Friday, 2 December 2011

အလွမ်း နှင်းမိုး


လောင်ကျွမ်းဖူးတဲ့ နှလုံးသား
ကယောင်ကတမ်း ဖြစ်ဖို့မရှိတော့ပါဘူး
အဟုတ်အမှန်တွေကိုဇယားချတော့
ပျားတုတ်ခံရမယ့်အဖြစ်
ပေါက်ကရ အလွမ်းတွေနဲ့
ကမောက်ကမ ဖြစ်နေလို့
ဘ၀ကို အဖတ်ဆည်ဖို့
ရေစစ်လဲ မလုံလောက်
အမြစ်တွယ်နေတဲ့ အလွမ်း
ရင်ဘတ်ထဲအပြည့်
သစ္စာတရားတွေ ဟိုတစ ဒီတစ
ငါ့ရဲ့ အကြင်နာတွေက မင်းအပေါ်
အပြည့်အ၀ပါပဲ
ချစ်ခြင်းတွေက
ဘ၀ဆက်တိုင်း
အမှတ်ရစရာ အပြည့် ။ 

ချစ်သူအတွက် စေတနာအမှန်
အပြန်တစ်ရာသေစေတော့
အဆိုးအညစ်တွေ
အတုအယောင်တွေဖုန်းနေတဲ့လောက
သောကကိုအရောင်ဆိုး
ခပ်သိုးသိုးအနံ့တွေ လှိုင်လှိုင်ထ
ခံစားချက်လေး အတိုအစနဲ့
ညိုမြ လာမလုပ်နဲ့
တော်မ၀င်တဲ့ အချစ်တွေအတွက်
မှော်ဆရာ လိုလို  တစ္ဆေ လိုလို
ကောင်းကင်ကြီးက ရုတ်တရက်ပြိုကျ
အော်.......အရင်တုန်းကတော့
သက်ဆုံးတိုင် ပေါင်းပါရစေတဲ့
ခုတော့ဖြင့် တောင်းပန်စကား
ပြောဖို့ အင်အား ငါ့မှာမရှိ
ရင်ထဲထိအောင် ဝေဒနာခြေရာ
အကြင်နာကဗျာ ရင်တွင်းကဖြစ်
နှလုံးသားထဲနှစ်ပြီး
ဥပေက္ခာရပ်ဝန်း 
သမုဒယ နှင်းမိုးလေးတွေ
တဖွဲဖွဲနဲ့ မစဲတော့ဘူးကွယ် ။


jasmine



21 comments:

ကဗျာလေးကောင်းတယ် ဗျာ ...

ချစ်ခြင်းတွေက ဘဝဆက်တိုင်း အမှတ်ရ စရာ အပြည့် ...တဲ့ ...

အဲ့စာ သားလေး အရမ်း ကြိုက်တယ် ...

ခင်မင်စွာ ဖြင့်

မောင်ဘုန်း

ရင်ထဲကို အလွမ်းမိုးတွေ တဖွဲဖွဲရွာသွားတယ်ဂျာ..

ချစ်ခင်လျက်
Junemoe

သမုဒယနှင်းမိုးလေးတွေ
တဖွဲဖွဲနဲ့ မစဲတော့ဘူးကွယ်...

ဒါကြောင့် ဒီမှာ ခိုက်ခိုက်တုန်ချမ်းနေတာ။း)

ကဗျာလေးခံစားသွားပါတယ်
မမတို့များတော်လိုက်တာ ရေးတတ်ပါပေ့

သမုဒယနှင်းမိုးလေးတွေ....တဖွဲဖွဲနဲ့မစဲတော့ဘူးကွယ်.....တဲ့လား.....။
ဟင့်...ဒီမှာတော့ နှင်းမိုးနေနေသာသာ ၃၀ဒီကရီအောက်တောင် မဆင်းဘူး
ကွယ့်.....:)

ကဗျာလေး ကောင်းတယ် အစ်မ...
အစ်မကိုတော့ တကယ် အားကျတယ်...

မုန်လာထုတ်နော် ကြည့်နေကြည့်စား အမီးဆွဲကိုင်ပေါက်လိုက်မယ်..ဟွင်းဟွင်း တိတယ်နော် နအကြောင်း

သူများနေတဲ့နေရာမှာလည်းအေးလိုက်တာ
အေးလေ..လွမ်းလေဘဲ..

တောင်ကြီးကို လွမ်းနေတယ် မဟုတ်လား ဂျက်။ အလွမ်းတွေ ဒီထိ ဖိတ်လျှံလာတယ်။

အလွမ်းနှင်းမိုးတွေလာကောက်သွားတယ်ဗျို့...

ခံစားချက်လေး အတိုအစနဲ့
ညိုမြ လာမလုပ်နဲ့


ဒီနေရာလေး ကြိုက်တယ်.......။ အားပေးခဲ့တယ်ဗျို့......။

အလွမ်းနှင်းမိုးတွေနဲ့ရေချိုးသွားပါတယ်..:P

အလွမ်းနှင်းမိုးကို မျှော်နေတာ...:)

အလွမ်းတောက ဂျက်ရေ။ အလွမ်းနှင်းမိုးလေးတွေကို အားပေးသွားတယ်နော်။ မရိုးနိုင်အောင် ဆက်တိုက်ရေးနိုင်တဲ့ ကဗျာဆရာမလေးကို ချီးကျူးမိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အားပေးခဲ့ပါတယ် အမတော်ရေ

အလွမ်းတွေ အမြန်ငြိမ်းအေးပါစေ....
ကဗျာရှည် လေးကိုဖတ်သွားတယ်။

ဆောင်းက ခံစားတတ်သူတွေအတွက် အရမ်းလှတယ်နော်မမ

ငါလည်း ဆောင်းကို ကြိုက်တယ် မမတဲ့ဟ သူများတွေက
ငါလည်း ခေါ်ချင်တာပေါ့ ဆောင်ကြိုက်တဲ့ မမ catစမင်းရေ..

မစံပယ်.....
ဖတ်လို့ကောင်းပေမယ့်
ရေးတဲ့သူအတွက် ကောင်းမယ်မထင်ဘူးနော်။

သောက ကိုအရောင်ဆိုး
ခပ်သိုးသိုး ရနံ့တွေ လှိုင်လှိုင်ထ.။

အဲဒီ စာသားလေးတွေကို ကြိုက်တယ်ဗျာ။

မမကြီးကဗျာတွေတောင်သနားလာပြီ

အခုပဲ အလင်းသစ်ဆီက ပြန်လာတာ...။
ဒီမှာလည်း လွမ်းနေပါရော့လား...။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More