Tuesday, 22 February 2011

***ဟာသအပိုင်းအစလေးများ***

“ခဲတံနဲ့ စာရွက်ကို အသင့်ပြင်ထားကြပါ။

ပြီးရင်“အကယ်၍ ကျွန်တော်သန်းကြွယ် သူဌေးတစ်ယောက်ဖြစ်ခဲ့လျှင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစီစာကုံး တစ်ပုဒ်ရေးပါ” လို့ ဆရာက ပြောလိုက်တယ်ဆိုရင်ပဲ လူတိုင်း သဲသဲ မဲမဲ စရေးနေကြတယ်။
ဖိလစ်(ပ်) တစ် ယောက်က လွဲရင်ပေါ့။


ဒါနဲ့ ဆရာက “ဘာဖြစ်လို့လဲ။ ဘာကြောင့် စမရေးသေးတာလဲ”ဆိုပြီး မေးလိုက်တယ်။


ဖိလစ်(ပ်)က “ဆရာ ကျွန်တော့်ရဲ့ အတွင်းရေးမှူးကို စောင့်နေတာပါ ခင်ဗျာ” လို့ ပြန်ဖြေတယ်။ 
(ကျမ်းမာရေးဂျာနယ်)


ကျွန်တော်တို့ရဲ့ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု သင်တန်းမှာ အဓိကအားဖြင့် လူကြီးတွေနဲ့ အလုပ်ခွင် ၀င်နေကြတဲ့ ကျောင်းသားတွေ ပါဝင်ကြတယ်။
တစ်နေ့မှာ အလုပ်ရဲ့တန်ဖိုး အကြောင်းကို ဆွေးနွေး ကြစဉ် ဆရာက ဒီနေ့တစ်နေ့လုပ်ခဲ့တာဟာ နောက်ပိုင်းကာလတွေအတွက် ဖြစ်မယ်ဆိုရင် မင်းတို့တွေ ပျော်ရွှင်နေမှာလားလို့ မေးခဲ့တယ်။ နောက်ဘက်က ကျောင်းသားတစ်ယောက်က လက်ထောင် လိုက်တယ်။ အံ့သြစွာနဲ့ပဲ ဆရာက
“မင်းဒီနေ့ ဘာလုပ်ခဲ့လို့လဲ” ဆိုပြီး မေးလိုက်တယ်။


သူက ပြုံးပြီး “ကျွန်တော်အလုပ်ကနေ အနားယူလိုက်တယ်လေ” တဲ့။ 
(ကျမ်းမာရေးဂျာနယ်)


 ဘိုးအင်း ၇၄၇ လေယာဉ်တစ်စင်းပေါ်တွင် ကိုရီးယားအမျိုးသားတစ်ဦးနှင့် ကပ်လျက်ထိုင်လိုက်ပါလာသော ယုန်တစ်ကောင်က ၎င်းတစ်ရေးနိုးချိန်တွင် ကိုရီးယားကို စကားစမြည်ပြောသည်။

ယုန် ။ ။ ပုလဲဆိပ်ကမ်းကို ခင်ဗျားတို့ တရုတ်တွေ ဘာဖြစ်လို့ ဗုံးကြဲခဲ့ကြတာလဲဆိုတာ ကျွန်တော်စဉ်းစား မရဘူးဗျာ။ ခင်ဗျား ရှင်းပြနိုင်မလား။


ကိုရီးယား ။ ။ ခင်ဗျား ဘာတွေလာပြောနေတာလဲ။ ပုလဲဆိပ်ကမ်းကို ဗုံးကြဲ့တဲ့တာ တရုတ်မဟုတ်ဘူးဗျား။ ဂျပန်တွေ . . .။ ပြီးတော့ ကျုပ်ကလည်း တရုတ်မဟုတ်ဘူး။ နားလည်လား။ ကိုရီးယားဗျ။ ကိုရီးယား။


ယုန် ။ ။ ကိုရီးယား၊ ဟုတ်လား။ နေစမ်းပါဦး။ ခင်ဗျားတို့တွေက တရုတ်တွေ၊ ဂျပန်တွေနဲ့ ဘာများကွာနေလို့လဲ။ ဘာမှမထူးဘူး။


ကိုရီးယား ။ ။ ဘာလို့ မထူးရမှာလဲ။ မကွာရမှာလဲ။ တရုတ်တွေက လူဦးရေတိုးနှုန်းသိပ်ကောင်းတယ်ဗျ။  
(The VOICE) 

အချိန်ယူပြီးဝင်ရောက်ကြည့်ပေးသောသူငယ်ချင်း
အားလုံးကို အစဉ်လေးစား ကျေးဇူးတင်တဲ့
jasmine



 

1 comments:

အမရေ.....ဟာသလေးတွေများများတင်ပေးပါ
ဟာသကြိုက်လို့ပါနော်...
နောင်လဲအားပေးနေမှာပါ။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More