Tuesday, 5 April 2011

jasmine ရဲ့ ယောင်တိယောင်ချာ အရေး

မပေါင်းလဲခက်၊ ပေါင်းလဲခက်
မရှိမကောင်း၊ ရှိမကောင်း
မတောင်းရင်ပေး၊ တောင်းရင်ငေး
ကျွေးရင်မစား၊ မကျွေးရင်ပွား
အဲတာ ကျွန်မ အကြောင်းများပါရှင့် ။

နုတ်မချို....ရုတ်မပျို
စိတ်ကတော့ မညိုညင်ပါရှင့်။

စိတ်မကြမ်း ရုတ်မရွှင်
အစဉ်သာမပြုံး
ရင်နှလုံး သောကဗျာထွေ
မောဟ ဆိုတာမသိ
လောဘ ကိုတော့ ကြောက်ပါရဲ့
အဲတာ ကျွန်မ အကြောင်းများပါရှင့် ။

 ခြောက်ပစ်ကင်း သဲလဲစင်
မဟုတ်ပေမယ့်လည်း
ပြန်ပြောတတ်ပြီး နားထောင်တာ
ကျွန်မပါပဲ....ရှင့်
ဆတ်ဆတ်ထိမခံ လူတတ်မကြီးလုပ်တာလဲ
ကျွန်မပါပဲရှင့်

ပလောင်တောင်တက်နှေးလို့
လက်ဖက်ကောင်းစားရတယ်ဆို....
ကျွန်မဦးနှောက်.....အသုံးပြုတာနှေးလို့
ဆုံးရှုံးရပါပြီ....
တစ်ယောက်ထဲကြိုတ်ပြီးလွမ်း
တိတ်တိတ်ငိုတာ ကျွန်မပါရှင်
မျက်ရည်လူမသိ....အလွမ်းတွေရင်မှာပိနဲ့
မနိုင်မနင်း......သယ်ပိုးထားတာ ကျွန်မပါပဲ

သောကခြေရာ...ဝေဒနာကို
အဖော်ပြုလို့... ကဗျာစာတွေ ရေးနေပေမယ့်
အကျော်အမော် ဖြစ်ဖို့မဟုတ်ပါရှင်။

ရင်ထဲဆန္ဒ...လိုအင်ပြည့်ဝ
အလွမ်းကဗျာ ပန်းကဗျာကို
ဥပေက္ခာ ပင်လယ်ထဲ မထားခဲ့နိုင်လို့
အကြင်နာအပြည့်ရှိတဲ့ ရင်ဘတ်ထဲမှာ
ထာဝရ သိမ်းထားခွင့်ပြုပါ။  ။


ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ 
သူငယ်ချင်းများရဲ့ jasmine 




2 comments:

သိမ်းထားလိုက်ပါလေ။ အစ်မအကြောင်းကို ဖတ်သွားပါတယ်။

ko ko (bkk)
စာတွေဖတ်သွားပါတယ်
ဟာသတွေနဲနဲကျဲသွားတယ်ထင်တယ်..

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More