Friday, 25 February 2011

*** ထွေလီကာလီ ဖတ်ချင်စရာ *** အပိုင်း ၂

၁)   မိန်းမတစ်ယောက်အဖို့ အသက်ငယ်ပေမယ့် ရုပ်မလှဘူးဆိုရင်
    စိတ်ဓာတ်ကျစရာ ဖြစ်သလို ၊ ရုပ်လှပြီး အသက်ကြီးနေရင်လဲ
   စိတ်ဆင်းရဲ ရပြန်ရော ။   ။ (မောင်ကောင်းထိုက်)

၂)   မိန်းမ ကိုလက်ပေါ်တင်ဖို့ပဲ ကြိုးစားပါ၊ ခေါင်းပေါ်ကို
   သူ့ဟာသူ တက်လိမ့်မယ် ။   ။ (မောင်ကောင်းထိုက်)

၃)   ခင်ဗျားမိန်းမကို ခိုးပြေးတဲ့လူကို အရင်စလို "စာရင်းရှင်း"
   ဖို့ မကြိုးစားပါနဲ့၊ သူကိုယ်တိုင် နောင်တရ တဲ့စကား လာပြောပါလိမ့်မယ်။   ။(မောင်ကောင်းထိုက်)

၎)   သတင်းစာထဲမှာသာ မဖတ်လိုက်ရ ရင် အစိုးရ ရဲ့ မိုးလေ၀သ ဌာန က
   ထုတ်ပြန်တဲ့ သတင်းကိုတောင် မယုံချင်တဲ့လူရှိတယ် ။   ။(ကာရဲလ်ချာပတ်)

၅)   ကျွန်တော် ၀မ်းပက် ထက်ပိုမသောက်ဘူး၊ ဒါမေမယ့် ၀မ်းပက် သောက်ပြီးရင်
   ကျွန်တော်ဟာ တစ်ခြားလူတစ်ယောက်လိုဖြစ်သွားတယ်၊ အဲဒီ တစ်ယောက်က
အရက်အင်မတန်သောက်တဲ့လူ။   ။(ကရွက်ကီး)

၆)   တောမြို့ကလေး၏ လူငယ်တစ်ယောက်လမ်းလျှောက်လာသည်။ အသက်ကြီးသောမိန်းမတစ်ဦးကို
   မြင်သော အခါ ၄င်း ကမေးသည်။
   အဘွား မြို့နယ်ဆေးရုံကို အမြန်ဆုံး ဘယ်လိုရောက်နိုင်မလဲဟင်....
   ငါ့ကို နောက်တစ်ခါ အဘွညးလို့ ခေါ်ကြည့် အမြန်ဆုံး ရောက်သွား စေရမယ်။   ။(မောင်ကောင်းထိုက်)

၇)   သူရဲကောင်း ဆိုတာ ဘယ်လိုလူမျိုးလဲ.
   မိန်းမတွေအတွက် အသက်စွန့်ရဲတဲ့သူ၊ ဒါမှ မဟုတ် ဘာပဲဖြစ်နေ ဖြစ်နေ
   အဲဒီ မိန်းမနဲ့ ဆက်လက် ပေါင်းသင်းနေထိုင်တဲ့ သူ။   ။(မောင်ကောင်းထိုက်)

၈)   တံတားပေါ်က လူတစ်ဦးအောက်ကို ငုံကြည့်နေသည်၊ ရဲသားက အနားကပ်ပြီးလာမေးသည်၊
   တစ်ခုခု ပျောက်လို့လားခင်ဗျ.....
   အေးဗျ... ကျွန်တော်မျက်မှန် စစ်တောင်းမြစ်ထဲကျသွားလို့....
   ဒါ စစ်တောင်းမြစ် မဟုတ်ဘူး။ ငမိုးရိပ်ချောင်း.....
   ဘယ်သိ မလဲ ကျွန်တော့်မှာ မျက်မှန်မှ မရှိပဲ။   ။(မောင်ကောင်းထိုက်)


ဖတ်ပြီး စုဆောင်းထားသော စာစုများကို ဖော်ပြပေးတာပါ ။
အချိန်ယူပြီး ဖတ်ပေးသော သူငယ်ချင်းအားလုံး ကို
အစဉ် လေးစားတဲ့ jasmine....................... 

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More