Tuesday, 9 August 2011

တစ်ယောက်ထဲ ကျန်


ဘ၀ရဲ့  ကျန်နေတဲ့ အချိန်နဲနဲလေးကို
တဲတဲလေးလို့ မင်းကထင်နေတဲ့
သံယောဇဉ်တွေနဲ့ အချစ်ပင်လေးစိုက်ချင်တယ်။
ဘယ်တော့မှ မရပ်တဲ့ ငါ့အချစ်တွေ အတွက်
ထွက်ပေါက်တခုပေးသင့်တယ် ထင်တယ်
အမြဲ လတ်လတ်ဆတ်ဆတ် ဖြစ်နေတဲ့
ယုံကြည်မှုတွေကလဲ ဘာမှ မရှိတဲ့
ကောင်းကင်ပြင်ကြီးကို မော့ကြည့်နေရသလိုပဲ
ဇမ္ဗူတလူ ပုံတူမရှိ အလွမ်းသူရဲကောင်း
ငါတစ်ယောက်ဖြစ်နေပါရော့လား။

မာယာတွေ ပရမ်းပတာ
လိမ်ညာမှု ပွက်ထ တွေ့စကတော့
အငမ်းမရ တမ်းတမ်းတတ နဲ့
ယူပါ....ပူဆာ.... တွယ်တာမှု က အတုတွေပါ
တစ်နေ့ထက် တစ်နေ့ဝေး 
အနာဂတ်ရဲ့ အတွေး သံယောဇဉ်အခံနဲ့
အချစ်မာန်တင်ထားလဲ ခုတော့ဖြင့်
ကိုယ်တစ်ယောက်ထဲ  ကျန်   ..........

အမြဲအားပေးကာဝင်ရောက်ဖတ်နေသောသူငယ်ချင်း
အားလုံးကိုကျေးဇူးတင်လေးစားလျှက်ပါရှင်
jasmine

19 comments:

အင့် တစ်ယောက်တည်းပဲ ကျန်တော့တယ်ပေါ့။ ထားခဲ့တဲ့လူက တော်တော်ရက်စက်တဲ့လူပါလားနော်။ တွေ့စတုန်းကတော့ ကယ်ပါ၊ ယူပါ တစာစာနဲ့လေ။ ခုကျတော့ သူမဟုတ်သလိုပါပဲလား။ ကျန်းမာပျော်ရွှင်ပါစေ...

သဘောကယုံကြည်မှု့တွေမလတ်ဆတ်တော့ဘူးပေါ့?
ဟားဟား..ဖတ်လို့ကောင်းပါတယ်မမရေ..:-)

Heart ထိတယ်ဗျို့.... မာယာတွေ ပရမ်းပတာ.. လိမ်ညာမှုတွေနဲ့ ဖုံးလွှမ်းနေတဲ့ သူနဲ့နေရတာထက် တယောက်ထဲကျန်ရတာ ပိုကောင်းပါတယ် "မ"ရယ်...

ကဗျာလေးအားပေးသွားတယ်နော်။
တစ်ယောက်ထဲအထီးကျန်တယ်လို့ ခံစားချက်တွေကြားမှာ ဝမ်းနည်းနေသည့်တိုင် လူချစ်လူခင်ပေါတဲ့ jasmine အနားမှာ သူငယ်ချင်းတွေ အများကြီးရှိနေတယ်ဆိုတာ သတိပြုပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီမ ရေ

အပေါ်က မှားသွားလို့ ညီမ တယောက်ထဲ ကျန်နေရင်ပျင်းနေမှာပေါ့လို့ အမကို အဖော်ခေါ်ထား မုံ့တော့ အဝကျွေးရမယ်နော်

နောက်ဆုံးအပိုဒ်လေးမိုက်တယ်...။

ကဗျာလေးကကောင်းတယ် ဓါတ်ပုံလေးလည်း လှတယ်

ညီမငယ် jasmine
တယောက်တည်းမကျန်ပါဘူး။ ဘေးနားမှာ နီးနီးလေးမဟုတ်တောင်
နှလုံးသားစိတ်သဘောထားချင်းနီးစပ်လို့ ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ရှိပါတယ်. ( မမသဒ္ဓါအပါအဝင်နော်)။
ခင်မင်လျက်
သဒ္ဓါ

အားငယ်နဲ့နော်မမသေးသေးလေး ညလေးရှိတယ်....ညလေးကဗလတောင့်တယ် သိလား...:P:P
အာာာဘွားပေးတာတစ်ခုကျန်သေးလို့လိုက်တောင်းတာ...မေးစေ့ကျန်သေးတယ်..လေ.. :D

တစ်ယောက်တည်း ကျန်နေပြီလား..
နောက်တစ်ယောက် လာမှာပါ.. :P

တွေ့ဆုံကြုံကွဲ
အဖြစ်တွေထဲမှာ
တစ်ယောက်ထဲကျန်လဲ
အမှန်ဆုံတွေ့စရာ
တခြားမှာရှိနေအုံးမှာပါ။

း) အော် ဘဝတူတွေမို့ လာအားပေးသွားပါတယ်ဗျာာား)

မောင်ဘကြိုင်

နာလည်းတစ်ယောက်ထဲလေဟာ..အားမငယ်နဲ့ နော်..ဘင်လာဒင်နဲ့ 
ရတနာခင်နဲ့ တွေ့ နေပြီ..ဟိဟိ..နမှာချစ်သူဝေရှိတယ်ဟေ့..ဟွန့် 

ဘာလို့များခေါင်းငုံနေ၇မှာလည်း..

မောင်သစ္စာကလည်း အဲဒါခေါင်းငုံ့နေတာမဟုတ်ဘူး
အိပ့်ငိုက်နေတာ }}}}}}}}}:
မမ ၀ါးခြမ်းပြား အဲဒါ မယ်လိုဒီ ရဲ့ဓာတ်ပုံလား ဟင်....
တော်တော်လှတယ်နော် ကျွန်တော်ဆိုရင် ဓာတ်ပုံတွေ မတင်ရဲဘူးသိလား
ဆရာဦးဟန်ကြည် ပြောသလို ကိုယ့်ကိုလာပြီး ရုပ်ရှင်ရိုက်ဖို့လာငှားနေမှာဆိုးလို့
အလုပ်ကအားတာမဟုတ်ဘူး ငြင်းရမှာလည်း အားနာတတ်လေ ဒါကြောင့်မို့ ပုံတွေကိုမတင်တာသိလား p::::::။

ဟုတ်တယ်..ကိုယ်တစ်ယောက်တည်းကျန်း( ထိတယ်ဗျာ..

မမတောင်ကြီးသူကိုမမြင်ဖူးလို့ပါ။စီဘောက်မှာပြောသွားလို့ပြေး ပြေးလွှားလွှားလာကြည့်သွားကြောင်းပါ။ပြေးလာရကျိုးနပ်ပါကြောင်း ....မမရေမုန့်ဝယ်ကျွေးနော်..ဒါပဲ။

အမြဲမပြတ် မရပ်တဲ့အချစ်တွေအတွက် ထွက်ပေါက်လေးရှိပါစေ။
လှပတဲ့ ကဗျာလေးကို လာဖတ်သွားပါတယ်။


ခင်တဲ့

ကဗျာတွေကောင်းတယ်။
အားပေးနေပါတယ်။
ကျန်းမာပါစေ။
piano တွေ့လို့ အိမ်ရှင်မလာခင်လေး
ဟိုနှိပ် ဒီနှိပ် လျှောက်လုပ်ခဲ့တယ်..
အသံတော့ထွက်လာသားးးးး)))

ကိုခိုင်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More