Saturday, 6 August 2011

သေရေး နေရေး နဲ့ ဘ၀အတွေးများ

နေဖို့ထက် သေဖို့ခက်တတ်တယ်တဲ့
ရှေးစကား အလေးထားရမှာမို့
ရှင်သန်ဆဲ ဘ၀မှာ
မာန်တခု အဖြစ်နာမည်ကောင်းလေးချန်ခဲ့ပါ။
အသားမည်းနေပါစေ...
ခြေရာတွေ ဖြူစင်ပါစေ
အရပ် မမြင့်ပေမယ့်
အကြင်နာတရားတွေ ဟိုးအမြင့်ထိအောင် ထားပေးပါ။
အဓိပ္ပါယ်ရှိရှိ နေပြီး
အရိပ်တွေမည်းတွေမရှိဖို့ 
နှလုံးသားက အမုန်းတရားလျှော့ပေးပါ။

အချစ်သည် ခွန်အား
အချစ်သည် ဓား ကြိုက်ရာကိုရွှေး
သမိုင်းပေးတာဝန်တခုဖြစ်တဲ့
ငြိမ်းချမ်းရေးလဲ လိုအပ်တာ အချစ်ပါပဲ
ခေတ်အဆက်ဆက် ဖြစ်တဲ့စစ်လဲ လိုအပ်တာ အချစ်ပဲနော်
မာန်မာနတွေ နဲနဲလျှော့
အထာမကျတဲ့ အနေအထိုင်
လက်ကိုင်မထားပဲ 
အတ္တတွေ ရင်ဘတ်နဲ့ဝေးရာကိုပို့
ဒေါသနဲ့ လောဘ မရှိပြန်လဲ
လူမပီသဘူးတဲ့ ဟုတ်ပါသလား
ဒီမေးခွန်းများ ဘယ်သူ့တွေဆီက 
အဖြေရမှာလဲ။
လိုက်မမီနိုင်အောင် အတုအယောင်တွေက
လောကကို အမှောင်ဖုန်းတဲ့မုန်းတိုင်းတခုလို 
ဝင်ရောက်မွှေနှောက် နေပြီ
အစစ် တခုနဲ့ သေခြင်းတရားအတွက်
ထိုင်စောင့်ရမလား
ရုတ်တရက် ထပြီးရှာရမှာလား
အဟုတ်တမ်းတခဲ့တဲ့ အမှန်တရား
ဓားတွေလား အခါးတွေလား
နေရာတွေလွဲမှားသွားရင်တော့
ကြီးမားတဲ့ ဘ၀ရဲ့နောက်ဆက်တွဲ အတွက်
ဖြားယောင်းသွေးဆောင်မှု
တစ်စုံတစ်ရာ မပါပဲ
ကောင်းမြတ်တဲ့ အလုပ်ကို
သက်သေ အဟုတ်ပြပေးပါ။

အမြဲအားပေးနေသော သူငယ်ချင်းအားလုံးကို
ကျေးဇူးတင်လေးစားလျှက်ပါရှင်
အားလုံးရဲ့ jasmine

14 comments:

မှတ်သာစရာလေးတွေ ကဗျာလိုရေးထားတာ ကြိုက်ပါ၏.. :D

ဲjasmine ရေ မိုက်တယ်ဟေ့။ ကြိုက်တယ်။ သဘောကျတယ်။ အဲဒီလို မှတ်သားစရာလေးတွေ များများရေးပေးစမ်း။ ကျန်းမာပျော်ရွှင်ပါစေ...

ခံစားသွားတယ်ဗျာ ။ ရင်တွင်းဖြစ်ကဗျာလေးကို ။

''အချစ်သည်ခွန်အားဖြစ်သလိုဓါးလည်းဖြစ်၏။'' တကယ်မှတ်ထားသင့်ပါတယ်။အများစုကတော့တမျိုးပဲ တွေးကြတယ်လေ....။ ကျေးဇူးတင်ပါတယ်မမဂျပ်စ်

ညီမရေးသမျှကဗျာတွေထဲမှာ ဒီကဗျာ အကြိုက်ဆုံးပဲ...နရီလှသလို၊ နဘေလေးတွေလည်း ပါနေတာတွေ့ရတယ်...နိမိတ်ပုံတွေ သုံးထားတာလည်း ဆီလျော်ပါတယ်...စိတ်ကျေနပ်စရာကောင်းတဲ့ ကဗျာတစ်ပုဒ်အတွက် ကျေးဇူးတင်လိုက်ပါရဲ့ဗျာ...

အင်း..
မမတောင်ကြီးရေ ..
အစအဆုံးဖတ်ပြီး ပြောကြည့် ချင်တာက
သေခြင်းတရားကို ထိုင်ပြီးစောင့် တာထက် ပြေးပြီးတွေ့ နေတာ
အဲ.. အသေ ကျင့်နေတာ အကောင်းဆုံးပါလို့ ။
လောက လူ့ ရွာကြီးထဲက လုပ်ချင်စရာ အကောင်းဆုံးထဲက
လုပ်သင့် နေတဲ့ အလုပ်တစ်ခုပါ...လို့ ။
နဲနဲတော့ လျှရှေမိတယ်ဗျာ။

မမ ၀ါးခြမ်းပြားရေ................
ကဗျားလေးက တွေးစရာတွေပါပေးနိုင်စွမ်းရှိတယ်
ရေးခဲ့သမျှ ကဗျာလေးတွေထဲမှာ ဒီကဗျာလေးအတွက်တော့
အပြည့်အ၀ ကိုကောင်းပါ၏ လို့ပဲပြောပါရစေ။

ဒါဆိုရင်
အရင်ကရေးတဲ့ကဗျာတွေကမကောင်းဘူးလို့ပြောချင်တာလား
စိတ်ဆိုးပြီးမခေါ်တော့ဘူးနော်....ဟားဟား

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်
နောင်လဲ ဒီထက်ကောင်းအောင် ကြိုးစားပြီးရေးပါ့မယ်။
အစဉ်လေးစားလျှက်ပါရှင်။

စာသားလေးတွေ အတော်လှတယ်နော်။ ကဗျာလေးကိုသဘောကျတယ်။
ကဗျာတွေလည်း စပ်တတ်လိုက်တာ အားကျစရာပဲ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မမသေးသေးလေး ရေ.:):) ကဗျာလေး ခံစားအားပေးသွားတယ်လို့..:P:P ချစ်စနိုးမို့ခေါ်တာ စိတ်ဆိုရဘူးနော်..:):)

ကဗျာကောင်းလေးကို လာရောက်ဖတ်သွားပါတယ် ဗျို့ ...

အချစ်အတွက်ခွန်အားလေးကြိုက်တယ်။

ဲငြိမ်းချမ်းရေးလဲ လိုအပ်တာ အချစ်ပါပဲ
ခေတ်အဆက်ဆက် ဖြစ်တဲ့စစ်လဲ လိုအပ်တာ အချစ်ပဲနော်


မိုက်တယ်ကွာ..ကဗျာလေးက
နေရာတိုင်းမှာအချစ်လိုတယ်..အဲတာကိုလက်ခံတယ်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More