Tuesday, 15 February 2011

မေမေများသို့

မေမေ
နေ့ရက်များစွာ ဒုက္ခဆင်းရဲ
ရှောင်ရှားရတဲ့ အစားအသောက်
ဆင်ခြင်ရတဲ့ အနေအထိုင်
ယုယရတဲ့ ဒီကိုယ်ဝန်ကြီးနဲ့
ဘ၀ကို သတ္တိရှိရှိ ပြုံးပြုံးလေး လျှောက်လှမ်းခဲ့တယ်နော်.............

မရဏမင်းစစ်ခင်းရတဲ့အချိန်
နှိုင်းဆမရတဲ့ နာကျင်မှု ဝေဒနာ
ပြောပြလို့မရတဲ့ ပင်ပန်းမှုဒဏ်တွေကို
လူ့လောကထဲကို ပထမဆုံးရောက်ရှိလာတဲ့
သမီးရဲ့ ငိုသံချိုချိုလေးနဲ့ (မေမေ့ရင်မှာ ထိုငိုသံသည်ချိုနေပါလိမ့်မည်)
ရင်ဆိုင်ရတဲ့ ဝေဒနာအားလုံးကို လွင့်ပျောက်နိုင်ခဲ့တယ်တဲ့လား အာလုံးသောရဲ့မေမေရရ်........

ကလေးဘ၀က ညရေညတာ အိပ်မရတာလဲ
တခါလေးမှ အိပ်ရေးပျက်လိုက်တာ
ညီးညူမှာမဟုတ်တာ အားလုံးသော၇ဲ့မေမေပါ
ငိုသံ ယိုသံ အော်သံ ဟစ်သံ ချွဲသံ
နားမခံသာတဲ့ အသံပေါင်းစုံကလဲ
မေမေတို့အတွက် အနှိုင်းမဲ့ ဂီတတေးသွားတဲ့လား အားလုံးသောရဲ့မေမေရရ်..........

မေမေတို့ရဲ့နို့ရည်ချိုချိုကိုတိုက်ကျွေးပြီးတော့လဲ
လောကအလည်မှာ တင့်တောင်းတင့်တယ်
မျက်နှာမငယ်ရရေး ပညာနို့ချိုကိုတိုက်ဖို့အရေးထူးချွန်ထက်မြက်
လူတကာအထက်မှာနေဖို့အရေး
ကျောင်တော်ဆီသို့ ချော့မော့ခြောက်လှန့်ပြီးပေးပို့ခဲ့တာလဲ
ကျွန်မတို့ရဲ့ လက်ဦးဆရာ မေမေတို့ပါ.............

ပညာစုံလို့ လောကအလည် သူများတကာ
သားသမီးတွေထက် အ၇ာရာသာလို့
ခေါင်းမော့နေရင် ပိတိဖြာနေတတ်တဲ့
ကျွန်မတို့ရဲ့ မေမေအပြုံး ကမ္ဘာသုန်းတောင်
တုနှိုင်းမရတဲ့ အနှိုင်းမဲ့အပြုံးပါ မေမေတို့ရာ.....................

အချိန်တန်လို့ တနေရာ တရပ်အဝေးသို့ထွက်ခွာ
သားသမီးဆီက စာတိုပေစ တလတခါရလျှင်ပင်
ဒေါ်လာသန်းချီရသည်ထက်ပင် ကြည်နူးကြတာ
သမီးတို့ရဲ့ အနှိုင်းမဲ့ မေတ္တာရှင် မေမေတို့ပင်..................

ဘယ်အရပ်ဘယ်ဆီ ဘယ်နေရာ ဘယ်ရောက်ရောက်
ဆင်းရဲလဲတ ချမ်းသာလဲတ ပျော်ရွှင်လဲတ ငိုကြွေးလဲတ
အမြဲထာဝရ သမီးရင်မှာ ပြောနေတာက
အရမ်းချစ်တရ်မေမေရရ် ..........
(အရမ်းချစ်တရ် မေမေတို့ရရ်)






မိဘများနဲ့နီးနီးဝေးဝေး အနိုင်းမဲ့မေတ္တာရှင်မိဘနှစ်ပါးကို သူတို့ရဲ့ အချစ်(တုနှိုင်းမရတဲ့အချစ်)ရေတွက်မရတဲ့အချစ်ပုံကြီးရဲ့ နှမ်းစေ့ တစ်စေ့စာလောက် မိဘများကို ချစ်နိုင်ကြပါစေရှင်


Jasmine(တောင်ကြီး)
ရင်တွင်းစာ

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More