Friday, 1 April 2011

**လင်ကွန်းမိန်းမ နာမည်က..... (ဟာသချစ်သူများအတွက်)**



ခင်ဗျား ဆိုရင်ရော..

တိရစ္ဆာန်ရုံသို့ ကလေးငယ်များနှင့်အဒေါ်အပျိုကြီးတစ်ဦးတို့ 
အပျော်ခရီးထွက်ခဲ့ရာတွင် မျောက်အိမ်နှင့် မျောက်ကျွန်းပေါ်၌ မျောက်တစ်ကောင်မှ မတွေ့ရခြင်း အတွက်
များစွာမကျေမနပ်ဖြစ်နေကြသည်။ထို့ကြောင့် ကလေးငယ်များကိုဦးဆောင်လာသူ မိန်းမပျိုက တိရစ္ဆာန်ဥယာဉ်
ဝန်ထမ်းတစ်ဦးအား မျောက်များမတွေ့ ရသည့်အကြောင်းအရင်းကိုမေးမြန်းရာ ယခုရာသီသည် မျောက်များအတွက်
မိတ်လိုက်ရာသီဖြစ်၍ မျောက်အားလုံး၎င်းတို့လှောင်အိမ်တွေထဲသို့ ပြန်ဝင်နေကြ ကြောင်းဖြေကြားလိုက်သည်။ မိန်းမပျိုက
အံသြသွားပြီး ခေတ္တမှ စဉ်းစားကာ ”ကျွန်မကလေးတွေက မျောက်ကိုမတွေ့ရလို့ တော်တော်ကိုမကျေမနပ်ဖြစ် နေကြတယ်ရှင့်
တကယ်လို့ လှောင်အိမ်ထဲ ကိုပဲစေ့တွေလှမ်းပစ်ပေးရင် ထွက်များလာမလားဟင်”ဟုမေးရာ

ထိုဝန်ထမ်းက စိတ်တို၍ တုံးတိတိနှင့်ပြန်ပြောလိုက်သည်မှာ “အဲဒါတော့ ကျုပ်လည်းမသိဘူး ခင်ဗျားသာဆိုရင်ကော” ဟူ၏။.........  
 

စာနာတတ်သူ


တစ်ခါက သူတောင်းစားတစ်ယောက်ဟာ သူဌေးမကြီးတစ်ဦးရဲ့ အိမ်ကို ရောက်လာတယ်။
သူတောင်းစား ။ ။ ကျွန်တော့်ကို သနားပါ။ ကျွန်တော် ထမင်းမစားရတာ တစ်ပတ်ရှိပါပြီ။ ထမင်းလေး တစ်နပ်လောက်တော့ ကျွေးစေချင်ပါတယ်။ သူဌေးမကြီး ခွင့်ပြုမယ်ဆိုရင် သူ ဌေးမကြီးရဲ့ အိမ်နောက်က ကောက်ရိုး တွေကို စားဆိုရင် စားပါ့မယ်။
သူဌေးမ ။ ။ ငါဒီလောက်ထိ မရက်စက်ပါဘူးကွဲ.။ ဒီစကားကြားတဲ့အခါ သူတောင်းစားမျက်နှာ ၀င်းတက်သွားတယ်။ ဒါပေမယ့် သူဌေးမကြီး ဆက်ပြောလိုက်တာကတော့ “ ငါ့အိမ်နောက်မှာ မြက်ပင်တွေရှိပါတယ်။ အဲဒါက ကောက်ရိုးထက်ကောင်းတယ်။ မင်းအဲဒါစားနိုင်ပါတယ်” တဲ့။ 


ကျန်ခဲ့လို့ပါ


လူငယ်တစ်ဦးသည် စိန်ရွှေရတနာဆိုင်ထဲသို့ဝင်လာပြီး တန်ဖိုးကြီးလက်ဝတ်ရတနာများအား အငမ်းမရကြည့်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့်သူ၏ဂျာကင်အိတ်ထဲသို့အလောတကြီးနှိုက်သည်။ ရှိရှိသမျှအိတ်ကပ်များထဲနှိုက်သော်လည်း သူရှာသည့်ပစ္စည်းကိုမတွေ့၍ချွေးပြန်နေသည်။ 

ထို့နောက်လူငယ်က ဆိုင်ရှင်ကိုပြောလိုက်သည်။

လူငယ် ။ ။ ဆောရီးပဲဗျာ...ကျွန်တော် နောက်တစ်ခေါက်ကျမှပြန်လာခဲ့မယ်၊ အိမ်ကိုပြန်ပြီး ယူရဦးမယ်။ 

ဆိုင်ရှင်။ ။ အို...ဖြစ်မှဖြစ်ရလေရှင်၊ ပစ္စည်းဝယ်ဖို့ငွေကျန်ခဲ့လို့လား

လူငယ်။ ။ ဟင့်အင်း ခြောက်လုံးပြူးကျန်ခဲ့လို့ .....။ 
 

လင်ကွန်းမိန်းမ နာမည်က


အတန်းတတန်းတွင်ဆရာမက ကျောင်းသာများကိုမေရိကန်ပြည်တွင်းစစ်အကြောင်း မေးနေသည်။
ဆရာမက ကျောင်းသားတစ်ဦးအား ......."ဟဲ့...အမေရိကန်ပြည်တွင်စစ်မှာနာမည်ကြီးတဲ့သမ္မတကိုပြောစမ်း" ကျောင်းသားက......
."လင်ကွန်းပါဆရာမ"........အေးဒါဆိုသူ့မိန်းမနာမည်ကဘာလဲ'"...... "မယားကွန်းပါဆရာမ"


ရယ်သောသူသည် အသက်ရှည်ပြီး နုပျို၏ ။    ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More