Wednesday, 16 February 2011

အချစ်ကြောင့် ဘ၀ပျက်တာလား ဘ၀ကြောင့်အချစ်ပျက်တာလား?

ကျွန်မ၏ ဘ၀တသက်တာမှာ နားရည်ဝနေသောစကားတခွန်းတစ်ခုရှိပါတယ် အဲ့ဒါကဘာလဲဆိုတော့......
လူတစ်ယောက်ဟာ အချစ်ကို ကိုးကွယ်ခဲ့မိလို့ ဘ၀မှာ ဆင်းရဲဒုက္ခနဲ့ရင်ဆိုင်လာခဲ့ရရင် ပြောမဲ့ စကားတစ်ခွန်းကတော့ "သြော်....ငါအချစ်ကြောင့် ဘ၀ပျက်သွားတာပဲ"လို့ ဘာမှ မဆိုင်တဲ့အချစ်ကို အပြစ်ပုံချတတ်ကြတာ သဘာဝလိုလို ရိုးရာလိုလိုဖြစ်နေသလိုပါပဲရှင်.......ပြီးတော့အချို့ချို့သော မိဘတွေဟာ သားသမီးတွေကို ချစ်ပဲချစ်တတ်ပြီး အကျိုးနဲ့အကြောင်းမစဉ်းစားတတ်ပဲ မိမိတို့ သဘောမတူပဲ ကိုယ်ချစ်တဲ့ သူကိုယူလို့ သားသမီးတွေ ဒုက္ခရောက်တာမြင်ရင်လဲ ဘာမှ အပြစ်မရှိတဲ့ အချစ်ကို အပြစ်ပုံချပြီးပြောတတ်ကြသေးတယ်"မိဘစကားနားမထောင်ပဲ ကိုယ်ချစ်တာကိုယ်ယူလို့ ခုလိုဒုက္ခရောက်တာလေ အချစ်ကြောင့် ဘ၀ပျက်တာလေ"လို့ ပြောတာကိုလဲ မကြာခဏကျွန်မ ကြားဖူးပါတယ်...
ကျွန်မပတ်ဝန်းကျင်မှာ တစ်ကြိမ်တခါမှ မကြားဖူးတဲ့ စကားလေးတစ်ခွန်း
ကျွန်မ ပြောကြည့်မယ်နော်.....လူတွေက အချစ်ကြောင့်ဘ၀ပျက်တယ်ပဲ ပြောကြတယ် ဘ၀ကြောင့် အချစ်ပျက်သွားတာကောမရှိဘူးလား.....ဥပမာပေါ့နော် အရမ်းဆင်းရဲတဲ့ ကောင်မလေးမှာ အရမ်းချစ်တဲ့ ချစ်သူတစ်ယောက်ရှိတယ် အဲ့ဒီချစ်သူကလဲ သူလိုပဲ ဆင်းရဲတယ်
ဒါပေမဲ့ အဲ့ဒီကောင်မလေး မိဘတွေက ချမ်းသာတဲ့လူတစ်ယောက်နဲ့ ကောင်မလေးကိုပေးစားလိုက်တယ် ကောင်မလေးကလဲယူလိုက်ရတယ်...ဘာကြောင့်ကောင်မလေးကယူလိုက်လဲဆိုတော့ အဲ့ဒီချမ်းသာတဲ့သူကိုယူမှ သူ့မိဘတွေ အဆင်ပြေမယ် သူလဲ အဆင်ပြေမယ် စသည့်အကြောင်းကြေင်းတွေကို စဉ်းစားပြီး သူအရမ်းချစ်တဲ့ ချစ်သူကိုထားခဲ့ပြီး အချစ်နဲ့ ဘ၀ကိုလဲလှယ်ခဲ့ရတယ်.....
ဒါဆိုရင်ကော ဘ၀ကြောင့် အချစ်ပျက်သွားတာလို့ပြောလို့ရမလား?
ကဲ သူငယ်ချင်းတို့ရေ ...............
သူငယ်ချင်းတို့လဲ အချစ်ကြောင့် ဘ၀ပျက်လဲမခံနဲ့ ဘ၀ကြောင့်အချစ်ပျက်လဲမခံကြပါနဲ့.....တကယ်ချစ်ကြတယ်ဆိုရင် ချစ်သူနှစ်ဦး အခက်အခဲတွေ အတားအဆီးတွေ အရာရာအားလုံးကို ချစ်သူရဲ့လက်ကို မြဲမြဲကိုင်ထားပြီး ကိုယ်ချစ်တဲ့သူကို ဟို့..................အမြင့်ဆုံးတနေရာအထိ လက်တွဲမဖြုတ်ပဲ ရဲရင့်စွာသတ္တိစွာ ခိုင်မြဲတဲ့ သစ္စာတရားနဲ့ ဘ၀ကိုရင်ဆိုင်မယ်ဆိုရင်..............အချစ်ကြောင့်ဘ၀ပျက်စရာမရှိသလို ဘ၀ကြောင့်အချစ်ပျက်စရာလဲမရှိတော့ဘူးပေါ့ရှင်.................

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More