Friday, 16 December 2011

အချစ်၏ နောက်ဆက်တွဲ





ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးအရာ
ဆိုပြီး
မင်ပေးခဲ့တဲ့ မေတ္တာတရားဟာ
ခုတော့လဲ တန်ဖိုး အနိမ့်ဆုံးဖြစ်နေတာ
မင်းမသိတာလားသိရက်နဲ့
အိပ်ချင်ယောင်ဆောင်နေတာလား
ချစ်ခြင်းဆိုတာ - ငါ - မင်းကို  ပြော ခဲ့ဖူးပါတယ်
ရသ အားလုံးကိုဖန်တီးနိုင်စွမ်း
ရှိတယ်ဆိုတာလေ
အချစ်ကြောင့် - ပျော်ခဲ့ရတယ်
အချစ်ကြောင့် - ရူးသွပ်ခဲ့ဖူးတယ်
အချစ်ကြောင့် - တမ်းတခဲ့ရပြီ
အချစ်ကြောင့် - လျှို့ဝှက် တတ်လာတယ်
အချစ်ကြောင့် - လွမ်းဆွတ်ခြင်းတွေသိလာရတယ်
အချစ်ကြောင့် - နာကျင်ခြင်းတွေလဲခံစားတတ်ရတယ်
အချစ်ကြောင့် - တိတ်တဆိတ် မျက်ရည်တွေကျခဲ့ဖူးတယ်
အချစ်ကြောင့် -  သွေးပျက်ခဲ့ဖူးတယ်

အဲဒီအချစ်ဆိုတာ
တစ်ခြားသော
အကြောင်းအရာတွေကိုလဲ
ဆက်တိုက်ဖန်တီးနိုင်တယ်နော်
နာကျင်ခဲ့တဲ့ စိတ်ကိုဘယ်သူကုသမှာလဲ
အစိတ်စိတ် အမွှာမွှာ ဖြစ်ခဲ့တဲ့ နှလုံးသား
ဘယ်သူပြန်ဆက်ပေးမှာလဲ
အချိန်ဆိုတဲ့ သမားတော် - မင်းရော ဘယ်မှာလဲ
သံသရာဟိုဖက် ဘယ်သူမြင်နိုင်မလဲ
အဖန်တစ်ရာတိုင်အောင် - ချစ်ကြတာဘဲ
ဘာမဆိုသေချာပလေ့စေနော်
ဆင်ကမ်းတောတိုး မတိုးပါနဲ့
အကြင်နာတွေ အပြည့်နဲ့ ချစ်ခဲ့တယ်ဆိုတာ
လူတကာကို လိုက်ပြောနေစရာမလိုဘူး
လက်ရှိ အနေအထားက - သက်သေအလား
မှော်ပညာအတတ်တွေ သင်မထားတာ အမှားလား
မုန်တိုင်းထဲက မကောင်းဆိုးဝါး မျက်လုံးတစ်စုံ
ငါဆက်ကြည့်ဖို့အင်းအား ငါ့မှာ မရှိတော့ပါဘူး ။   ။

jasmine

23 comments:

အချစ်ကြောင့် ဒီနှလုံးသားလဲ ကြေလွယ်၊ ကွဲလွယ် ဝမ်းနည်းတတ်လွယ်လာသလို လွယ်လွယ်လဲ ပျော်တတ်လာတယ် အစ်မရေ...

လျှို့တော့..လျှို့ဝှက်တတ်တယ်
ဒါမယ့်..အချစ်ကြောင့်တော့.မှုတ်ဘူး :P
သူ့ရဲ့.ဂုဏ်ထူးဝိသေသတွေကလည်း
မနည်းမနောပါလားနော်း)

ချစ်ခင်စွာဖြင့်

အချစ်ရဲ့နောက်ဆက်တွဲတွေကလဲ အတော်များသားနော်

ကဗျာလေး လာဖတ်ပါတယ်... စံပယ်ရေ။
"အချစ်ကြောင့် ပျော်ရတယ်
အချစ်ကြောင့် ရူးသွပ်ခဲ့ဖူးတယ်
အချစ်ကြောင့် တမ်းတခဲ့ရပြီ
........"

(စကားမစပ်လေ ရို့စ် ဘလော့ဂ်မှာ တင်ထားတဲ့ ကလေးလေးပုံက ရို့စ် သမီး မဟုတ်ဘူးနော်။ သူငယ်ချင်း ကလေး ဟိ)

လူတကာသိဖို့မလိုပေမယ့် အကြင်နာတွေနဲ့ ချစ်ခဲ့တာ ဒို့နှစ်ဦးတော့ သေချာပါစေပေါ့နော် :P

အစ်မရေးတဲ့ အချစ်ရဲ့ နောက် ဆက်တွဲ တော်တော် များများ ခံစား ဘူးပါတယ်

အချစ်ကြောင့်.......
အချစ်ကြောင့်.......
အချစ်ကြောင့်.......
တွေ... တော်တော်.....လုပ်တက်လာခဲ့ တယ်နော်...

:)

အချစ်ကြောင့်...ဟောသည်ရင်တွေ ကွဲအက်ဖူးတယ်

အချစ်ကြောင့်...အရာအားလုံးမှောင်မိုက်လို့ ငိုကြွေးခဲ့ရဖူးတယ်

အချစ်ကြောင့်...ခါးသီးခြင်းဒဏ်ရာတွေနဲ့ နေ့ရက်များစွာ ကျော်ဖြတ်ခဲ့ရဖူးတယ်

အချစ်ကြောင့်....အချစ်ကြောင့်....အချစ်ကြောင့်....အချစ်ကြောင့်....အချစ်ကြောင့်....အချစ်ကြောင့်.......... :))))

ချစ်ခင်လျက်
Junemoe

နောက်ဆက်တွဲလည်း ချစ်နိုင်ကြပါစေ ...

မုန်တိုင်းထဲကကမကောင်းဆိုးဝါး မျတ်လုံးတစ်စုံ..
ဆတ်ကြည့်ဖို့အင်အား ငါ့မှာမရှိတော့ဘူး..။

အချစ်ဆိုတာ ဆန်းကြယ်တယ်။
အချစ်ကြီးသူများ ပျော်ရွှင်ကြည်နူးစရာများနဲ့ ကြုံတွေ့ရသလို
အချစ်ကြီးသူများ ဝမ်းနည်းကြေကွဲ လွမ်းစရာများနဲ့လည်း ကြုံတွေ့ရတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဂျက်ရဲ့ကဗျာလေးတွေဖတ်သွားပါတယ်- "Wonderful "X"mas and
Happy New Year" များစွာအတွက်လည်းဆုတောင်းပေးခဲ့ပါတယ် သူငယ်ချင်းလေးရေ

တစ်ခေါက်လောက် ကြည်နူးရတဲ့ အချစ်အကြောင်းရေးပါအုံး၊ သူငယ်ချင်းတွေ အပျိုကြီးများများလှပြီ

မမရေ...ဆန်းကြယ်တဲ့ ခံစားမှုရဲ့ လှည့်စားချက်အောက်မှာ အချစ်ဆိုတဲ့ ဝေါဟာရ လေးက ထည်ထည်ဝါဝါနဲ့ ပါလား မမရေ...
ခံစားအားပေးလျှက်.....
အာာာဘွားးးး မမ:):)

ဒီကောင်ကြီးကြောင့်ပဲ ခက်တယ်ခက်တယ် အမတော်ရေ

အော် အချစ် အချစ်...
ဟင်း (သက်ပြင်းသံ) :P

ကဗျာလေး ကောင်းတယ်မမ :D

ကဗျာလေးလာဖတ်သွားတာနောက်ကျသွားတယ် မမရေ
မအားတာနဲ့ ကဗျာလေးကြိုက်တယ်ရှင့်

ခရစ်စမတ်နီးပြီနော...ခရစ်စမတ်အလွမ်းလေးတွေလည်း ရေးပါဦးလား...

ပျော်ရွှင်ငြိမ်းချမ်းသော ခရစ်စမတ်အခါတော်မှာ ကောင်းကြီးမင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေလို့ ကြိုပြီးဆုတောင်းပေးလိုက်ပါတယ်...

အချစ်ကြောင့် အသဲကွဲရဖူးသလို
အချစ်ကြောင့်လည်း ပုလင်းကိုဆွဲခဲ့ရဘူးတယ်..တိန်

ဆက်ကြည့်လို့မရရင် ခနလေး ရပ်ထားလိုက် ထမင်းဟင်းချက်ပြီးမှပြန်ကြည့်နော်မမး)

အချစ်ကြောင့် အားအင်တွေ
ကုန်ဆုံးခဲ့ရတာပါလား.....
အချစ်တွေနဲ့ရှင်သန်နေနိုင်ပါစေစပါယ်ချိုေ၇

ဆင်ကန်းတောတိုးတာက န သတ်နဲ့ ကန်းပါတယ်။ အင်အား မှာလည်း ၀စ္စပေါက်ကြီးနဲ့။ ကျွန်တော်တစ်ခုအကြံပြုပါရစေ။ ကဗျာဆိုတာက စာသားနည်းနည်းနဲ့ ခံစားမှုများများပေးရတဲ့အရာလို့ထင်ပါတယ်။ သတ်ပုံလေးတွေပိုသတိထားရင် ခံစားရတဲ့လူအတွက် ပိုပြီးအရသာရှိပါလိမ့်မယ်။ အဲဒီလိုမဟုတ်ရင် ကဗျာပါပေါ့သွားတယ် မဂျပ်စမင်။
ကဗျာကို ခံစားဖတ်သွားပါတယ်။

အချစ်ကြောင့် နာကျင်ရတဲ့စိတ်ကို အချိန်က ကုစားသွားပေးပေမယ့်
အစိတ်စိတ်အမွှာမွှာ ကွဲပြီး သေဆုံးသွားတဲ့နှလုံးသားကတော့ ပြန်လည်ရှင်သန်ဖို့ရာ တကယ်ခက်တယ်နော်။

ခင်မင်စွာဖြင့်
မြတ်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More