Saturday, 10 December 2011

ကြည့်သင့်သော အရာ

ဖြူဖြူမဲမဲ မသဲကွဲ
ဖြူချင်ဖြူ မဲချင်မဲ
အနေသာတဲ့ မင်းပါပဲ။
ပိန်ပိန် ၀၀ မလှမပ
ပုပု ရှည်ရှည် လူဗီလိန်
ဘယ်သူသေသေ ငတေပြီးရော
ဝေဖန်ပိုင်းခြား မင်းအလုပ်လား
နေသာ သမ လေညာက
တာဝေးအပြေးသမား မင်းလေးလား
မမောမပန်းခရီးတန်း
ရေပက်မ၀င်ပါးစပ်ပြင်
ဝေဖန်ပိုင်းခြား မင်းအလုပ်လား
သတင်းတွေလား
အတင်း လေလား
သတင်းတွေကို 
အတင်းလုပ်
မဟုတ်မဟတ်တွေ 
အဟုတ်လုပ်လို့
ဒေါသတွေ မောဟတွေပြည့်နေတဲ့-----မင်း
ဘ၀လမ်းမှာ အဆုံးသတ်တာ
သေခြင်းတရား မမြဲအား
ဒါကြောင့်
သိက္ခာကိုကြည့် နှလုံးသားထိ
ရင်တွင်းထိုးဖောက်မြင်ပါစေ ။

jasmine

29 comments:

ကဗျာဟောင်းလေးပါပဲရှင် ဆားချက်တယ်လို့ပြောလဲခံရမှာပဲနော်
သူငယ်ချင်းတစ်ယောက်က တောင်းဆိုထားလို့ပြန်တင်ပေးတာပါရှင်
ကျေးဇူးတင်တဲ့ jasmine

“သိက္ခာကိုကြည့်..နှလုံးသားထိ
ရင်တွင်းထိုးဖောက်..မြင်ပါ၏..”း)
(ကဗျာလေးအား.....)


ကြိုက်ပါ၏ :P

အားပေးလျှက်

ဟိဟိ တစ်မျိုးတော့ တစ်မျိုးပဲ အမရေ
အာေးပး ဖတ်ရှုသွားပါကြောင်း

ခင်မင်လေးစားလျှက်
(ဒုတိယ)

ကဗျာကောင်းလေးပဲ မမရေ...
တကယ်ထိတယ်ဗျာ။ သိက္ခာကိုကြည့်တတ် မြင်တတ်ကြပါစေဗျာ။

ခင်လျက်
Junemoe

အဟောင်းဆိုပေမဲ့ မဖတ်ရသေးတော့အသစ်ပေါ့မမရေ
ရသတစ်မျိုလေးထိတယ် တကယ်

ကြိုက်တယ် အမေတော်ရေ အားပေးလျှက်

ဘယ်သူ့ကို ရည်ရွယ်တယ်ဆိုတာ မပြောလဲ သိပါတယ်ကွယ်။

သတင်းတွေလား အတင်းတွေလား......မေးကုန်ပါပြီ...
Jasmine ရေ ခုမှေ၇ာက်ဖြစ်တယ်... နေကောင်းတယ်နော်.........
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

ဟုတ်ကဲ့ ဖောက်ကြည့်ဖို့  လွန်ပူ လိုက်ရှာနေပါတယ်ဂျာ။

ဖောက်ထွင်းမှုတွေ ဖမ်းနေတယ်နော် တော်ကြာ ရင်ဖောက်ထွင်းမှုဖြစ်ပေါ်နေအုံးမယ် သတိပေးတာပါ :P

လာဖတ်တ်..ကြည့်လည်းကြည့်တယ်..
ဘတ်
မမြင်ရဘူး.. :D

ဂျက်မရယ်....ညည်းဘယ်သူ့ကိုတည့်တည့်ပြောနေသတုန်း.....သဂျီးကိုလား..:P

ဟုတ်.. ကြည့်သင့်တာကြည့်ပြီး မြင်သင့်တာမြင်အောင် ကြိုးစားပါ့မယ် :D

ကဗျာလေး လာဖတ်သွားပါတယ် မစံပယ်
လှသော တနင်္ဂနွေပါ။း)

ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး အမှန်အတိုင်းပြောတာပါ
တစ်ကယ်လို့ရည်ရွယ်ခဲ့ရင်လဲ ဘယ်သူဘယ်ဝါကို ရည်ရွယ်ပါတယ်လို့ရေးထားပါတယ်-----
ရိုးသားစွာရေးခြင်းဖြစ်ပါ၏ ။

မမဂျက်ရေ
ကဗျာလေးက ဒဲ့ ပြောနေသလိုပဲ
ယုံပါတယ် ရင်ထဲကဆိုတာလေ

ခံစားသွားခဲ့ပါတယ် မစံပယ်...။

လောကအလယ်က ခရီးလမ်း ကိုတော့ ကျွန်တော်တိုသိက္ခာ တွေနဲ့လှမ်းနိုင်အောင် ကြိုးစားနေပါတယ်းးးp။

ကဗျလေးကောင်းတယ် မမဂျက်ရေ.. ရှယ်မယ်နော် ရလား..
ခင်တဲ့
အိမ်မက်

သားသားပြောနေတာလားဟင်

အင်း ပြောရရင် အလွမ်းကဗျာ လေးတွေ နဲ့ပဲ ဂျက်ကိုပိုတွဲမြင်မိတယ်။

စကားမစပ် ဘန်နာလေး လှတယ်နော်... :)

jas ရေ..အရမ်းခံစားနေရတယ်ကွယ်..
ဘာကိုမှမကြည့်အားသေးပါဘူးလေ..

ကြည့်စရာရှိတဲ့သူတွေ ကြည့်ကြပေါ့လေ။ ကြည့်သင့်တဲ့အရာကို ပြောပါတယ်။း)

ဖြူချင်ဖြူ မဲချင်မဲ အနေသာတဲ့ မင်းပါပဲ။ ဟားရှားပါး မိုက်တယ် မဂျက်ရေ။ (စကားမစပ် ဘုန်းဘုန်း တစ်ပတ်ကျော်လောက် ဆားငန်နေဦးမယ်နော်...)

အင်း.... မြင်အောင်ကြည့်...။

မကြည့်မိလို့မမြင်ခဲ့တာပါ ဂျက်ရေ။
မြင်အောင်ကြည့်တတ်ဖို့ ကြိုးစားပါ့မယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြင်အောင်ခံစားပြိး ကြည့်သွားတယ်မမ :):)

အသစ်မတက်ပါလားလို့ လာကြည့်မှ မဖတ်ရသေးတဲ့ဒီကဗျာကိုတွေ့တယ်
ရေလည်ကြိုက်သွားဘီမမစံပယ်ရေး)

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More