Tuesday, 5 July 2011

***အလွမ်းကို အမြစ်ဖြတ်ရန်***

အကြင်နာတရားတွေ သေဆုံးခါနီး
သံယောဇဉ်တွေ ဖြူဖပ်ဖြူရော်နဲ့
အသက်ငင်နေလေရဲ့။

ချိနဲ့နဲ့ ဖြစ်နေပြီး အသုံးများခဲ့တဲ့ ကိုယ်ခန္ဓာထဲက...
 မင်းနှလုံးသား၊ ဆိုးထားတဲ့ဆေးတွေလဲ
အရောင်တွေလဲ လွင့်....... 

  နွေးထွေးတဲ့ လက်တစ်စုံသာ
ပွေ့ဖက်ထားမယ်ဆိုရင်
ဒီဆောင်းလောက်တော့ သနားတယ်နော်။
ဖိနပ်မပါတဲ့ နွေ.....
ထီးမရှိတဲ့ မိုး.....
ကြင်နာသူဝေးတဲ့ ဆောင်း

ခုတော့ဖြင့် စိတ်ကူးတွေက
နှင်းထိထားတဲ့ မြေကြီးလို
စိုထိုင်းထိုင်း......ကောင်းကင်ပေါ်ကမိုးသားတွေ
ဆေးခြယ်ထားသကဲ့သို့ ညို့ညို့မှိုင်း......
မင်းမုန်းသမျှ ခံခဲ့ရပြီး
ချုံးချုံးကျ သွားတဲ့ ခန္ဓာ
ပြန်မထ နိုင်ဘူး ထင်နေတာလား
ယိုင်ကျသမျှ ထိုင်ထ လုပ်နေသလောက်ပေါ့။
လိမ်ညာတတ်သူများ
အမှန်တရား ကိုမသိတာ အဆန်းလား
တရုတ်နိုင်ငံထွက်ပစ္စည်းတွေ
ခပ်ပေါပေါနဲ့ အပျက်မြန်တာ
အော်....ခက်တော့တာပဲ....လို့
မပြောလိုက်ပါနဲ့
သူက အစကတဲက ဈေးပေါတာကိုး
ဒီလောက်တော့ ရှိမှာပေါ့
လူဘ၀လဲ ထိုနည်း၎င်း
အပျက်မမြန်ချင်ရင်တော့
ဈေးမပေါလိုက်နဲ့(ချွင်းချက်)
အရည်အသွေးတော့ ကောင်းဖို့လိုတယ်။

ငါဟာ မိုက်ရူးရဲလိုက်ပုံကတော့
အမှန်တရားကိုများ
လက်နက်လိုကိုင်နေတာ
တကယ်တော့ အထားမှားသလိုနဲ့
စုတ်ဖြဲပစ် လိုက်ရမှာ.....
အတွေးနဲနဲချော်သွားလို့။

ရင်ဘတ်ထဲက မြေကြီးနုနုမှာ
ဥပေက္ခာ မြက်ပင်အားလုံးကို
ယနေ့မှစ၍ ကျုပင်ခုတ် ကျုငုတ်မကျန်
အမှန်အကန် အသေသတ်တော့မည်။    ။

အမြဲအားပေးနေသော စာဖတ်သူအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်။
အစဉ်လေးစားလျှက် jasmine







14 comments:

ကောင်းတယ် ၊ အကုန်လုံးသာခုတ်ပစ်လိုက်

ဟာ ပြတ်သားလှချည်လား ဂျတ်စ်မင်းရေ...
ကျန်းမာပျော်ရွှင်ပါစေနော့...

ကဗျာတွေပေးမယ်ဆိုပြီး
............
........

အင်း..........
ဝေးဝေး ရှောင်နေတာကောင်းမယ်ထင်တယ်။

သားသားကြောက်ကြောက်

အမလေး
အသေသတ်တော့မယ်တဲ့..
ချမ်းသာပေးပါမမဂျက်ရေ...

အလွမ်းဆိုတာ အမြစ်ဖြတ်လို့ ရနိုင်မယ်မထင်ပါဘူးကွယ်။ တွယ်နေတဲ့အမြစ်က အညှောက်ပြန်ပြန်ထွက်နေတတ်တာမျိုးလေ.. :)

ရင်ဘတ်ထဲက မြေကြီးနုနုမှာ
ဥပေက္ခာ မြက်ပင်အားလုံးကို
ယနေ့မှစ၍ ကျုပင်ခုတ် ကျုငုတ်မကျန်
အမှန်အကန် အသေသတ်တော့မည်။ ။

ဟာ..မမ မလုပ်ပါနဲ့ ..ဟာ ကုန်ပါပြီ မမရာ...:):)
မမကလည်းနော် ..ဥပေက္ခာတွေ မရှိတော့မှ အလွမ်းမြစ်ဖြတ်နိုင်ပါတော့မလားလို့.....နော်..
တော်တော် ဆိုးတဲ့ မမပဲ..:P:P

အင်းးးးးးကြောက်ဖို့တော့အကောင်းသား... ခုမကြာခင်လာမယ့်ဆောင်းမှာနွေးထွေးတဲ့ လက်တစ်စုံရရှိပါစေမမဂျပ်စ်ရေ... ကြောက်ကြောက်နဲ့ပဲဆုတောင်းပေးလိုက်တာနော်... :-)

ကဗျာလေးဖတ်ရတာ ရဲရင့်ပြတ်သားတယ်။
စိတ်ဓာတ်ပြတ်သားမှုဟာလည်း အောင်မြင်မှုရဲ့လမ်းစပါကွယ်။
ပျော်ရွှင်ပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

အမှန်အကန် အသေသတ်တော့မည်။ ။

စိတ်လျှော့ စိတ်လျှော့

မိုက်တယ်ကွာ စာသားတွေကတော့။ အပျက်မမြန်ချင်ရင်တော့ ဈေးမပေါလိုက်နဲ့ (ချွင်းချက်) အရည်အသွေးကောင်းဖို့လိုတယ် အရမ်း ဂွတ်ဂွတ်တယ်.....။

ခင်မင်လေးစားလျက်

မင်းဧရာပြောသလိုပါပဲ
ဒီနေ့တော့ဝေးဝေးရှောင်နေရင် ကောင်းမယ်ထင်တယ်..

ဟုတ်တာပေါ့..အပျတ်မြန်ချင်တဲ့သူတွေက ဈေးပေါပေါဖြစ်တတ်တာပဲ..တော်တယ်..။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More