Wednesday, 20 April 2011

ကျွန်မကြိုက်သောကဗျာများ

**ဒီကမ္ဘာလောကမှာ အချစ်ရှိတာ သေချာပါတယ်**

ကိုယ်တွေ့ခဲ့တယ်လေ။
သူမရဲ့သေတ္တာထဲမှာ
အသေအချာ သိမ်းထားခဲ့တဲ့
ကိုယ့်ရဲ့စာဟောင်းတချို့ရယ်။
သူမအတွက် အမှတ်ရစရာ
(အပျင်းပြေ) ကစားဖို့
ကစားစရာ အရုပ်လေးတွေရယ်။

စိုးရိမ်ကြောက်ရွံ့တဲ့ နှလုံးသားနဲ့
အရှိန်အဟုန်ပြင်းတဲ့ အချိန်ကာလ စမ်းရေစီးထဲမှ
အဖိုးမတန်တဲ့ အဲဒီပစ္စည်းတွေကို
ခိုးယူထားလိုက်ဖို့ ကြိုးစားခဲ့ပြီးမှ
ဒါ.............. ကျွန်မပစ္စည်းတွေပါလို့
အော်ပြောလိုက်မိတယ်လေ။

အခု အဲ့ဒါတွေ ရွှေးယူဖို့
ချစ်ခင်ယုယမှုနဲ့ တန်ဖိုးပေး ရွှေးနိုင်တဲ့သူ
အား........... တစ်ယောက်မှ မရှိတော့ပါလား။
အခု ဒီမှာ .....စာတွေကတော့ ရှိနေဆဲပါ။

ချစ်ခင်ဂရုစိုက်မှုနဲ့
ဒီစာတွေကို စုဆောင်းသိမ်းဆဲခဲ့တဲ့
သူမရဲ့ ဒီလိုမျိုးအချစ်လို
အလုံးစုံ ဆုံးရှုံးမှုမှ သူမကို ကယ်တင်ရန်
ဒီကမ္ဘာလောကမှာ......
အချစ်ရှိနေတာ......သေချာပါတယ်ကွယ်။

အိန္ဒိယ ကဗျာစာဆိုကြီး Rabindranath Tagore ၏
**ဒီကမ္ဘာလောကမှာ အချစ်ရှိတာ သေချာပါတယ်** ဆိုသောကဗျာကို
ဖော်ပြခြင်းဖြစ်ပါသည်။ ဤကဗျာများသည် ကျွန်မ ကဗျာစဖတ်တတ်သော
အရွယ်မှ စတင်ရင်းနှီးခဲ့ရပါသည်....၀င်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံး
ကြိုက်နှစ်သက်မည်လို့ ကျွန်မ မျော်လင့်မိပါသည်။

2 comments:

Jasmine ရေကဗျာလေးတွေ ခံစားအားပေးသွားတယ်နော်..
ကောင်းသောနေ့လေးဖြစ်ပါစေ။

တကယ်ပဲ ကမ္ဘာလောကမှာ အချစ်ရှိပါတယ်..။
ကဗျာလေး ဖတ်သွားတယ်နော်..

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More