Saturday, 13 August 2011

အလွမ်း ပင်လယ်


မိုးပြေးလေး တစ်ဖြောက်ဖြောက်
ရင်ဘတ်တံခါးခေါက်သံ တစ်ဒေါက်ဒေါက်
နှလုံးသားထဲ တောက်လျှောက်
အချစ်က ၀င်ရောက် နေရာယူ ပြီး
မင်းနေဆိုနေ မင်းသေဆိုလဲသေ
စေလိုရာစေ နေ ခဲ့ပြီးမှ
အပြစ်မြင် အချစ်မခင်တွယ်တော့
ဟိုးအရင်က အကြင်နာတွေ
ကမ္ဘာတဖက်ခြမ်း အလှမ်းဝေးဖို့
ပြေးလေရော့သလား။      ။

ချော်လဲ တာနဲ့ပဲ ထိုင်ချရအောင်
ငါ့ အတွေးတွေ မမှောင်သေးပါဘူး
ဥပေက္ခာတရားတွေ ဘယ်လောက်ထူထပ်ပါစေ
လောက အပူ သောကအပူ 
ငါတစ်ယောက်တည်း ပူပါရစေ
အဲဒီ အပူရုပ်ကိုဟန်လုပ်
မာန်တွေထုပ်လဲ
နှလုံးသားပြိုင်ပွဲ 
ခွက်ခွက်လန်အောင် ရှုံးဆဲ
တွယ်တာမှု မရှိတဲ့  အကြင်နာအတုမှာ
အမုန်းတရားတွေ အခါးလိုပဲ။    ။

ဂရုဏာနှင့် မုဒိတာ တွေ
တဖြုတ်ဖြုတ်ကြွေ
သူသိသိ မသိသိ
ကိစ္စမရှိ။
ဟန်ဆောင်ပြီးကျတဲ့
မျက်ရည် တစ်စက်
နှလုံးသားတစ်ဖက်နဲ့
ကြမ်းကြုတ်တဲ့ အမုန်းတရားတွေ
မှိုတက်နေတာလဲ
မင်းရင်ဘတ်ထဲ သိမ်းထားဆဲပါလား။
ငါ့မှာတော့......................
အလွမ်းတွေပင်လယ်ဖြစ်
စစ်မှန်တဲ့ချစ်ခြင်းတရားတွေအတွက်
မြုတ်ချည် ပေါ်ချည် ကူးနေဆဲ
ကမ်းမမြင် လမ်းမသိတော့
အလွမ်းတွေနဲ့ အတူ
နစ်နေဦးမှာပဲ.........။        ။

အချိန်ပေးပြီးဝင်ရောက်ဖတ်နေသော စာချစ်သူ
အားလုံးကို ကျေးဇူးတင်ပြီး လေးစားလျှက်ပါရှင်.......
အားလုံးကိုချစ်တဲ့ jasmine








15 comments:

ချစ်သုဝေပါလာလို့ ပြန်ပြီနော်ဟေ့..

ကိစ္စမရှိဘူးငါ့အနားမှာ ပစ်ပစ်ရှိတယ်....

အပြင်လောကမှာဒီကဗျာထဲကလိုအလွမ်းတွေနဲ့အတူ နစ်နေဦးမှာပဲဆိုတဲ့အတွေးမျိုးလုံးဝမတွေးမိစေနဲ့မမရေ..။

နောက်ဆုံး အပိုဒ်လေး လန်းတယ် မမရေ... :D

ကဗျာလေး လာဖတ်သွားတယ်ညီမရေ

ရွှေစင်ဦး

စံပါယ်ရေ..

ကျမဘယ်လိုကောမက်ရေးခဲ့ရမှန်းတောင်မသိတော့ပါဘူး
ကျမကိုယ်တိုင်လဲအလွမ်းထဲနစ်နေတာမို့လို့ပါ...

ချစ်တဲ့ Blackroze

အလွမ်း မင်းသမီးလေး မမ၀ါးခြမ်းပြား
ကဗျာလေး ဖတ်လိုက်မှ လူကိုတောင်
နွမ်းခွေ သွားသလိုပဲ......
ခံစားရ ခတ်ပေမယ့်
အလွမ်းကိုမှ နှစ်သက်နေတဲ့ နှလုံးသားကလည်း
အပြစ်တင်ဖို့ခက်မြဲပေါ့လေ။

လာလွမ်းသွားပါတယ်။

မုန်းတဲ့သူကို လွမ်းနေတယ်ပေါ့လေ။ ကဗျာလေးနဲ့ အတူလွမ်းသွားတယ်။


ခင်တဲ့

အလွမ်းဓါတ်ခံရှိသူဆိုတော့ ကဗျာလေးဖတ်ပြီး တစ်ယောက်ယောက်ကိုလွမ်းသွားသလိုပါလေ...း)

ဘလော့ဂ်နောက်ခံ သီချင်းတွေကလည်း အလွမ်းသီချင်းတွေပါလား မစံပယ်ရယ်းD

အလွမ်းတွေကူးစက်သွားပါတယ်
မမစံပယ်ရေ..
ခင်တဲ့
မဒိုးကန်

နောက်ဆုံးအပိုဒ်လေးက ရက်စ်စာသားလိုပဲ ဖတ်ရင်းနဲ့လေ..။ ကဗျာလေးကောင်းတယ် ခံစားမှုလည်းကောင်းတယ် စကားလုံးတွေစီထားတာလှတယ်။

ဟာဗျာာာ
လွမ်းပါတယ်ဆိုမှ
း) ထပ်လွမ်းမိတယ်း)

မောင်ဘကြိုင်

လွမ်းချင်လာပြီ ညီမရေ...

ကဗျာလေးရဲ့ ဒုတိယတစ်ပုဒ်ကို အကြိုက်ဆုံးပဲ.
်ွလွမ်းနေတာကို သိသာစေသလို..
အလွမ်းကို အံတုနေရတာလေးလဲ သိသာပေါ်လွင်စေတယ်.

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More