Thursday, 14 April 2011

***တိုက်ဆိုင်လိုက်ရင်တော့ သေပြီ*** (ဟာသချစ်သူများသို့)

                                      * ထပ်နာချင်ပြီထင်တယ်*

ဇနီးဖြစ်သူ မခင်၏ နှိပ်စက်မှုကို မခံနိုင်သည့်အဆုံး ကွာရှင်းပြတ်စဲခွင့်ပြုပါရန် ယောက်ျားဖြစ်သူ ကိုမောင်က တရားရုံးတွင် တင်ပြလိုက်သည်။
တရားသူကြီးက မခင်ကို မေးမြန်းသည်။
“မခင် ကိုမောင်ရဲ့ ပါးကိုရိုက်တယ်ဆို။ ဟုတ်လား။”
“ကျမရဲ့ ယောက်ျားပဲ တရားသူကြီးရယ်။ ကျမက ရိုက်ရက်ပါ့မလားရှင်။”
တရားသူကြီး ထပ်မမေးခင် ---
“မဟုတ်ဘူး တရားသူကြီးမင်း။ သူလိမ်ပြောနေတာပါ။” ဟု ကိုမောင် က ဖြတ်ပြော လိုက်ရာ--
မခင်က ဒေါသတကြီးဖြင့် ----
“ကိုမောင် ရှင့်ပါးစပ်ပိတ်ထားစမ်း။ ကျန်တဲ့ ပါးတဖက် ထပ်ကွဲချင်လို့လား။”


                          *ကိုယ့်ကိုယ်ကို အထင်မကီးနဲ့*

ကိုမောင်နှင့် မခင်တို့ ညားခါစ ပူပူနွေးနွေးလင်မယား နှစ်ယောက် အပြန်အလှန် ကတိက၀တ်ပြုကြသည်။
အဲဒီ ကတိက၀တ်သစ္စာကတော့ လင်ဖြစ်စေ၊ မယားဖြစ်စေ တယောက်အပေါ် တယောက် သစ္စာဖောက်မိလျှင် သစ္စာဖောက်မိသူသည် ဘုရားစင်အောက်မှ မိမိသက်ဆိုင်ရာ စားပွဲခုံအံဆွဲထဲတွင် ပဲစေ့တစေ့ကျထည့်ထားရန် သ ဘောတူကြသည်။
သည်လိုနှင့် သုံးနှစ်ကြာလာသည်။
ကိုမောင်၏ အံဆွဲတွင် ပဲစေ့ သုံးစေ့ရှိနေသည်။ ကိုမောင်မှာ သူ့ဇနီးသစ္စာဖောက်မဖောက်သိလို၍ မခင်၏ အံဆွဲ ကို ဖွင့်ကြည့်လိုက်သည်။
အံဆွဲတွင် ပဲစေ့တစေ့မှ ရှိမနေ။
ကိုမောင် ၀မ်းသာသွားသည်။ သူသစ္စာဖောက်မိသည့်အတွက်လည်း စိတ်မကောင်းဖြစ်မိသွားသည်။
သို့နှင့် ကိုမောင်က မခင်ကိုပြောလိုက်သည်။
“ခင်က မောင့်အပေါ် တခါမှ သစ္စာမဖောက်ဘူးနော်။ မောင်မှားခဲ့တာတွေအတွက် တောင်းပန်ပါတယ် အချစ်ရယ်။”
ထိုအခါ မခင်ကလည်း ပြန်ပြောသည်။
“အို မောင်ရယ် - ခင့်ကိုလည်း သိပ်အထင်မကြီးပါနဲ့ အမှန်ပြောရမယ်ဆိုရင် ခင်လည်း သစ္စာဖောက်မိ တာတွေ ရှိခဲ့ပါတယ်။ မောင့်ကို ပဲဟင်းချက်ကြွေးခဲ့တာပဲ နှစ်ခါရှိပြီလေ။ ညနေစာတောင် ချက်ထား သေးတယ်။



*တိုက်ဆိုင်လိုက်ရင်တော့ သေပြီ*

သူငယ်ချင်းသုံးယောက် လက်ဖက်ရည်ဆိုင်တွင် ထိုင်ကြရင်း တိုက်ဆိုင်မှုအကြောင်း ပြောနေကြသည်။
ပထမတယောက်က ပြောသည်။
“လောကကြီးက အံသြစရာကြီးကွာ။ ငါ့မိန်းမ ကိုယ်ဝန်ရှိတုံးက မြို့ညီနောင်ဆိုတဲ့ ၀တ္ထု့စာအုပ်ကို ဖတ်တယ်။ မွေးလာတော့ အမွှာ ဖြစ်နေတယ်ကွာ။ ”
ထိုအခါ ဒုတိယတဦးက ထောက်ခံ၍ အခုလိုပြောသည်။
“အေးကွ။ မင်းအဖြစ်နဲ့ ငါ့အဖြစ်က တထပ်တည်းပဲကွာ။ ငါ့မိန်းမကိုယ်ဝန်ဆောင်တုံးက သူရဲကောင်း သုံးယောက်ဆိုတဲ့ စာအုပ်ကို သွားဖတ်တာ မွေးလာတော့ သုံးမွှာပူးမောင်။ တကယ်အံသြစရာပဲကွ။ ”
ဒုတိလူစကားဆုံးသွားသောအခါ တတိယလူက လက်ကျန်လက်ဖက်ရည်ကို ကတိုက်ကရိုက်မော့ချရင်း ဒရော သောပါး ထပြန်လေသည်။
ထိုစဉ်ကျန်နေသော သူငယ်ချင်းများကလှမ်းမေးကြ၏။
“ဟေ့ကောင် ဘာဖြစ်တာလဲကွ၊ ”
“ဘာဖြစ်ရမလဲကွ၊ ငါထွက်လာတော့ ငါ့မိန်းမက အလီဘာဘာနဲ့ ခိုးသားလေးဆယ် စာအုပ်ဖတ်နေ တယ်ကွ။”


ဖတ်ခဲ့ဖူးသောသတင်းနှင့်မီဒီယာကွန်ယက် မှ
ရယ်သောသူသည်အသက်ရှည်ပြီးနုပျို၏။ ၀င်ရောက်ဖတ်ပေးသော
သူငယ်ချင်းအားလုံး ဟာသများဖတ်ပြီး 
အသက်ရှည်ပြီးနုပျိုပါစေရှင်။
jasmine

2 comments:

ရီသောသူအသက်ရှည်၏တဲ့ တော်တော်ရီရပါတယ်၊ မစံပါယ်ရေ။ အေးချမ်းပါစေ။

အရမ်းကိုရယ်ရပါတယ်...
"ကိုယ့် ကို ကိုယ် အထင်မကြီးနဲ့"
ကို ကြိုက်ပါတယ်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More