Monday, 25 April 2011

***မောင့်ကိုလွမ်းတဲ့ညလေး***

မောင့် ကိုလွမ်းခဲ့ဖူးတဲ့

ညလေး


စံပယ်တွေပွင့် ချယ်ရီလွင့်တဲ့


ညလေး


လမ်းမီးတွေေ၀၀ါး...နှင်းကျသံအလား
...တစ်ဖျောက်ဖျောက်

အဲဒီညလေး


ပတ်ဝန်းကျင် မှိုင်းပျပျ


အိမ်အပေါ်ပိုင်းကမြစိမ်းတောင်က မှုံဝါးဝါး


မောင့် ကိုချစ်ခဲ့ဖူးတဲ့ညလေး


မိုးနှင်းတွေကတဖွဲဖွဲ


အေးချမ်းမှုတွေပြိုလဲလို့


သောကလမ်းပေါ်ကအိမ်မက်လေး


ရင်ထဲက သစ်ပင်


ပြိုလဲ


ကြေကွဲ


မခိုင်မမြဲတော့


သစ်ပင်လေးရေ.........


အိမ်မက်ရဲ့.....တနင်္ဂနွေအားလုံး


အပိုင်သိမ်းလိုက်တာလား


သိုးကလေးဟန်ဆောင်ပြီး လာခဲ့တာထင်တယ်


ကြယ်တွေလဲစိတ်ဆိုး.....နေမင်းကြီး
မျက်ရည်ကျ

ငွေစန္ဒာတိမ်တွေဖုန်း.......အို
ကွယ်

လောကရယ်...ဘာမှမရှိတော့ပါလား။



မိမိကိုယ်ပိုင်အချိန်များကိုအသုံးပြုပြီး
ဝင်ရောက်ဖတ်ပေးနေသော
သူငယ်ချင်းအားလုံးကို 
jasmine နှလုံးသားထဲမှထာဝရကျေးဇူးတင်ပါတယ်ရှင်။ 

6 comments:

အမရေ တောင်ကြီးက မြစိမ်းတောင် ကအခု တော်တော်လှနေပီ
အသစ်ဆောက်နေတာ လေ အမတို့ အိမ်နဲ့ နီးလို့ လား
အလွှမ်းလေးကိုအားပေးနေမယ်နော်အမ

လွမ်းတဲ့ညလေးကို ဖတ်သွားတယ်။ ကိုယ်တိုင်လည်း ၀င်ခံစားပြီး လွမ်းသွားတယ်။

Jasmine ရေအတူတူလွမ်းသွားတယ်နော်...:)

ကြယ်တွေလဲစိတ်ဆိုး.....နေမင်းကြီးမျက်ရည်ကျ

ငွေစန္ဒာတိမ်တွေဖုန်း.......အို ကွယ်

လောကရယ်...ဘာမှမရှိတော့ပါလား။

စာသားလေးကို အရမ်းသဘောကျမိပါရဲ့.. အားပေးသွားတယ်နော်..

mc ရေ
အမကတိုက်၆လုံးကပါ..အပေါ်မှာဘုရားဖြူလေ
ပြီးရင်မြစိမ်းတောင်ပေါ့
နွေရာသီဆိုအမြဲရောက်တယ်

လွမ်းတတ်တဲ့ကျနော်ဒီအလွမ်းကဗျာလေးဖတ်ပြီးပိုလွမ်းချင်သွားပြီဗျို့..... ကောင်းပါတယ်မမ.

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More