Friday, 29 July 2011

တရံခါဆီ ဝေး




ကြင်နာမှုတွေပြည့်ဝနေတဲ့ အကြည့်များ
ဂန္ထ၀င်မြောက်မဲ့ သံယောဇဉ်တွေ
အမြင့်ကကျလာတဲ့ အရာဝထ္ထုလို
ဒလိမ့်ခေါက်ကွေး ငါ့ဆီရောက်လာတယ်
မမြင်နိုင် ကိုင်တွယ်မရတဲ့
နှောင်ကြိုးများ တစ်ကိုယ်လုံး
အမုန်းမရှိ သံတရာဆုံးအထိ
အပြုံးများနှင့်သာ ရစ်ပတ်နှောင်ဖွဲ့
အတွယ်အတာ မမဲ့ပဲ
လရောင်နမ်းတဲ့ပန်းလေးပဲဖြစ်ချင်ခဲ့တာပါ။

ဒီဇင်ဘာ လရဲ့ ညတည
သာနေတဲ့ လချမ်းကွေးအောက်မှာ
မြူနှင်းမှုန်မှုန် ချမ်းတုန်တုန်နဲ့အလွမ်းတွေကို ခေါက်သိမ်းလို့ရ ရင်
မဆိုင်းမတွ ခေါက်သိမ်းချင်ပါရဲ့။

မစူးမစမ်း ရူးနှမ်းနှမ်းလဲ မဟုတ်ပဲ
အရွယ်တော် တဆိတ်ဟိုင်းလို့
စိတ်သွားတိုင်း ကိုယ်မပါ
နှလုံးသားတစ်ဝက်ပေးပြီး မင်းကိုထားခဲ့တာ
နှစ်လ ရှည်ကြာ အဖြေရှာဘယ်မှာမတွေ့
မေ့တေ့တေ့များ ဖြစ်နေပြီလား။
မထင်မှတ်တဲ့ အပြောင်းအလှဲ
ထောင့်ချိုးလေး က 
အကြင်နာတရားတွေ မျိုးတုန်းအောင်
လုပ်လိုက်သလိုပါပဲ။
ကလေးကစားစရာ မဟုတ်လို့
စည်းလေးထားရအောင်လားဆိုပြီးတော့
တဖြေးဖြေး  ခြားသွားတာလား။
ရင်ဘတ်ကြီး တခုလုံး
အလွမ်းတွေနဲ့ မို့မောက်နေတာ
နှစ်တွေလဲ အတော်ချို့နေပါပြီ
ဂတိတွေ မသေချာပဲ
အမိအရဖမ်းဖို့
အတ္တတွေနောက် တကောက်ကောက်
လိုက်နေရင်း...................................
သေချာတဲ့ဆုံးရှုံးမှုတွေအပြည့်
ရေရေရာရာရှိနေတဲ့အလွမ်းတွေက
ဟိုတစ်စ ဒီတစ်စနဲ့
ငေးမောခဲ့ရတဲ့ဘ၀ရှည်ကြီးမှာ
လပြည့်ညနဲ့ဝေးခဲ့ရပြီ။

အချိန်ပေးပြီးဝင်ရောက်ဖတ်နေတဲ့ jasmine စာချစ်သူ
တို့အတွက်.......အားလုံးကိုအစဉ်လေးစားပြီး
ကျေးဇူးတင်နေတဲ့ jasmine

Tuesday, 26 July 2011

သူတစ်ယောက်အတွက်




ယဉ်ကျေးသိမ်မွေ့မှု မရှိတဲ့ သူစိမ်းတစ်ယောက်ဟာ
မဖိတ်ခေါ်ပဲလာတတ်တယ်...
သွားတော့လေဆိုလဲ နေမြဲအတိုင်းလုပ်တတ်တယ်
မင်းရေးတဲ့ စာ တရားသဘောဆောင်ပေမယ့်
လက်တွေ့ မင်းဘ၀ အမှားတွေပဲ လုပ်နေတာ
ကိုယ့်ကို ကိုယ်သိပြီး ရင်ထဲထိရင်တော့ ကောင်းသား။
ရှေ့မှတွေ့တော့ ချိုပြုံး
နောက်ကွယ်ကြရင်မဲ့ပြုံး
စကားလုံးတွေက တစ်ဆုံး
ဘ၀တွေ အားလုံးစုတ်ပြတ်သတ်
အဲလိုဖြစ်မှ မင်းဘ၀ ပျော်ရွှင်မှာလား။


အချစ် စစ်စစ်ကို မခံစားတတ်သူ မင်းအတွက်
ရည်မှန်းချက် ပန်းတိုင်လဲ ခိုင်မြဲမှု ရှိမှာမဟုတ်ဘူးနော်


ဘ၀ ကိုရေစုန်မျောတဲ့ သူ
ဘယ်အရာမှ ဂတိသစ္စာ မရှိသူ
ကိုယ်စားတဲ့ ကွမ်းတံထွေးကို
ဟိုတစက် ဒီတစက်နဲ့
တပျစ်ပျစ်ထွေးတတ်သူ
အရိပ်မည်း အတွက်အသည်းမအေးခဲ့သူ
ဘယ်သူပါလဲ
ဖုံးမရ ဖိမရ
မတိကျတဲ့ မင်းဘဝ
ယူကျုံးမရဖြစ်လဲ
သုံးစားမရတဲ့ မင်းနဲ့ပတ်သက်သူအားလုံး
ဖုတ်ဖက်ခါ ထသွားပြီး လမ်းခွဲကြ
တမ်းတခဲ့တဲ့အနာများ
အသားမကျတော့
အမာရွတ်အဖြစ်သာကျန်။

အရူးအမူး လျှောက်နေတဲ့မင်းက
မထူးမဆန်းတာတွေကို
မျက်ရည်ပေါက်ကြီးငယ်ကျပြမနေပါနဲ့တော့
အရှက်တရားတွေအတွက်
မနက်ဖြန်တစ်ရက် ထဲမဟုတ်ဘူးနော်
သံတရာ အဖန်တရာ
မင်းဘ၀တခုလုံး
သိက္ခာတွေ ပျောက်ဆုံးသွားခဲ့ရပြီ။



ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်။




Saturday, 23 July 2011

တိတ်တဆိတ်ကြေကွဲ

ခြေထောက်အောက်က ကမ္ဘာမြေကြီး
ရုတ်တရက် ပျောက်သွားတာလား
သစ္စာစကား တွေလဲ လေထဲ ရောက်ကာသွားပေါ့
ဟိုတခါ ဂတိစကား
နားကြားလွှဲတာလား
ကွေးသောလက် မဆန့်တဲ့ 
ဘ၀တိုတိုထဲ ချစ်ရတဲ့ မင်းဆီက
ဘာမှမလိုပဲ တိတ်တိတ်နေခဲ့တဲ့ရက်များ
ရင်ဘတ်ထဲမှာသိမ်းထားလိုက်ပါပြီ။
 
ခုတော့ဖြင့်
အကြင်နာ တရားတွေ ချပြမရ
ဂတိစကားတွေ မှောက်ကျ
သစ္စာဆိုတာ အလကားပါတဲ့
ဖြစ်လာတဲ့ ကံကြမ္မာ ခါးခါးတွေ အတွက်
ဘ၀ကို ပျားရည်ရော လို့ရမလား
တအားကိုရူးသွပ်သွားပြီထင်ခဲ့
အမြင်မှာတော့ ဘာကိုမှ
ဖုံးကွယ်မရ
သံယောဇဉ်တွေက ချုံးချုံးကျ
အဖြူရောင် စစ်စစ်ငါ့ နှလုံးသား
အသိုင်းအ၀န်းနဲ့ မင်းက
အရောင်တွေဆိုးဖို့ ကြိုးစား
ရင်ထဲက အမှန်တရား
အချိန်တွေ အလကားဖြစ်ခဲ့ရပြီ။
 
အတိတ်က စိမ်းကားသွားတာလား  
နှလုံးသားတွေကရိုင်းစိုင်း သွားတာလား
အဖြေ ငါမသိ......ငြိတာက ရင်ထဲထိ
အကြင်နာ တရား ဆွဲချွတ်ခံရ
သစ္စာ အတုတွေပြန်ရ
ခဏ ခဏ လဲကျ ခဲ့ရတဲ့ဘ၀။
 
ရင်ဘတ်ထဲက အနာ
ရှပ်ထိတဲ့ ဒဏ်ရာ မဟုတ်ဘူး
အတွင်းထိအောင်ရောက်ခဲ့တာ
မီးကုန်ယမ်းကုန်ချစ်ခဲ့ကြတာလဲ
ဆောင်တွင်းအိမ်မက် မက်နေသလိုမျိုး
နောက်ဆုံးတော့ အားလုံး
ကဗျာတွေဖြစ်လာ။


စာချုပ်စာတမ်း မရှိပေမယ့်
ဂတိစကားကိုနားလည် 
အနမ်းတွေခြွေ ပန်းတို့ဝေပြီး
ကြယ်တွေ အများကြီး ကြွေခဲ့တဲ့ ည။


ရင်ဘတ်ထဲ ထိုးဖောက်သွားတာ
ဒါးမဟုတ်သလို မြှားလဲမဟုတ်ဘူး
ခါးသီးတဲ့ လိမ်ညာမှုတွေပါပဲ
အိပ်မပေါက်ပါဘူး
ဒါပေမယ့် ဖားတော့မပါခဲ့ပါ။
အဲတာတွေ....................
ဖြစ်ခဲ့တာ မကြာသေးပါဘူး
ဒါကြောင့်အထူးတလည် မပြောလိုဘူး
တိတ်တိတ်လေးပဲ နေပါရစေ။


အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်
အစဉ်လေးစားလျှက် jasmine





 








 


Tuesday, 19 July 2011

***လူမသေသရွှေ့ အချစ်လဲမသေနိုင်ပါ***

မင်းမရှိရင် ရှင်သန်ခြင်းမရှိတဲ့
ဘ၀တွေအတွက် မင်းနင်းမယ်ဆိုလဲ
ငါ့အသဲ လမ်းခင်းပေးဖို့ ၀န်မလေးပါဘူး
မင်းပြောခဲ့ဖူးတဲ့ စကား ။

တကယ်ပြောတာပါ အရမ်းကြီးမဟုတ်ခဲ့တဲ့
အချစ်ဖျော့တော့တော့လေးကို
ခေါင်းမော့ပြီးလက်ခံခဲ့တာလေ
ငါလက်ခံခဲ့တဲ့ အပိုင်း ။

မျက်ရည်တွေ အချိန်ပြည့် စိုထိုင်းခဲ့
ကောင်းကင်တစ်ခွင် ညိုမှိုင်းနေတဲ့ ရာသီ
ပတ်ဝန်းကျင် အားလုံး စုတ်ပြတ်သတ်သွားအောင်
ရွာတဲ့ ဂျူလိုင်မိုး
အတိုးရော အရင်းပါပေါင်းပြီး
သောင်းကြမ်းနေလေရဲ့ ။

နောင် အနာဂါတ်မှာ
တစ်သက်လုံး မက်ခွင့်မရှိတဲ့အိမ်မက်
မျော်လင့်မရတဲ့ အဆုံး
မုန်းဖို့လဲ မလွယ်
အသဲထဲက တွယ်တာမှုတွေ
အားလုံးပေါင်းလိုက်တော့
ဘ၀မှာ အလွမ်းတွေ
စကြာဝဠာကြီးထဲ နေရာအနှံ့ ။

ဂန္တ၀င်မမြောက်တဲ့ ဒီချစ်ခြင်းတွေမှာ
ရိုးသားမှုတော့ ရှိခဲ့ပါတယ်....
ကြိုးစားမှု တွေလဲ များခဲ့ပေမယ်
ကံတရားက ဘက်လိုက်မူဝါဒ ကျင့်သုံးတော့
ဝဋ် ကိုသာ အပြစ်တွေပုံချ
ရောက်ရာ အခန်းက ကပြခဲ့ ရတာပေါ့ ။

မင်းနှလုံးသား ကျဉ်းကျဉ်းလေးထဲက
ငါ့ရဲ့ သံယောဇဉ်တွေ
ဆောင့်ကြီး အောင့်ကြီး ပြန်ထွက်ပြေး
အရေးနိမ့်ခဲ့ရ အငြိုးအတေးက ဘာမှ မရှိ ။

လမ်းလျှောက်ရင်း တဖြေးဖြေး
ခြေလှမ်းတွေကျဲ အမဲရောင်ဖြစ်သွားတဲ့
အကြင်နာတရား ငါဘ၀အတွက်
မှားများသွားပြီလား
စဉ်းစားရင်း နေပါဦးလို့
တားမယ့်သူမရှိ ခါးသီးရတဲ့ အချစ်တွေအတွက်
စည်းလဲ မထားတော့ဘူး
နောက်တစ်ခါဆိုရင်တော့
အမှာစာ မပို့ပါနဲ့.....
ချစ်ခွင့်ရှိသမျှ ဆက်ချစ်မှာပါ ။


စာဖတ်သူအားလုံးကိုလေးစားလျှက်ပါရှင်
ကျေးဇူးတင်စွာဖြင့်
jasmine

Saturday, 16 July 2011

ကြည့်ဖြစ်အောင်ကြည့်လိုက်ပါနော်...အပိုင်း၂

 သူငယ်ချင်းအားလုံးပျော်ရွှင်ပါစေ.....အမြဲစာတွေဖတ်နေရလို့ စိတ်တွေလန်းဆန်း
ရအောင် ချစ်စရာကောင်းတဲ့ ပုံလေးတွေတင်ပေးတာပါ...

ကွန်ပြူတာနဲ့ အမြဲအရှုပ်တွေလုပ် အဲလေ အလုပ်တွေရှုပ်နေတာပေါ့ .အမရွှေစင်လေ..
သူငယ်ချင်း ၃ ယောက်ကြွေးရှင်ကို မျက်နှာမပြရဲဘူးလို့ပြောတာပဲလေ
မောင်(စွယ်စုံကျမ်း)ညီညီ ဖိုးခွားတို့တွေ
သူလဲမူးနေပြီ....ဘာတွေသောက်လဲ မသိဘူး...ဒုဒုလေ နေနက်က 
မြန်မာပြည် ကိုပြန်သွားတာ...သူတစ်ယောက်ထဲ..တစ်မျိုးကြီးဆိုလားပဲ
အပေါ်ပုံက ဖြိုးဝေတဲ့ ခုတလော အရမ်းအလုပ်တွေများနေတယ်ဆိုပဲ
ထာဝရသစ္စာလေ အကွဲတွေသဲတာပေါ့....မခံစားနိုင်ဘူးဆိုပဲ.....
သနားလိုက်တာ...ဒီလိုဖြစ်မယ်မထင်ထားဘူး.....ကယ်ကြပါအုန်းနော်.

အောက်ကပုံကတော့ ဘာသာမတူ လူမျိုးမကွဲပဲချစ်တာ ကိုယ်တို့၂ယောက်ရဲ့
အဲယောင်လို့ ကိုယ်တို့၂ကောင်ရဲ့ အပြစ်လား...
ဒီပန်းလေး ဘယ်သူ့ကို ပေးရမလဲကွယ်.....ကိုယ့်ဘ၀က အသားမဲမို့ 
ပန်းတောင်ယူသူမရှိတာလား...
မေသိမ့်သိမ့်ကျော်လဲ အားဘူးတဲ့
...လရိပ်အိမ် ငယ်ရီးစားနဲ့ တူတူရိုက်ထားတာပါ...
မင်းဧရာဆိုတဲ့လူလေ အလုပ်တွေပိနေတာ...ထိုင်ဖို့ အချိန်တောင် မရှိဘူး....
ဖိုးခွားလေးအနုပညာဝါသနာပါလို့ ရင်ထဲက အစိုင်အခဲကို ဖွင့်လိုက်တာ
 အဖြူလေးကနားအေးပါးအေး နေချင်လို့ဒီလိုနေရတာပါ...
လွင်ပြင်လှိုင်းငယ်ကတော့ DJ လုပ်မှာတဲ့ ကျွန်မ နားတွေဘာနဲ့ပိတ်ထားရမလဲ.....
တို့ ၂ ယောက်ချစ်တာအပြစ်လား......အဲဟုတ်ပါဘူး.... တို့ ၂ကောင်ပါနော်...
ကလေး ၃ ယောက်ပါလား အဲလေ ၃ ကောင်...ဖြိုးရဲ့ကလေးတွေထင်တာပဲ
သူ့တို့ အဖေပြန်အလာကိုစောင့်နေပုံနော်.....

 
အကိုငွေနဲ့ မဒမ်ငွေတို့လေ   ချစ်နေကြတာ
ဒါလဲသူတို့ပဲ ဖြစ်မှာ.....ညီတွေ ညီမတွေ ရှိသေးတယ်နော်...

နေဇော်လင်းတစ်ယောက် သတင်းတွေနောက်လိုက်ရတာ လမ်းမလျှောက်
နိုင်တော့ဘူးဆိုလို့.ဟိုနေ့က စကိတ်တစ်ခုပေးလိုက်ရတယ်၊ ခုတော့တော်တော် 
အဆင်ပြေနေပြီ။

အမှတ်တရနေ့စွဲက အမှတ်တရဖြစ်အောင်စားကြည့်တာပါတဲ့
လင်းခေတ်ဒီနို အပြင်းစားကဗျာတွေကို ကာကွယ်ဖို့လေ့ကျင့်နေပြီ၊
zp လင်းတန်းနှင့်ရွာကသူငယ်ချင်းများ......

နန်းကြာဦးနဲ့ငယ်ရီးစား ၂ယောက်....တစ်ခြားလူတွေမသိစေနဲ့
ကွိုင်ရှိတယ်နော်...
အလွမ်းမင်းသမီးလေး ညီမငယ်လှိုင်ပေါ့...ခုထိလွမ်းနေဆဲပဲ
ချင်းကလေး သူငယ်ချင်းတွေကခရီးထွက်ဖို့အမြဲခေါ်လို့
ပုန်းနေတယ်ပြောတာပဲ...ဟုတ် မဟုတ်တော့မသိဘူးနော်.၊


သူငယ်ချင်းအားလုံးကိုတောင်းပန်ပါတယ်...
ပျော်ဖို့သက်သက်ပြုလုပ်ခြင်းသာဖြစ်ပါသည်။
jasmine


Friday, 15 July 2011

စစ်ဖြစ်ရခြင်းအကြောင်းရင်း နှင့် ဟာသများ

        စစ်ဖြစ်ရခြင်းအကြောင်းရင်း
  
      ၁၀ နှစ်သား ချာတိတ်က အဖေကို မေးသည်။
       "ဖေဖေ စစ်ပွဲတွေ ဘယ်လိုစဖြစ်တာလဲဟင်"
       "ဒီလို သားရဲ့၊ ဆိုကြပါစို့ ၊ အမေရိကန်နဲ့ အင်္ဂလိပ်တို့ နယ်မြေတစ်ခုကို
       သူပိုင်တယ် ငါပိုင်တယ် ဆိုပြီး အငြင်းပွားကြတယ်"
       အမေ ဖြစ်သူကဖြတ်ပြောသည်။
      "အင်္ဂလန်ဟာ အမေရိကန် နဲ့ အငြင်းမပွားဘူး"
      "သူတို့အငြင်းပွားကြပြီလို့ ဘယ်သူပြောလို့လဲ ငါက ဥပမာ ပြောတာပါကွ"
             အမေ ဖြစ်သူကအသံ ကိုမြင့်ပြီးပြောသည်။
"ရှင့် ဥပမာက ရယ်စရာ ကောင်းလိုက်တာ ၊မဖြစ်နိုင်တဲ့ အတွေးကို
ကလေးခေါင်းထဲ ရှင်မရိုက်သွင်းစမ်းပါနဲ့ ရှင်"
           ယောင်္ကျားကလည်း အားကျမခံ အသံကိုမြင့်ပြီး ပြန်ပြောသည်။
 " ဟေ့ ၊ မဖြစ်နိုင်တဲ့အတွေး ငါ က ကလေးခေါင်းထဲ ရိုက်သွင်းနေတာမဟုတ်လူးကွ"
 " ရှင့် စကားကို ကလေးနားထောင်ရင် ဘယ်တော့ မှ လူတော် လူကောင်း ဖြစ်မလာဘူး"
 ထိုသို့ ပြောဆို ပြီး မိန်းမက စားပွဲတင်မီးအိမ်ဖြင့် ယောင်္ကျားဘက် ပစ်ပေါက်လိုက်သည်၊
 ထိုအချိန်တွင် ချာတိတ်ကကြေနပ်သံဖြင့် အော်ပြောသည်။
" ကျေးဇူးပဲ ဖေဖေ ၊ ကျေးဇူးပဲ မေမေ ၊ စစ်တွေဘယ်လိုစဖြစ်တယ်ဆိုတာ ကျွန်တာ် သိပါပြီ" ။
(မောင်ကောင်းထိုက်မှ)

ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်

                ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။ တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။
                         ဆရာမက ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်း အမျိုးမျိုးပြောဆိုဆုံးမခဲ့သော်လည်း
ကျောင်းသားက အချစ်တွင် အသက်အရွယ်၊ ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။

                 ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့် “ဆရာမ ကလေးမလိုချင်ဘူး” ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက “ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်” ဟူတည်း။
(mail မှ) 
 
တောင်အမေရိကားတိုက် ဘယ်မှာရှိသလဲ?
ဆရာမ............ မောင်မောင် တောင်အမေရိကားတိုက် ဘယ်မှာရှိသလဲ? မြေပုံပေါ်မှာ ထောက်ပြပါ။

မောင်မောင်...... ဒီမှာပါ ဆရာမ

ဆရာမ............ မှန်ပါတယ်.. ကဲ အားလုံး တောင်အမေရိကားတိုက်ကို ဘယ်သူတွေ့ခဲ့တာလဲ သိကြလား?

အတန်းသားများ.... သိပါတယ်.. မောင်မောင်ပါ ဆရာမ

ဆရာမ....... ................
(mail မှ)
               -------------------------------------------------------------------------------
ဟန်ဆောင်မှု

ပီတာကသူညီမလေးကိုပြောသည်။
"မသီတာ၊ တိတ်တိတ်လေးနေစမ်း၊ အိမ်ရှေ့မှာ ဧည့်သည်တွေရောက်နေတယ် ထင်တယ်"
"ကိုကို ဘယ်လိုလုပ်သိလဲ"
"မေမေ က ဖေ့ဖေ့ကို ''ဒါလင်' လို့ခေါ်လိုက်တာ ငါကြားရလို့"


ပိုရနိုင်တယ်

"ဘူတာရုံ သွားပြီး ငါ့ယောက္ခမကြီးကို ကြိုပေးရင် မင်းကို
ငွေ ၂၀၀ ပေးမယ်"
 "ရထားနဲ့ သူ မပါလာရင်ကော"
"အဲတာဆို ၄၀၀ ပေးမယ်"

ကိုယ့်ကိစ္စကိုယ်ရှင်း

တယ်လီဖုန်းသံ မြည်လာသည်၊ အိမ်ရှင်ယောက်ျားက
တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။
"ဟဲလို ၊ ခင်းဗျားရဲ့ ယောက္မကြီး ကျွန်တော်မွေးထားတဲ့ မိကျောင်း ကန်ထဲ ကျသွားတယ်ဗျ"
"မိကျောင်း က ခင်ဗျားမွေးထားတဲ့ မိကျောင်းပဲ၊ ကျုပ်နဲ့ဘာဆိုင်လို့တုံး၊
ကိုယ့်မိကျောင်း ကိုယ်ကယ်ပေါ့ဗျ"

ပုံပြင်

အန်တီမြ သည် သမက်ဖြစ်သူ ကိုဘမောင်ကို နားမလည်ဟန်ဖြင့်မေးသည်။
"မောင်ဘမောင်၊ ငါ့မြေးကို မင်းညတိုင်း ပုံပြောပြီး သိပ်တယ်၊
မင်းပြောတဲ့ ပုံပြင်တိုင်း "သူတို့နှစ်ယောက် လက်ထပ်လိုက်ကြတယ် ပြီးတော့ အသက်ထက်ဆုံး
ပျော်ရွှင်စွာ နေထိုင်သွားကြတယ်၊ ဒါကလဲ ဇနီးဖြစ်သူဟာလ မိဘမဲ့ ဖြစ်လို့ပါကွယ်" နဲ့ချည်း အဆုံးသတ်နေတယ်၊
ဘာကြောင့်လဲဆိုတာ ငါ့ကိုရှင်းပြစမ်းပါ"
(မောင်ကောင်းထိုက်မှ)

ရယ်သောသူသည် အသက်ရှည်ပြီး နုပျို၏။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်............
jasmine


Thursday, 14 July 2011

တီထွင်ညာဏ်ဖြင့် ဖန်တီးထားသောရေပန်းများ (ထူးဆန်းပြီးချစ်စရာကောင်းသောပုံနှင့်တကွ)







The Swarovski head fountain forms an entrance to their headquarters in Wattens, Austria.

The Vortex fountain was designed by William Pye.

It is the perfect solution for watering many flowers. This unusual fountain stands on the entrance of Utica, NY zoo.

This unusual fountain is the Loop community area of Chicago, Illinois, United States. It is an interactive work of public art featured in Millennium Park.

A giant statue peeing; a really creative statue that shows that there are no limits when it comes to human imagination.

This is a statue inspired by Salvador Dali’s work of art.

This guy really rains and pours all over. It looks kind of creepy.

The dancing fountain in Dubai will amaze you, it looks wonderful and it is the world’s tallest fountain.

This flower-like fountain is in fact a memorial fountain in Sydney, Australia.

This bridge fountain in the Seoul capital of South Korea is a famous tourist attraction. It was in a way logical to make water come out of a bridge.


ထူးထူးဆန်းဆန်း လေးများကိုစိတ်ဝင်စားစွာ အားပေးနေသော
jasmine စာဖတ်သူများအားလုံးအတွက် အင်တာနက် မှ ရှာရှာဖွေဖွေ တင်ပြပေးပါသည်။
ဝင်ရောက်ကြည့်ပေးသူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။   ။  
အမှန်တစ်ကယ်တော့( ကြည့်ဖြစ်အောင်ကြည့်လိုက်ပါနော် )
အပိုင်း ၂ ကိုတင်ဖို့ပါရှင်.....ပုံများပြောက်ဆုံးခြင်းကြောင့် ရေပန်းပုံလေးကိုတင်လိုက်ရတာပါ။   ။


Wednesday, 13 July 2011

ကြည့်ဖြစ်အောင်ကြည့်လိုက်ပါနော် (ဒုတိယအကြိမ်ဖိတ်ခေါ်တာပါ)

ထီးမလိုဘူး......ရှင့်နားရွက်လေးရှိရင် ကျွန်မဘ၀ အေးမြနေပါတယ်....
ငါ့ကိုရန်မလုပ်နဲ့နော်....နင်နဲ့တူတူကစားမယ်.....
 
အရမ်းပူတာပဲ...အိပ်လို့မရဘူး....အဲကွန်းတပ်ပေးပါ....

အော်.....နေစရာရှားလို့.....
 
မောင်(စွယ်စုံကြမ်း)တစ်ခါတစ်လေ ဒီလိုပဲ...သောက်လိုက် ကြည့်လိုက်...ဘာကားမှန်းတော့မသိဘူး။

စိတ်ဓါတ်တော်တော် ကျနေမိပါတယ်
အထဲက ကောင်သနားပါတယ်....ရန်သူတွေဝိုင်းနေပြီ.....
အာဘွား.....

သူရေ အရမ်းဆာနေလို့...
အလွမ်းအဖွဲ့ဝင်မယ်ဆိုတဲ့ ညီမလေး လှိုင်ပေါ့...ဘယ်သူကိုလွမ်းနေတာလဲတော့ မသိဘူး။

မင်းဘယ်လမ်းသွားသွား မင်းနောက်ကလိုက်လို့နေမယ်.....

ချစ်နိုင်ကြပါစေ.....

သံယောဇဉ် ဆိုတာရှိတယ်.....

သေချာပါတယ် jasmine ဆိုတာ ပြောလိုက်ရင်မအားဘူး...
ဟောတော့...ဘာရှာနေတာလဲ..
လွင်ပြင်သွားတိုက်နေတာပေါ့....ဒီအတိုင်းပဲ...
ဒီပုံကတော့လရိပ်အိမ်ပါပဲရှင် အိမ်မက်ထဲမှာ တစ်ယောက်ယောက်နဲ့တွေ့နေသလိုပဲ။

နူးညံ့စွာ အရှုံးပေးပါပြီ အချစ်ရေ.....

စိတ်ဆိုးနေတာ......

mail မှသူငယ်ချင်းပို့ပေးသောပုံများကို ကျွန်မစာရေးပြီးဖော်ပြပါသည်.....
 စာချစ်သူတို့အတွက်.....နာမည်မပါသေးသူများ စိတ်မပူပါရန်
ဒီနေ့ ပုံအားလုံးတင်ရန် အခက်အခဲရှိသောကြောင့် နောက်ရက်ဆက်ရန်ရှိပါသည်......
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။   ။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More