Wednesday, 17 August 2011

အချစ်ဟောင်း အတွက်ဆုတောင်း







အလကာင်္တွေက မလှပတဲ့ ဘဝ
အကြင်နာတွေကင်းတဲ့ မင်းလဲ
အဝေးကိုထွက်ခွါသွား တော့
ချစ်သူကို...... အတွေးနဲ့ ......ငေးကြည့်မိရင်ပဲ
မေးဖို့မလိုတဲ့ မေးခွန်းတွေ......ရင်ထဲ မှာ
အမြစ်တွယ်ပြီဖြစ်လို့.....ကွယ်ရာကနေ
မှတ်ကျောက်တင် မခံရတဲ့
တခါက အလွမ်းများ အတွက်
မျက်ရည်တွေ ဒီးဒီးကျ
ကြိုးပြတ်တဲ့ ဂီတာလဲ တီးမရ
သံစဉ်တွေ ပျောက်ဆုံး
အကြောက်ဆုံးက မင်း အမုန်း
မြင်နေကျ အပြင်အဆင်မဟုတ်ပဲ
မာယာပေါ် ပျားရည်လောင်း
အကောင်းတကာ့  အကောင်းဆုံး
စကားလုံးတွေ သုံး........
ကောင်းကင်ကြီးပြိုကျလဲ
အို မသွားတဲ့ ချစ်ခြင်းနဲ့
အရွယ်လွန်ထိ အတွယ်အတာ များစွာနဲ့
ရင်ဘတ်နှစ်ခြမ်း ဗြန်းဗြန်းကွဲပါစေ
မင်းကလွှဲရင် ဖွဲနဲ့ စားကွဲ

ခုတော့ သူ့စကား
ယုံစားဖို့ခက်ပြီ
တောင်တန်းတွေအိုစာ
စံပယ်တွေ အရွယ်လွန်ကာ
ကြွေကျ မြေခရတဲ့ ဘ၀ စာမျက်နှာပေါ်က
နှလုံးလမ်းကြောင်းလဲ
ပေါင်းဆုံ ဖို့မရှိ
အသိတွေနောက်ကျ....ထိရှထားတဲ့
အသဲ...... ကြေကွဲတဲ့ အရောင် ကြောင့်
ခပ်မှောင်မှောင် တော့ဖြစ်နေသား။

အပြုံးအတုတွေ မသုံးမိဖို့ ကြိုးစားရင်း
အမုန်းစစ်စစ်တွေနဲ့ ငါ့ ကိုထားခဲ့တဲ့ .....နင်
အရှုံးတွေ ပွေ့ပိုက်နေရတဲ့ ငါ့ဘဝ
အပြုံးတွေ ထပ်ပြီးရှာလို့တွေ့ မှာလား။

သွားပါရစေ...မင်နဲ့ဝေးရာ အရပ်ဆီသို့
ဒီတစ်ခါ လမ်းမမှားချင်ဘူး
မင်းကတားလဲ ငါ မရပ် ပါရစေနဲ့
ရင်နှင့် ရင်းခဲ့သော စံပယ်ဖြူဖြူလဲ
လေယူရာလွင့် ခဲ့ပြီကွယ်။
    
သတိရဖို့ မလို
နုတ်ဆက်ဖို့ မလို
အပိုစကား မပြောနဲ့တော့
ဘ၀တိုတို မှာ
မင်းနဲ့ထပ် မတွေ့ဖို့ဆုတောင်းမယ်။
ချစ်သူနဲ့ ဝေကွာခြင်းဆိုတာလဲ
ခေတ်အဆက်ဆက် ဖြစ်ပျက်ခဲ့တာ
ဓမ္မတာ ပါ .....

စာဖတ်သူများအားလုံးကို လေးစားပြီးကျေးဇူးတင်တဲ့
jasmine

14 comments:

ရင်ထဲက ဖြစ်နေတဲ့စာစုလေးတွေကို စုစည်းပြီး
ကဗျာဖန်ဆင်းခြင်းသာဖြစ်ပါ၏။ ။
တစ်ဦးတစ်ယောက်ကို ရည်ရွယ်ခြင်းမရှိပါ။။။။
စာဖတ်သူ ညီအကိုမောင်းနှမ အားလုံး
လေးစားလျှက်ပါရှင်.....ဖြူစင်စွာ ချစ်ခြင်းများနှင့် အတူ.....

ထိရှထားတဲ့
အသဲ...... ကြေကွဲတဲ့ အရောင် ကြောင့်
ခပ်မှောင်မှောင် တော့ဖြစ်နေသား ဆို တာလေး သဘော ကျတယ်။ ကျနော်တော့ ဒီလိုခံစားမှု ကဗျာ မျိုး မရေးတတ်တာ သေချာတယ်။ အပြောင်နဲ့  အပျက်က လွဲလို့  ကျန်တာမရ..... :D :D :D

အရှုံးတွေ ပွေ့ပိုက်နေရတဲ့ ငါ့ဘဝ
အပြုံးတွေ ထပ်ပြီးရှာလို့တွေ့ မှာလား။
ခိုက်တယ် အရမ်း... ခံစားပြီး ဖတ်သွားတယ်နော်... xD

ချစ်သူနဲ့ ဝေကွာခြင်းဆိုတာလဲ
ခေတ်အဆက်ဆက် ဖြစ်ပျက်ခဲ့တာ
ဓမ္မတာ ပါ .....


စံပယ်ရယ်..ငိုချင်နေပါတယ်ဆိုမှ..
လာလက်တို့နေသလိုပါဘဲနော်..


" ဝေးကွာခြင်းဆိုတဲ့
မှတ်တိုင်တွေနား
အသည်းနှလုံးက
ကျောက်ချ ..ထားလို့
အလွမ်းဆိုတာ
ခံစားခဲ့ကြတာ..
ယနေ့တိုင်ပါလား... "

ကဗျာလေးကို လာဖတ်သွားပါတယ်။ အောင်ဆန်းမော်ကွန်း အတွက် ကူညီချင်စိတ်ရှိတဲ့အတွက် ကျေးဇူးတင်ရပါတယ်။ လိုတာရှိရင် ပြောပါရစေ ။

လေးစားလျက်
မင်းဒင်

'' ကောင်းကင်ကြီးပြိုကျလဲ
အို မသွားတဲ့ ချစ်ခြင်းနဲ့
အရွယ်လွန်ထိ အတွယ်အတာ များစွာနဲ့
ရင်ဘတ်နှစ်ခြမ်း ဗြန်းဗြန်းကွဲပါစေ
မင်းကလွှဲရင် ဖွဲနဲ့ စားကွဲ ''

မယုံသင့်ဘူးမမရေ...အားလုံးဒီလိုပြောကြတာချည်းပါပဲ။
စကားမဆက်...ကဗျာလေးကိုကူးထားတယ်ဗျို့မမ.. ရတယ်ဟုတ်?

ခံစားချက်တွေ သိပ်များနေပုံရတယ် ကဗျာတွေ ဆက်တိုင်ထွက်လာတယ်...။

စိုင်းစိုင်း ဒီကဗျာကို မတွေ့စေနဲ့နော်၊ ဟစ်ဟော့ဖြစ်သွားနိုင်တယ် အဟမ်း :)

အချစ်ဟောင်းလွမ်းချင်းလေးပေါ့နော်....လွမ်းနိုင်သူတွေလွမ်းကြပါ

အေးအေး...မောင်နားလည်ပါတယ်ကွယ်..နကိုရည်ရွယ်တာမဟုတ်ဘူးနော်
ချစ်သုဝေနဲ့ တိုင်ကြောမှာ...ဟွန့် 

အရာရာဟာ မတည်မြဲဘူးဆိုတဲ့ သဘောတရားကို လက်ခံလိုက်ရင် ခံစားရသက်သာသွားမှာပါကွယ်။ ရင်တွင်းခံစားချက် ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နောက်တစ်ယောက်ဒီထက်ပိုသာမယ်လို့
မှတ်လိုက်မမစံပယ်
ဒါမှသက်သာမယ်
လာလာ မဒိုးကန်ကပြမယ် နော်
စိတ်မညစ်ပါနဲ့ နော်
ခင်တဲ့
မဒိုးကန်

တစ်ယောက်တည်းချစ်တာပါဆိုတဲ့စကား
မင်းကလွဲရင် ဘယ်သူ့ကိုမှ မချစ်ဘူးတို့ ဆိုပြီး လူတွေတော်တော် ပြောကြတာ......ဟားးးးးးးး
ရည်းစားတွေသာ တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားတယ်
ဒီစကားကတော့ ပြောနေကြမြဲလေ..တိတယ်မို့လား......
ယုံနဲ့ ဘယ်သူပြောတာမှ..........

ချစ်သူနဲ့ကွဲတာ အဆန်းမဟုတ်ပါ
ခေတ်အဆက်ဆက် ဖြစ်ပျက်ခဲ့တဲ့ ဓမ္မတာ
လွမ်းချင်ရင်သာ လွမ်းလိုက်ပါ
မေ့သင့်တာတွေ မေ့လိုက်ပါ
ဘ၀လမ်းက အရှေ့မှာ
အားမာန်တွေနဲ့ ဆက်လျှောက်ရအုံးမှာ....

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More