Friday, 1 July 2011

အချစ်အတုနဲ့ ပြုစားခံရသူ

                   
လက်တွေက ရေးတဲ့စာ
ဒီစာက လူတစ်ယောက်ဘ၀ပျက် နိုင်သတဲ့
နှလုံးသား တခု အသုံးပြု ချစ်ခဲ့ဖူးတာ
ဒီအချစ် ဘ၀ပျက် နိုင်သတဲ့။
         
သူငယ်ချင်း မင်းသမိုင်း မင်းရေး
မင်းဖြူရင် သမိုင်းဖြူ
မင်းမဲရင် သမိုင်းမဲ
မင်းညစ်ရင် သမိုင်းညစ်
မင်းပြုသမျှ မမျှမတ
ခဲဖျက်သုံးမရ
လက်သဲ ဖျက်ဆေးလဲဆုံးရ။
         
သံယောဇဉ် နတ္တိ
နှလုံးသား မရှိ
အလိမ်အညာ  ဗရပွနဲ့
ရင်ဘတ်က အဖါတစ်ရာ။
         
ခေတ်ပေါ်စကားလုံးတွေသုံးပြီး
စစ်မှန်တဲ့ဟန်မရှိတဲ့
အချစ်တွေကို ကစားစရာလို
အပြင်းပြေဆော့ကစား
ပြီးရင်တော့ ထားခဲ့။
         
လိမ်ညာခြင်းကို မိတ်ဆွေဖွဲ့
အပွဲပွဲဝင်နွဲ ဘယ်သူ့မျက်နှာမှမထောက်
မရောက်ဖူးတဲ့ ရင်ခွင်မရှိ။
         
အေးစက်လွန်းတဲ့ မင်းနှလုံးသား
သံယောဇဉ်ချစ်ခြင်း ဆိုတာ တကယ်မရှိဘူးတဲ့
မျက်နှာပေါ်ကပါးစပ်
ပါးစပ်ထဲကစကား
စကားထဲကအမှား
မင်းဘ၀နိဂုံး
မီးခီုးလုံးပဲ ကျန်မှာပါ။
         
သံယောဇဉ် ကျဲကျဲ
မင်းအသည်းကမည်းမည်း
လူတိုင်းကိုပြုစား
နှလုံးသားတွေဖြန့်ကား
ဘာလက်နက်မှဆောင်မထားတဲ့
အဖြူရောင်လူသား
အမှားလဲမကျူးလွန်
ထားခဲ့တဲ့ မေတ္တာ
သစ္စာတွေအပြည့်။

အဲဒီလိုနဲ့ ပဲ
မင်းအကြောင်းများစွာ
ပြောပြချင်သေးတယ်
ဒါပေမယ့်
ကွဲအက်နေတဲ့ဂီတာအိုးလို
ဘာသံတွေလဲ။

ငါလွမ်းတဲ့အကြောင်း
ငါမပြောဘူး
မင်းဘယ်လောက်ချစ်လဲ
ငါဘယ်လောက်ချစ်လဲ
နှလုံးသား က
ဂန္ထ၀င်မြောက်တဲ့ သံစဉ်တွေပျောက်လဲ
ရင်ဘတ်ထဲက ကမ္ဗည်းထိုးထာတဲ့
အမည်နာမ ခေါ်စရာက
အတုအယောင်သမား။

မပိုင်ဆိုင်တဲ့ ဘ၀တွေကို
အပြိုင်ဘာမှမလုပ်ဘူးနော်
ဖြူစင်စွာဝေးပြီး
တွေးနေတာက မင်းပေးခဲ့ဖူးတဲ့
စံပယ်ပွင့်တွေ အကြောင်း။

စာသားကြမ်းကြမ်းများနဲ့နူးညံ့မှု
မရှိသောကျွန်မ၏ကဗျာများကိုအစဉ်အားပေးသော
စာဖတ်သူများအားလုံးကိုလေးစားလျှက်ပါရှင်။
စံပယ်ချို





8 comments:

အပွဲပွဲဝင်နွဲ...အပွဲပွဲဝင်နွှဲ

ဒီတစ်ခါတော့ တစ်လုံးပဲ ပြင်စရာတွေ့တယ်...

ဒီတစ်ပုဒ်က ရင်ထဲကို ဒိုင်းခနဲဝင်သွားတာပါပဲ...အတွေးရော စကားလုံး ရွေးတာတော့ အံဝင်ခွင်ကျဖြစ်တယ်...ဟုတ်တယ်...ဒီအတွေးက စကားလုံးကြမ်းကြမ်းနဲ့ ရေးမှလှမယ့် အတွေးလေ...သုံးလေးခေါက် ပြန်ဖတ်မိတယ်...တစ်ခါနဲ့ တစ်ခါ ရသချင်းမတူဘူး...ကောင်းတယ်လို့ ထပ်ပြောချင်ပါတယ်...

စံပယ်ပွင့်လေးတွေအကြောင်းဖတ်သွားတယ်။

ကဗျာလေးဖတ်သွားတယ်။ စိတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မပိုင်ဆိုင်တဲ့ ဘ၀တွေကို
အပြိုင်ဘာမှမလုပ်ဘူးနော်
ဖြူစင်စွာဝေးပြီး
တွေးနေတာက မင်းပေးခဲ့ဖူးတဲ့
စံပယ်ပွင့်တွေ အကြောင်း။ ....

မမရေ ..ခုရော လွမ်းနေဆဲပဲလားလို့..:):)
ခံစားအားပေးလျှက်ပါမမ..

မကြမ်းဘူးလို့ထင်ပါတယ်... ဖတ်လို့ကောင်းနေလို့ထင်ပါရဲ့... (A Big Smile 4 U)

စပါယ်ရေ မင်္ဂလာပါ။ ဘုန်းဘုန်းနေကောင်းပါတယ်။

မပိုင်ဆိုင်တဲ့ ဘ၀တွေကို
အပြိုင်ဘာမှမလုပ်ဘူးနော်
ဖြူစင်စွာဝေးပြီး
တွေးနေတာက မင်းပေးခဲ့ဖူးတဲ့
စံပယ်ပွင့်တွေ အကြောင်း...

ကဗျာကောင်းလေး ဖတ်သွားတယ်ဗျာ...ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေနော့...

စာသားကြမ်းကြမ်းလေးတွေကလည်း တခါတလေမှာ ကဗျာနဲ့လိုက်ဖက်တဲ့ အဖွဲ့လှလှလေးတွေ ဖြစ်နေတတ်ပါသေးတယ်။ အချစ်အတုအကြောင်းကိုပြောမှတော့ နုနုနွဲ့နွဲ့ အရေးအသားနဲ့ ဘယ်လိုက်ပါ့မလဲနော်။ ကဗျာလေးကောင်းပါတယ်။

အသည်းကမည်းမည်း
လူတိုင်းကိုပြုစား
နှလုံးသားတွေဖြန့်ကား
ဘာလက်နက်မှဆောင်မထားတဲ့
အဖြူရောင်လူသား
အမှားလဲမကျူးလွန်
ထားခဲ့တဲ့ မေတ္တာ
သစ္စာတွေအပြည့်. . .



ခံစားဖတ်သွားပါသည်လို့. . .

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More