Friday, 29 July 2011

တရံခါဆီ ဝေး




ကြင်နာမှုတွေပြည့်ဝနေတဲ့ အကြည့်များ
ဂန္ထ၀င်မြောက်မဲ့ သံယောဇဉ်တွေ
အမြင့်ကကျလာတဲ့ အရာဝထ္ထုလို
ဒလိမ့်ခေါက်ကွေး ငါ့ဆီရောက်လာတယ်
မမြင်နိုင် ကိုင်တွယ်မရတဲ့
နှောင်ကြိုးများ တစ်ကိုယ်လုံး
အမုန်းမရှိ သံတရာဆုံးအထိ
အပြုံးများနှင့်သာ ရစ်ပတ်နှောင်ဖွဲ့
အတွယ်အတာ မမဲ့ပဲ
လရောင်နမ်းတဲ့ပန်းလေးပဲဖြစ်ချင်ခဲ့တာပါ။

ဒီဇင်ဘာ လရဲ့ ညတည
သာနေတဲ့ လချမ်းကွေးအောက်မှာ
မြူနှင်းမှုန်မှုန် ချမ်းတုန်တုန်နဲ့အလွမ်းတွေကို ခေါက်သိမ်းလို့ရ ရင်
မဆိုင်းမတွ ခေါက်သိမ်းချင်ပါရဲ့။

မစူးမစမ်း ရူးနှမ်းနှမ်းလဲ မဟုတ်ပဲ
အရွယ်တော် တဆိတ်ဟိုင်းလို့
စိတ်သွားတိုင်း ကိုယ်မပါ
နှလုံးသားတစ်ဝက်ပေးပြီး မင်းကိုထားခဲ့တာ
နှစ်လ ရှည်ကြာ အဖြေရှာဘယ်မှာမတွေ့
မေ့တေ့တေ့များ ဖြစ်နေပြီလား။
မထင်မှတ်တဲ့ အပြောင်းအလှဲ
ထောင့်ချိုးလေး က 
အကြင်နာတရားတွေ မျိုးတုန်းအောင်
လုပ်လိုက်သလိုပါပဲ။
ကလေးကစားစရာ မဟုတ်လို့
စည်းလေးထားရအောင်လားဆိုပြီးတော့
တဖြေးဖြေး  ခြားသွားတာလား။
ရင်ဘတ်ကြီး တခုလုံး
အလွမ်းတွေနဲ့ မို့မောက်နေတာ
နှစ်တွေလဲ အတော်ချို့နေပါပြီ
ဂတိတွေ မသေချာပဲ
အမိအရဖမ်းဖို့
အတ္တတွေနောက် တကောက်ကောက်
လိုက်နေရင်း...................................
သေချာတဲ့ဆုံးရှုံးမှုတွေအပြည့်
ရေရေရာရာရှိနေတဲ့အလွမ်းတွေက
ဟိုတစ်စ ဒီတစ်စနဲ့
ငေးမောခဲ့ရတဲ့ဘ၀ရှည်ကြီးမှာ
လပြည့်ညနဲ့ဝေးခဲ့ရပြီ။

အချိန်ပေးပြီးဝင်ရောက်ဖတ်နေတဲ့ jasmine စာချစ်သူ
တို့အတွက်.......အားလုံးကိုအစဉ်လေးစားပြီး
ကျေးဇူးတင်နေတဲ့ jasmine

19 comments:

ကဗျာလေးက လွမ်းစရာလေး ပါလား

အခုမှသေသေချာချာကြည့်မိတယ် ကဗျာတွေ များထှာ

ကဗျာလေးဖတ်ပြီးလွမ်းသွားပါတယ်။

အတ္တတွေနောက် တကောက်ကောက်
လိုက်နေရင်းနဲ့ သံသရာလည်နေကြရတာ Jasmine ရေ။ ကျန်းမာပျော်ရွှင်ပါစေနော့

သေချာတဲ့ဆုံးရှုံးမှု
ရေရေရာရာရှိနေတဲ့အလွမ်းတွေ

အင်း သေချာရေရာ တဲ့ ညီမ ရဲ့ အလွမ်းကဗျာ လေးကို အားပေးသွားတယ်နော်

အမရွှေစင်ဦး

သြော် မလွမ်းပိုကြီး ငို၍မပြီးသေးပါလားနော်။

အင်း..
ကိုင်တွယ်လို့  မရတဲ့  “ နှောင်ကြိုး ” ဟုတ်စ..။
သဘောတူတယ်ဗျာ..၊ ထပ်ဖြည့် ချင်တာက..
ရင်ဝမှာ တမျှင်မျှင်၊ တငွေ့ ငွေ့ နဲ့  လောင်မြိုက်နေတဲ့ 
မီးအိုးလေး ကပ်ထားရသလိုပါပဲလို့  ..၊ အဲ့ ဒီ သံယောဇဉ်လေ..။

အလွမ်းတွေ ဟိုတစ်စ ဒီတစ်စနဲ့ ငေးမောခဲ့ရတဲ့ ဘဝရှည်ကြီးမှာ လပြည့်ညနဲ့ဝေးခဲ့ရပြီတဲ့...အရမ်းမိုက်တယ်.။။။

ဟွန့်နော် မမ ...ပေါ်လိုက်ပျောက်လိုက်နဲ့ ပုန်းမနေနဲ့နော်..
သြော် ဒါနဲ့ အဝတ်စမရှိရင် ငှားမယ်လို့..အဟီးးး
မမနာမှာဆိုးလို့ပါ....:):)
အလွမ်းကဗျာလေး ခံစားရင်း လွမ်းသွားပြီ..:P

အင်းး ကျနော်တို့မှာတော့အလွမ်းတွေတောင်ရေရာဖို့ လမ်းမမြင်သေးပါလားဗျာ..ဟူးးးးးးမောသွားတယ်မမရေ.:P

အလွမ်းမင်းသမီးရေ...
နှစ်ဆယ်ကျော် အစိတ်ပိုင်းဆိုရင်တော့ အရွယ်တော် တစ်ဆိတ်ဟိုင်းတာပဲဗျ...အသက်အစိတ်မှ ပုခက်မချိတ်ရသေးရင်တော့ တစ်သက်မနိပ်ပေဘူးနော...

လာလွမ်းသွားပါတယ်

ညီမjasmine..
မသဒ္ဓါ နေကောင်းပါတယ်။ သတိတရနဲ့မေးတာဝမ်းသာမိတယ်။
အလွမ်းတွေပြည့်နေတဲ့ ကဗျာကောင်းလေးတပုဒ်လည်း ဖတ်သွားတယ်.။
ညီမလည်း ပျော်ရွှင်ပါစေ။
ခင်တဲ့
သဒ္ဓါ

ကဗျာလေးတိုင်းမှာ အလွမ်းလေးတွေနဲ့သီကုံး စပ်ဆိုထားတာမို့ 'အလွမ်းဧတဒဂ်ဘွဲ့' ကိုသာ အပ်နှင်းလိုက်ချင်ပါတော့တယ် jasmine ရေး))
စိတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွမ်းချင်းတေး သိပ်မဆွေးသင့် ။
တေးချင်းသစ်များ စောင့်စားလင့် ။ ။

အင်း ကျွန်တော်တော့
တစ်စတစ်စ ဝေးဝေးသွားတဲ့
ဘဝနှစ်ခုကြားမှာ လပြည့်ညတွေပဲ
ဆောင့်ပီး အလွမ်းတွေကို မြိုမြိုချနေရတယ် ။ ။

ညီမ ရေ.....
နေကောင်းတယ်နော် ။ ညီမ ရဲ့ ကဗျာတွေကတော့ အရမ်း
ကိုပြောင်မြောက်လွန်းတယ်နော် ။ ဆက်ရေးပါ ။ အခုမှ ရောက်ဖြစ်
တဲ့ အတွက် ဆောရီးနော် ။ အကို လည်းဘာတွေရှုပ်နေမှန်း မသိ
ဘူး ညီမရေ ။ဒီကြားထဲ မက္ကင်းနစ် သင်တန်းလည်းတက်ရအုံး
မယ် ညီမရေ ။
ခင်မင်စွာဖြင့်
ကိုစိုင်း......(နန်းကြာဦး)

သူများစက်ကလေး ငှားပြီး လာလယ်တာနော်...မရောက်တာကြာလို့

မိုက်တယ် မိုက်တယ်.... ကဗျာကောင်းလေးကိုလာဖတ်သွားတယ် သယ်ရင်းရေ...။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More