Saturday, 23 April 2011

ပေါက်ကရ ယောင်တိယောင်ချာ ***အလွမ်း***

အစရှိရင် အဆုံးဆိုတာလဲရှိရမှာပေါ့
ဒါမှမဟုတ် အဆုံးသတ်မှုတစ်ခုတော့ ရှိရမှာနော်။
  အစတည်းက ရင်းနှီးမှုပေါင်းစုံနဲ့ချစ်ခဲ့တာပဲ
 ဒီလိုမချစ်ခဲ့ရင် အခုချိန်မှာ ဒီလိုဖြစ်နေမှာ မဟုတ်ဘူး ရယ်လို့
ညည်းတွားမနေချင်တော့ပါဘူး...
ဘယ်သူကိုမှလဲ အပြစ်ရယ် ရှိစေတော့ ဆိုပြီး
ရင်ထဲက စကားမထွက်ခဲ့ပါ
ဘယ်သူကိုမှလဲ အချစ်မပြယ် ရှိနေဆဲက
နှလုံးသားထဲက စကားထွက်ခဲ့တာပါ။
ရင်ဘတ်ထဲက အချစ်ကိုမြင်အောင်ပြတတ်ပါရဲ့လား
ဒါမှမဟုတ်...နှလုံးသားထဲကသံယောဇဉ်
တစ်ဖက်သားသိအောင် စွမ်းဆောင်နိုင်ပါရဲ့လား
ဘာမှ မလုပ်တတ်ရင်တော့
အကြင်နာ မျက်ဝန်းတွေကော
အဲဒီမျက်ဝန်းတွေက အရာရာကိုဦးဆောင်နိုင်တယ်
ဆိုပေမယ့်.....သင့်ရဲ့အကြည့်ကလိုအပ်နေသေးရင်
ကြင်နာတာတွေ.....တုနိုင်းမရှိ အချစ်တွေနဲ့
သမုဒယတွေဟာ သဲထဲရေသွန်ဖြစ်ရမှာပေါ့။
အလွမ်းသီချင်းတွေ ကြိုက်တာနဲ့ပဲ
ငါလဲလွမ်းရမှာလား
မဟုတ်သေးဘူးထင်တယ်
သံသယများ နဲ့မကြည့်ပါနဲ့
အပြစ်ကင်းပါရဲ့ မပြောခဲ့ဖူးပါ
ဥပေက္ခာများမပေးပါနဲ့
သဲတော့ စင်ခဲ့ပါတယ်
မင်းနဲ့ဝေးသွားတော့ မိုးကောင်းကင်ကြီးကိုတောင်
မမြင်သလိုပဲ.. 
အလွမ်းတွေကို....ဒီဆောင်းရဲ့မြောက်ပြန်လေနဲ့လွင့်
လိုက်ရရင်ကောင်းမလား.....
အချစ်တွေကို.....ဒီနွေရဲ့တောင်လေနဲ့ထဲ့လိုက်ရရင်ကောင်းမလား...
သံယောဇဉ်အားလုံး......
ဒီမိုးရဲ့သဘာဝလွန်မုန်တိုင်းနဲ့မြောလိုက်ရမလား။
ကောင်းကင်က လနဲ့ကြယ်တွေ အိပ်ငိုက်တာ
မြင်ခဲ့ဖူးတဲ့သူတစ်ယောက်ပါ လို့မင်းပြောအုန်းမှာလား။
စီးဆင်းသွားတဲ့ မြစ်သံလွင်....
မင်းဆီပြန်ကွေ့လာတယ်ပြောမှာလား
မင်းပြောချင်တာတွေပြောပါတော့
အရာရာ....ပေးဆပ်ဖို့ဆုံးဖြတ်ပြီးသားပါကွယ်။
မင်းနဲ့ပတ်သက်တာမှန်သမျှ....အရာအားလုံး
ငါပွေ့ပိုက်ဖို့ စဉ်းစားပြီးသားကွယ်။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
အမြဲကျေးဇူးတင်နေပါတယ်ရှင်။
သူငယ်ချင်းများရဲ့...jasmine



 

4 comments:

အားပေးသွားတယ်နော် စံပါယ်... မော်ဒန်ကဗျာလေးက ကောင်းပါရဲ့..

အာပေးဖတ်ရှုသွားပါတယ်ဗျာ။။

အမ ဂျက်ဖတ်ရင်းနဲ့ တောင် ကျွှန်တော်
တောင်ကြီးမဟုတ်တဲ့ တစ်ခြားတစ်နေရာကိုရောက်နေလို့ 
တောင်ကြီးကိုတောင် လွှမ်းသလိုပဲ

ဖတ်ရတာ ကောင်းတယ် အမ
ဟီးးကောင်မလေးကိုပဲလွှမ်းနေတယ် ခုသူက စလုံးမှာလေ

ခံစားအားပေးသွားတယ် Jasmineရေ...
လွမ်းထှာနော်...ဘယ်သူကိုလွမ်းရမှန်းမသိတာပဲ ဆိုးတာ:Pကောင်းသောနေ့လေးဖြစ်ပါစေ။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More