Wednesday, 14 December 2011

အလွမ်း တဆောင်းသစ်



အဲဒီည 
ကြယ်တွေကြွေတဲ့ ည
စံပယ်တွေဝေတဲ့ ည
ချစ်ခြင်းတွေ လူမသိ သူမသိ
တွေဝေခဲ့တဲ့ ညလေးပေါ့ -

ဒီလိုနဲ့ပဲ
လွမ်းစရာတွေဖြစ်သွားခဲ့တာလား
အစိုးမရတဲ့ ကမ္ဘာကြီးမှာ
ရိုးသားစွာ ချစ်ခဲ့တဲ့ငါ့ကို 
အတိုးမပေးချင်နေပါ
အရင်းလေးတွေတော့ မရှုံးချင်ဘူး -

အလွမ်းတွေက ကဗျာဆန်တာလား
ကဗျာဆန်တဲ့ အတွေးတွေကို
ကျွန်မက လွမ်းနေတာလား
ကိုယ်တိုင်မသိတဲ့ အဖြေ
သံယောဇဉ်တွေကတော့
မိုးသက်လေပြင်းချိန် 
ပန်းခရေ ကြွေကျနေသလို
တဖြုတ်ဖြုတ် နဲ့ကြွေနေလေရဲ့
ကုန်ပဲ မကုန်နိုင်ဘူး -

ချစ်သူရဲ့ တံခါးခေါက်သံလို့ထင်မိတယ်
တဒေါက်ဒေါက်နဲ့
ထကြည့်လိုက်မိတော့
နှင်းမိုးတွေ တဖြောက်ဖြောက်နဲ့
နှလုံးသား တံခါးကို
ဆွဲဖွင့်ခြင်းခံလိုက်ရပြီး
မိုးနဲ့ နှင်းတွဲရက်ကာ
ရင်ဘတ်ကို ရိုက်ခတ်
သံယောဇဉ်တွေ နာကြင်ရပြီး
ကြင်နာသူနဲ့ ဝေးတဲ့
ဒီဆောင်း ။




jasmine

25 comments:

လာခလုတ်တိုက်ပြန်ပြီ ဒီဆောင်းကိုး)

လွမ်းလဲလွမ်းနိုင်လွန်းတယ် ဟွန်း

သြော်.. ဒီဇင်ဘာ အလွမ်း... စပယ်တွေပွင့်၊ ခရေတွေတောင် ကြွေရှာပပေါ့ မဂျက်စ်ရေ....။ ကဗျာလေး အရမ်းကောင်းပါတယ်ခင်ဗျာ။ ခံစားသွားပါတယ်။

မjas ရေ..ဆောင်းအေးအေး မှာ အလွမ်းတွေအကြောင်း တွေးနေတာလား ...
လွမ်းသွားတယ်နော်
ချစ်တဲ့
အိမ်မက်

ပြီးရင် အလွမ်း နှစ်ဆောင်းဟောင်း လာဦးမလား မသိ။
ဒီအပျိုကြီးတွေနဲ့တော့ ခက်ပါ့။ လွမ်းလဲ လွမ်းတတ်ပါ့နော်။း)

သဂျီးနော် သူကိုယ်တိုင်ကြိတ်လွမ်းနေတာများကိုပဲပြောနေတာပဲ
မြို့တက်ပြီးပုလိပ်ရုံးကိုသွားတိုင်မယ်

မမနော်
ဆောင်းတွင်းမှာ ခံစားနေရပါတယ်ဆိုမှ...ဟင့်...လွမ်းတောင်သွားတယ်..:D
ကဗျာလေး ကောင်းတယ် မမရေ..ရင်ဘတ်နဲ့ ဖတ်သွားတယ်နော်..

ခင်လျက်
Junemoe

လောလောဆယ်တော့ နှင်းပျောက်တဲ့နွေ နားထောင်နေတယ် ဟဲဟဲ :P

အလွမ်းတောက ဂျက်ဂျက်ရေ။ လွမ်းတော့လွမ်းပေါ့
အိုဗာဒို့စ်တော့ မဖြစ်အောင်သတိထားနော်း)ဖြေဆေးရှာရခက်လို့ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မငိုချင်ဘူး..ဒီဆောင်းတစ်ညတော့..း))

အလွမ်းနှင်းတွေ သဲနေတုန်း။

မိုးမြင့်တိမ်

ကြင်နာသူနဲ့ဝေးတဲ့ဒီဆောင်းတော့
ဆွေးပြီပေါ့မမရယ်

ဆောင်းရယ်... လွမ်းတယ်... ဆောင်းမရှိတဲ့ ဒီနေရာမှာ နေရတာ ပျော်ဝူး :P

မအေးတဲ့ဆောင်းမှာလဲ ချစ်သူ့ရင်ခွင်နဲ့ နွေးထွေးချင်မှာပဲလေ...။ ဆန္ဒတွေပြည့်ဝပါစေ....။

လူမသိ သူမသိ အဲဒီညက အလွမ်းတွေ ဆောင်းသိပါတယ်လေ...:):)
မမရေ အတူတူလွမ်းကြမယ်လေနော်....:P

ကြင်နာသူ နှင့် ဝေးတဲ့ သည်ဆောင်း ..... ဟုတ်ပ ... ဟုတ်ပ

အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ပါစေနာ် အမတော်
ကဗျာလေးကို အားပေးခဲ့တယ်နော်

ညည်းအေ
နွေ နွေမို့လို့ ဆောင်း ဆောင်းမိုလို့
လွမ်း လွမ်းနိုင်လွန်းတယ်အေ..:D

မဂျက်ရေလာလည်သွားပါတယ်.
ဒါနဲ့.... နေကာမျက်မှန်လေးနဲ့ပုံကဘယ်သူလဲဟင်။
ခင်တဲ့ camomilla

ဖတ်ပြီး လွမ်းသွားတယ်

တဖြုတ်ဖြုတ်နဲ့ ကြွေကျသွားတာ ။ သံယောဇဉ်တွေ ကုန်ပါရောလား။ ဟမ်

သရဲခြောက်တတ်တဲ့ ဒီဆောင်းလည်း ရှိပါသေးတယ်ဗျ ..း)

ကြင်နာသူနဲ့ ဝေးနေတဲ့ ဆောင်းညတွေက ပိုလို့ ညတာရှည်တယ်လို့ ထင်မိတယ် အစ်မရေ...
ကဗျာကောင်းလေး ခံစားအားပေးသွားပါတယ်...

အချစ်ကို အတိုးနဲ့ အရင်းနဲ့တင်စားသွားတာတော့ သဘောကျမိပါတယ်။ အဲဒီကဗျာအတွက်လည်း မှတ်ချက်ပေးပြီးသားလို့ထင်ပါတယ်မဂျပ်စမင်။ ဘယ်ရောက်သွားမှန်းကိုမသိတော့တာပါ။

ဒီမှာ ကဗျာတွေ လိုက်ဖတ်ကြည့်မိနေတယ်။ ဒီကဗျာလေးက ရင်ထဲပိုရောက်မိတယ်။ ရေးတတ်လိုက်တာ ...
အားပေးလျက်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More