်ရောက်လာလဲ
ခါးထောက်ပြီး ရပ်နိုင်အောင်တော့
ကြိုးစားရမှာပါ။

အချစ် ကပိုကရိုတွေကို
ယဉ်သကို ထင်ခဲ့တာ မမှားဘူးနော်၊
လက်ချင်းတွဲဖို့ ပြောခဲ့ဖူးပြီး
အတင်းအဖျင်းတွေကြောက်လို့
ရှောင်ကာပြေးတဲ့မင်းကို
ကွယ်ရာ အရပ်ကလွမ်းနေတာလဲ ငါပါ။

အချစ်ကောင်းကင်ကြီးရေ
ငါ့ဘ၀ကို အမှောင်မပေးပါနဲ့လား၊
တစ်ယောက်ရင်ခုန်သံ
တစ်ယောက်နားထောင်ခဲ့ပြီးမှ
ငါ့မျက်ရည်တွေကို
မင်းသောက်တဲ့ကော်ဖီခါးခါးထဲ
အရသာရှိရှိ မင်းရောထည့်နေတာ
ဘာသဘောလဲကွယ်။

ရင်နင့်စရာကောင်းတဲ့
မင်းစကားတစ်ခွန်းအတွက်
ဘ၀မွာသေဘာၤပ်က္သလုိ
အနေခက်ပြီး မသက်မသာနဲ့
ရက်တစ်ရာမကလဲ
ပြုံးနိုင်ပါသေးတယ်။

အဲဒီလိုနဲ့........
သူ့ဖာသာသူရောက်ပြီး
သူ့ဖာသာသူပျောက်သွားတာကို
ဘယ်လိုမှဖမ်းဆုပ်မရ
လှမ်းကြည့်မိတော့ ဝေးသွားပြီ။

 အဘိဓာန်ထဲမှာရှိတဲ့စကားလုံးတွေသုံးပြီး

မာန်တွေတက်နေခဲ့တာ မဟုတ်ပါဘူး၊
မင်းအပြုံးလေး တစ်ပြိုက်နှစ်ပြိုက်မှာပဲ
ကတိုက်ကရိုက်ချစ်မိသလိုမျိုးလဲမဟုတ်ပါဘူး။
ဒါပေမယ့်
သတိရလိုက်တဲ့အချိန်မှာတော့
ကမ္ဘာ့စီးပွါးရေး အဆောက်အအုံကြီးပြိုကျသွားပြီတဲ့
အော်.......ပရမ်းပတာနဲ့လွင့်စင်ထွက်လာတဲ့ဗုံးဆန်က
ငါ့နှလုံးသားတည့်တည့် လာထိသွားတယ်။

လူအများ ပြောစကားတစ်ခု
ဘုမသိ ဘမသိနဲ့ ပြောရမယ်ဆိုရင်
ငါလည်း အသည်းကွဲ ဖူးပါတယ်လို့။   ။

ဝင်ရောက်ဖတ်ပေးသောစာဖတ်သူများအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်။
jasmine
























11 comments:

အသည်းကွဲဖူးတဲ့ကဗျာလေး လာဖတ်သွားတယ် စပါယ်ရေ...

(စကားမစပ် တောင်ကြီးမြို့ ဘယ်ရပ်ကွက်ကလည်းဟင်...ခြောက်မိုင်ကိုလည်း သိတယ်ပေါ့နော်...)

(တန်းပလိတ်လေးလည်း ပြောင်းသွားပြီပေါ့...ခုတန်းပလိတ်လေးလည်း တော်တော့်ကို ရှုမြင်ချင်စဖွယ် တင့်တယ်လှပါတယ်)

ကျန်းမာရွှင်လန်း အေးချမ်းပါစေ Jasmine ရေ...။

ကျိုးစား - ကြိုးစား
ရောထဲ့ - ရောထည့်
နှလုံးသားတဲ့တဲ့ - နှလုံးသားတည့်တည့်
သူ့ဘာသာသူ - သူ့ဖာသာသူ

ဒီကဗျာလေး ပိုကောင်းလာတယ်...ကာရန်ယူပုံစနစ်လည်း တိုးတက်လာတယ်...နဘေဆန်ဆန်လေးတွေ သုံးလာနိုင်တာတွေ့ရလို့ ပိုတောင်ဝမ်းသာမိတယ်...အားပေးလျက်ပါ...

စကားမစပ်...ဘလော့template လေး လှလိုက်တာ...Congrat!

အသဲကွဲဖူးသူများ မန်မာဖွဲ့မယ်ဆို ..ညီမလေးကိုလဲ သတိရနော်မမ..:):)
ကဗျာလေးမိုက်တယ်မမ...

အမ်း..အဲဒီလိုနဲ့........
သူဘာသာသူရောက်ပြီး
သူဘာသာသူပျောက်သွားတာကို
ဘယ်လိုမှဖမ်းဆုပ်မရ
လှမ်းကြည့်မိတော့ ဝေးသွားပြီ။...ဝေးဝေးသွားတယ်..

"သူဘာသာသူရောက်ပြီး သူဘာသာသူပျောက်သွားတာကို ဘယ်လိုမှဖမ်းဆုပ်မရ လှမ်းကြည့်မိတော့ ဝေးသွားပြီ"
ဆိုသလို အရာရာဟာ အနတ္တသဘောမို့ ရှုပ်ထွေးပွေလီတဲ့ လူ့လောကီကြီးထဲက မက်မောခုံမင်စရာတွေကို ခေါက်ထားလိုက်တော့နော်။
ကဗျာကောင်းလေးဖတ်သွားပြီ။

မေတ္တာဖြင့်
အန်တီတင့်

ဆရာ(ဦး)ဟန်ကြည်
အမြဲသတ်ပုံပြင်ပေးနေရတယ်နော်
ကျေးဇူးတင်ပါတယ်ဆရာ..နောင်လဲ ကြုံလျှင်ကြုံသလိုကြည့်ပေးပါရှင်
မှားနေသောသတ်ပုံတွေ ပြင်ပြီးပါပြီ....
ကျေးဇူးတင်စွာဖြင့်
စံပယ်ချို

ရေးသားချက်လေးတွေကြိုက်တယ်

မစံပယ်............
ကဗျာကကောင်းတယ်
အသည်းကွဲတာက မကောင်းဘူးဗျ
အမ အိန်ဂျယ်ကို လည်းခေါ်လိုက်အုံးနော်
သနားပါတယ်။

မောင်နှမတွေမို့ ခင်လို့စတာ စိတ်ဆိုးခြင်လည်းဆိုးပေါ့။

စံပယ်..

အသည်းကွဲဖူးတာ..မကောင်းပေမဲ့
အသည်းကွဲလို့ရေးမိတဲ့ကဗျာတွေကတော့
အရမ်းကောင်းတယ်..ကျမကဗျာတွေအရမ်း
စိတ်ဝင်စားတယ်..
ခုမှအားလို့ပြန်လာလည်ရတာ..နောက်ကျတယ်လို့မထင်ပါနဲ့နော်

ကဗျာကောင်းလေး ဖတ်သွားပါတယ်..။

ကဗျာလေးနဲ့  တို့ အခု အခြေနေ ကတထပ်တည်းပဲ..
စိတ်တွေ လေ ရင်းကဗျာလေးခံစားသွားတယ်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More