Monday, 11 April 2011

***ပေါက်ကရ တမ်းတခြင်း***

ပေးပြီးပြန်တောင်းတတ်တဲ့
ကလေးကလား မင်းအတွေးများနဲ့
စဉ်ပေါ်ကိုမျှားခေါ်....အရှိုက်ကို
အငိုက်ဖမ်းပြီး......
မင်းရဲ့ .......
ဘယ်ဝှိက်လက်သီး...နှလုံးသားကိုစိစိညက်ညက်ကြေစေတယ်
မင်းရင်ခွင်ဟာ.....ငါ့ရဲ့သေတွင်းဆိုတာ
အချိန်မှီသိရခြင်းဟာ...ငါ့အတွက် ဘုရားပေးသောကံကောင်းခြင်း
လက်ဆောင်တစ်ခုပါပဲ....
မိန်မတွေရဲ့လက်နက်က မျက်ရည်ဆိုတာကိုကြားဖူးခဲ့တာလေ
မင်းကျမှ....ယောက်က်ျား မျက်ရည်ဖြစ်ရချေသေးရဲ့....
ဒါပေမယ့်မင်းရဲ့အဝေးဆုံး ကိုရောက်နေလို့
မင်းရဲ့ငိုသံ ငါမကြားလိုက်ဘူး.....
အဲဒီအတွက်   (so sorry) ပါကွယ်....
မင်းရဲ့ဆက်ထုံးတွေများနေတဲ့ကြိုးနဲ့
ငါ့ကိုခြည်နှောင်ဖို့မကြိုးစားပါနဲ့...
ခုတော့.....
အားလုံးထင်နေသလို.....ငါလှဲမကျခဲ့ပါဘူး
ဒါပေမယ့် နဲနဲတော့ယိုင်သွားတယ်...
အမှန်တရားဆိုတာဘာမှန်းမသိတဲ့ မင်းကိုတော့
ရင်ထဲကနှစ်နှစ်ကာကာ သနားမိပါရဲ့
ငါ့ရဲ့ ဥပေက္ခာမုန်တိုင်းတွေကတော့
မင်းအပေါ်...
သူစိမ်းဆန်စွာ ကမ္ဘာပြိုပေမယ့်
ငါမပြိုတော့ပါ။  ။

ကျွန်မရဲ့ ကဗျာမဟုတ်စာမဟုတ်များကိုအမြဲအားပေးနေသော
ဘလော့ဂ်ဂါသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ရှင်..
ဝင်ရောက်ဖတ်ပေးသောပြင်ပမှ သူငယ်ချင်းများကိုလဲ
အမြဲကျေးဇူးတင်ပါတယ်ရှင်။  ။
jasmine



0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More