Friday, 30 December 2011

မင်္ဂလာတောင်ညွန့် မီးဘေးအတွက် အလှုငွေများ လက်ခံပေးခြင်း


အားလုံးမင်္ဂလာပါခင်ဗျား..
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့ နယ် စက်ဆန်း ကူးတို့ဆိပ် ရပ်ကွက်အတွင်းရှိ  ဂိုဒေါင်အတွင်း ၂၈ရက်နေ့က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်မှာ ကျန်ရစ်ခဲ့သော မိသားစုဝင်များ၊သေဆုံးသွားကြသော မိသားစုဝင်များ အတွက် လိုအပ်နေသော ဆေးဝါးကုသစရိတ်နှင့် အထွေထွေ ကုန်ကျစရိတ်များအတွက် ကျွန်တော်တို့အနေ နဲ့ နောက်တပတ် တနင်္ဂးနွေနေ့ (၈.၁.၂၀၁၂)တွင် လှုဒါန်းဖို့ရှိပါသည်ခင်ဗျား။အလှုခံ ထည့်ဝင်လိုသူများ အောက်ပါအဖွဲ့ဝင်များရဲ့ လိပ်စာ ဖုံးနံပါတ် FB လိပ်စာများသို့ ဆက်သွယ်ပြီး လှုဒါန်းနိုင် ပါကြောင်း အသိပေး နှိုးဆော် အပ်ပါသည်ခင်ဗျား။

ဗြိတိန်မှ လှုဒါန်းလိုသူများအတွက်

အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂
MR U JANAKA
(Barclays Bank account) 
20-42-73 10039764

အမေရိကမှ လှုဒါန်းလိုသူများအတွက်

ဗညားရှိန်@လင်းခေတ်ဒီနို
 lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁

စင်ကာပူနိုင်ငံမှ လှုဒန်းလိုသူများအတွက်
၁။ကိုငြိမ်းနိုင်
eikunaing@gmail.com
+၆၅ ၉၀၂၂ ၁၈၀၇
+၆၅  ၉၈၈၂ ၉၀၇၈

၂။မဒမ်
 celestial.whiteangle@gmail.com
+၆၅ ၈၃၇၅ ၁၀၆၉

ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်

ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
jerrypigpig@gmail.com
မလေးရှားနိုင်ငံမှ လှုဒါန်းလိုသူများအတွက်

၁။ဇင်ငြိမ်းဦး(မလေးရှားနိုင်ငံ)
+၆၀ ၁၇၇၀ ၅၈၂ ၁၉

၂။လွင်ပြင်လှိုင်းငယ်(Sunway)
lwinpyinhlaingnge@gmail.com
+၆၀ ၁၄၆၆ ၃၀၁ ၇၃ 

၃။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com
+၆၀ ၁၆၃၂ ၄၉၆ ၉၁
http://www.facebook.com/profile.php?id=100003148141589&ref=tn_tnmn

မြန်မာနိုင်ငံမှ လှုဒါန်းလိုသူများအတွက်

andrewkc @ကျော်စွာစိုးမြတ်
andrewkc189kc@gmail.com
+၉၅ ၁ ၆၄၃ ၀၈၆
http://www.facebook.com/andrewmahkc#!/andrewmahkc





ကောက်ခံရရှိပြီးစာရင်းများကို ဆိုဒ်၏ ဘေးနားတွင်ဖော်ပြပေးလျက်ရှိပါသည်။

စံပယ်ချို

Wednesday, 28 December 2011

2012 ကိုကြိုဆိုဖို့ သူငယ်ချင်းများအတွက် လှလှပပ ပုံလေးများ

2011 ကိုနုတ်ဆကိခဲ့ပါတယ်ရှင် သူငယ်ချင်း မိတ်ဆွေများနဲ့ အတူ 2012 ကိုကြိုဆိုချင်တဲ့ jasmine ပါရှင်
ဒါကြောင့် online (သို့မဟုတ်) မိမိတို့ရဲ့ ဘလော့ ထဲကပဲ တူတူဆင်နွဲဖို့ ချစ်စရာကောင်းပြီးလှပတဲ့
ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်-----------အားလုံးပါတယ်နော်  ဒီတစ်ခါလေ-အပျိုကြီး-လူပျိုကြီး
မကြီးတကြီးတွေရော အားလုံးအတွက်ပါရှင်








 
ဘလော့ဂါ သူငယ်ချင်းများအားလုံးအတွက် မိမိခင်မင်ရာ သူငယ်ချင်း - ချစ်သူ
-မိတ်ဆွေ - လူပျိုကြီး - အပျိုကြီး - လူပျိုလေး - အပျိုလေး များအားလုံးအတွက်
မိမိ နှစ်သက်ရာကိုကူးယူမျှဝေနိုင်ပါသည် ။
အားလုံးကို ဖြူစင်သောသံယောဇဉ်ဖြင့် အမှန်တကယ် ခင်တဲ့
jasmine


Tuesday, 27 December 2011

၂၈-၁၂-၂၀၁၁ မွေးနေ့အမှတ်တရ

ဒီနေ့ ၂၈-၁၂-၂၀၁၁ ကတော့ ကျွန်မ jasmine ရဲ့မွေးနေ့ဖြစ်ပါတယ်ရှင်
ကိုယ်တိုင် ဘာမှ မလုပ်နိုင်ပဲ တီတင့်- Angelhlaing-အဖြူလေး-မောင်တစ်လုံး
တို့ရဲ့ကျေးဇူးနဲ့ စည်စည်ကားကားလေးဖြစ်ခဲ့ရလို့အားလုံးကိုကျေးဇူးတင်ပါရှင်
(တီတင့်အရေး) 
ပျော်ရွှင်ဖွယ်ကောင်းတဲ့ မွေးနေ့မင်္ဂလာရက်မြတ်က အစပြုလို့ မွေးနေ့ရှင် မဒမ်လွင်ပြင်လေးနဲ့ အဖော်မွန်ကောင်း လွင်ပြင်လှိုင်းငယ်လေးတို့နှစ်ဦး လောကီလောကုတ္တရာ နှစ်လီနှစ်ဝ လိုအင်ဆန္ဒများပြည့်ဝပြီး သာသနာအကျိုး သည်ပိုးနိုင်တဲ့ မိသားစုလေး တစ်စုအဖြစ် ရပ်တည်နိုင်ပါစေကွယ်။

(Angelhlaingအရေးတစ်စ)
အနုပညာသုခုမ ဆန်တဲ့
နှလုံးသား နုနုပိုင်ဆိုင်သူ ဆောင်နတ်သမီးရေ...
စေရာလွင့်ဖို့
ကြွေဖို့စောင့်နေတဲ့ ရော်ရွက်ဝါအလား
မင်းအပါးမှာ ခံစားတဲ့ သက်တော်စောင့်ရဲ့ မေတ္တာတရားကြောင့်
ရေလိုအေးလို့ ပန်းလို ထာဝစဉ် လန်းဆန်းပါစေသား။     ။

(JUNEMOE ရဲ့ အတွေးလေးတစ်ပိုင်းတစ်စ) ကိုလဲအားလုံးဖတ်ရအောင်ပြန်ဖော်ပြပေးထားပါတယ်ရှင်
 ၂၈-၁၂-၂ဝ၁၁
ရနံ့လေးများရဲ့ သခင်မ
ဖူးငုံများရဲ့ အရှင်
ဥယျာဉ်မှူးသခင်အတွက်
မတောက်တခေါက်ကဗျာလေး
ရင်နဲ့ရင်း၍ သီကုံးရေးစပ်လိုက်ပါသည်
ထူးခြားရက်မြတ် သည်နေ့တာမှ
စုန်ဆန်ဘဝ ချုပ်ငြိမ်းသည့်တိုင်
ချစ်သူသခင် ချစ်ဦးမောင်နှင့်
ကြည်နူး... ပျော်ရွှင်... ချမ်းမြေ့ခြင်းများ
ဆထက်လျှံပယ် ပြည့်စုံလျက်
Jasmine ကမ္ဘာလေး
အစဉ်ထာဝရ မွှေးပျံ့သင်းထုံငြိမ်းအေးပါစေ။
မောင်စွယ်စုံကတော့ သူငယ်ချင်းတွေနဲ့အတူတူမွေးနေ့ပွဲကိုတက်ရောက်လာခဲ့ပါတယ်ရှင်
(စံပယ်လိုဖွေး ဖြူစင်မွှေးကာ
တက်ကျလမ်းတွေမှာ စက်ကျစမ်းရေပမာ
အေးမြလင်းကြည် ရနံ့ တည်ပြီး
သာယာလမ်းတွေ ထာဝလှမ်းနေပါစေ)
  လေလွင့်လူ(ကမာမြေ)
(ကောင်းချီး မင်္ဂလာ
      အဖျာဖျာနဲ့
           မွေးနေ့ အတွက် ဆုတောင်းရင်း
                ထာဝရ ပျော်ရွှင်ခြင်း ရှိပါစေ
ဘုရားသခင် ဖန်ဆင်း
     လူသားတွေရဲ့ ချစ်ခြင်းနဲ့
             ထာဝရ ခင်မင်ခြင်း ရှိပါစေ)
 ညီညီ(မြန်အောင်) 
 (သာယာအေးမြနွေးထွေးတဲ့ ဘဝနဲ့ 
တည်ငြိမ်တဲ့  အလှပိုင်ရှင်လေး မမ စံပယ်ချို ရေ
နှောင်နှစ်ပေါင်းစွာ အစဉ်အေးချမ်းဘဝလေးပိုင်ဆိုင်ပြီး
ထာဝရပျော်ရွှင်ပါစေလို့  မမရဲ့  မောင်လေး 
အဝေးကနေ ဆုတောင်းပေးလိုက်ပါတယ်)
  ဖိုးခွားလေး (ကော့မှုး)
လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် မွေးနေ့ကိတ်ကိုအ၀သာစားကြပါလို့ 






မွေးနေ့ကိုလာရောက်အားပေးကြသော သူငယ်ချင်းများ မိမိကြိုက်နှစ်သက်ရာကိတ်မုန့်များကို
စိတ်တိုင်းကျ သုံးဆောင်ပါရန်ကိတ်မုန့်တွေအများကြီးတင်ပေးထားပါတယ်ရှင်
လာရောက်ဖတ်နေသောသူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်ရှင်
နှစ်သစ်မှာ သူငယ်ချင်းတွေအားလုံး ပျော်ရွှင်မှုအောင်မြင်မှုတွေနဲ့ ပြည့်ဝကြပါစေလို့
ကျွန်မရဲ့မွေးနေ့ဖြစ်မြောက်ဖို့ အရာအားလုံးကိုဖန်တီးပေးတာကတော့ ကျွန်မရဲ့
ထာဝရ လက်တွဲဖော်ဖြစ်တဲ့ မောင်လွင်ပြင်ပါပဲ သူကတော့ကျွန်မဘာပဲလုပ်ချင်ချင်
အားလုံးကိုဖြစ်အောင်လုပ်ပေးနိုင်တဲ့သူပါ ဘလော့လေးကိုလဲ သူကပဲ စပြီးလုပ်ပေးခဲ့တာပါ
လုပ်ပြီးတာနဲ့( မိန်းမရေ လာရေးတော့ ကြိုက်တဲ့ ကဗျာတွေရေးလို့ရပြီတဲ့)
သူ့ကိုတော့ ကျေးဇူးတင်တဲ့အကြောင်းနောက်မှပြောပါတော့မယ်စိတ်ကူးရှိပေမယ့် သူကပြောတယ်
ကျေးဇူးတင်တယ်ဆိုတာသူစိမ်းဆန်တာတဲ့ ပြောစရာမလိုပါဘူးတဲ့လေ.........




jasmine

Monday, 26 December 2011

Happy New Year အတွက် လက်ဆောင်ပုံ လှလှလေးများ

သူငယ်ချင်းများ မိမိချစ်ရသောသူ ခင်မင်ရသောသူ
မိမိ ချစ်မြတ်နိုးရသောသူ များကို Happy New Year  အတွက်ကြိုတင်ပြုလုပ်ပေးခြင်းဖြစ်ပါသည်
လူပျိုကြီးများ အပျိုကြီးများလဲ မိမိချစ်ရသောသူများကိုပေးရန် အကြံပြုပါသည်
ချစ်သူမရှိသူများ မိမိခင်မင်ရသောသူငယ်ချင်းမိတ်ဆွေများအတွက်ရည်ရွယ်ပါသည်











































သူငယ်ချင်းများအားလုံးအတွက်ပါရှင် မိမိကြိုက်သောပုံများကို ကူးယူနိုင်ပါသည် - - -





jasmine

Thursday, 22 December 2011

ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် (Tag)




ဒီပိုစ့်လေးကတော့ ရိုစ့် ကျေးဇူးကြောင့်ရေးဖြစ်ရတာပါ   -----
candy လေးကလဲထပ်ပြီး  Tag ပါတယ်ရှင် အစကတော့နောက်ဆုံးမှရေးမလို့ပါ မရေးတတ်တော့သူများတွေရေး
တာကို အတုခိုးပြီးရေးမလို့ပါပဲ ဒုတိယအကြိမ် Tag ခံရတော့ အားလုံးပြီးတာလဲမစောင့်နေတော့ပါဘူး
မရေးတတ်-ရေးတတ် နဲ့ စလိုက်ရပါပြီရှင် ။
တောင်ကြီး ကျွန်မကြီးပြင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်မှာမြန်မာလူမျိုးရှားပါးပါတယ်
တရုတ်-တိုင်းရင်းသားပေါင်းစုံ- နဲ့ ခရစ်ယာန်ဘာသာဝင်တွေအနေများတဲ့နေရာလေးပါ
သူငယ်ချင်းအများစုကလဲ ခရစ်ယာန်ဘာသာဝင်တွေပါပဲ
တောင်ကြီးရဲ့ ဒီဇင်ဘာဟာ တစ်ခြားမြို့တွေနဲ့မတူဘူးလို့လဲခံစားရပါတယ်-ကျွန်မနေထိုင်တဲ့အိမ်ကနေ
အရှေ့ဖက်တောင်ပေါ်ကိုကြည့်လိုက်ရင်တော့ တောင်အားလုံးဟာ ပန်းနုရောင်သန်းနေပါတယ်
ချယ်ရီတွေရဲ့ အလှတစ်ခုပါပဲ ရွှေညောင်ကနေတောင်ကြီးတက်တဲ့ လမ်းနဘေး တောင်ကြီးရောက်ခါနီးရင်ဖြင့်
နေကြာရိုင်း(တောနေကြာ)တွေကလဲ ၀ါထိန်ပြီးလှကနေတော့တာပါပဲ
ဒါတွေကြောင့်လဲ တောင်ကြီးကို အမြဲကျွန်မအလွမ်းတွေပိုနေရပါတယ်ရှင် ။
အခုတော့ Rose နဲ့ Candy တို့ကဒီဇင်ဘာပိတ်ရက်အကြောင်းလေးကို Tag လိုက်တော့လဲ မေမေရယ်
သူငယ်ချင်းတွေ ရယ်  လှပတဲ့ပတ်ဝန်းကျင် နဲ့ လုပ်နေကျလေးတွေကိုရေးပြရမှာပါ ---
Rose ရဲ့မေးခွန်းလေးတွေကို မှတ်မိသလောက်ဖြေလိုက်ပါ့မယ်နော်

*ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား?
     ရောက်ခါနီးလေ စိတ်လှုပ်ရှားပြီး ပျော်ရွှင်ရပါတယ် -
*ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments  များနဲ့ အလှဆင်လေ့ ရှိပါသလား?
     အမြဲမရှိပါ-တခါတလေ မြို့ပြင်ကိုကားကလမ်းကြုံရင်တော့ ထင်းရှုးပင်ခုတ်လာပေးလို့
Christmas Tree လေးတော့ အပျော်လုပ်ဖြစ်ပါတယ်-ထင်းရှုးသီးတွေက မြို့ပြင်ထွက်ပြီးကောက်လို့ရနေလို့ပါ
 *နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)?
     နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ကိုပိုပြီးနှစ်သက်မိပါတယ် -
*ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား?
     မေမေတို့က ခရီးထွက်ရတာကြိုက်လို့တခါတရံလိုက်ထွက်ရပါတယ် ကိုယ်တိုင်ကတော့မကြိုက်ပါ -
*ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ?
     လက်ဆောင်တွေလဲကြပါတယ်-အစုံပါပဲ တိတိကျကျတော့မမှတ်မိပါဘူး -
*ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ?
     အိမ်ရှေ့ကမီးပုံနားမှာ သူငယ်ချင်းတွေဝိုင်းဖွဲ့ပြီး အစားစား သောက်ကြပါတယ်
*နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ?
     တောင်ကြီးမှာနေစဉ်ကတော့ မေမေနဲ့အတူဖြတ်သန်းရတာအတော်ကိုကြည်နူးမိပါတယ်
အခု အိမ်ထောင်ကျပြီး ကိုယ့်အမျိုးသားရဲ့ ဘေးမှာဖြတ်သန်းချင်ပါတယ်(မေ့ကိုတော့လွမ်းနေမိတယ်) -
 *New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ?
    ကိုယ်တိုင်ပြုလုပ်လေ့ မရှိခဲ့ပေမယ့် သူငယ်ချင်းတွေ လုပ်တာကြည့်ပြီး ပျော်ရွှင်ခဲ့ဖူးပါတယ် -
*နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ?
     ထူးထူးခြားခြား မရှိခဲ့ပါ -
*နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ?
     အဲတာလဲ မလုပ်ခဲ့ပါ -
*နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား?
     ကုန်ဆုံးသွားတဲ့ အချိန်တွေကိုမလွမ်းတတ်ခဲ့ပါ - ရှိနေတဲ့ အချိန်ကိုပဲ အပြည့်အ၀ အသုံးချနေရတာလဲ
မလုံလောက်ခဲ့ပါ -
*နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား?
    လွန်ခဲ့တဲ့ ၂-၃ နှစ်ကရှိခဲ့ပါတယ် ယခုလက်ရှိမှာတော့မအားလပ်တာများနေတာမို့ မေမေနဲ့သူငယ်ချင်းတွေကို ဘာမှ မပို့နိုင်ခဲ့ပါ -
 * ထပ်ပြီး ဖြည့်စွက် ရေးချင်တာက?
     ထပ်ရေးချင်တာကတော့ ဒီလိုရက်တွေမှာ မိသားစုရယ်ချစ်ရတဲ့ ဘ၀ကြင်ဖော်ရယ် သူငယ်ချင်းတွေ
အားလုံးနဲ့အတူတကွ ရှိနေချင်ပြီး မနက်စာ-နေ့လည်စာ-ညစာ- ညလယ်စာ တို့ကိုတူတူစားချင်ပါတယ် -

ကိုယ်ချစ်တဲ့သူကိုလဲ လက်ဆောင်လေးတွေပေးချင်ပါတယ် သူဆီကလဲ (တန်ဖိုးအဓိကမဟုတ်)
တစ်ခုခု အမှတ်တရလေးတွေ လိုချင်ပါတယ်ရှင် (စကားလက်ဆောင်ပန်းလက်ဆောင်လေးတွေပေါ့) -

ဒီလောက်ပါပဲနော် Rose ရယ် ကျေနပ်နော်- candy ရေ ရေးလိုက်ပါပြီနော် - ဘလော့ရေးနေတဲ့ သူငယ်ချင်းအားလုံးကို
ဂျက်က ခင်ခင်မင်မင် နဲ့ သံယောဇဉ်ရှိပါတယ်ရှင် တစ်ယောက်တစ်မျိုးတော့ အရေးကောင်းတဲ့သူတွေပါပဲ
အချိန်ရလျှင်ရသလို လာလည်ပေမယ့်မ၀င်ဖြစ်တဲ့ အိမ်များရှိခဲ့ရင် မိဂျက်ကိုနားလည်ပေးပြီး
ခွင့်လွတ်ပါလို့ အားလုံးပျော်ရှင်စရာကောင်းတဲ့ နှစ်သစ်လေးကိုချစ်ရသူတွေနဲ့ တူတူလက်တွဲ
ပြီးဖြတ်သန်းနိုင်ပါစေလို့----- ဘုရားသခင်ထံ ဆုတောင်းရင်နဲ့ နိဂုံးချုပ်ပါရစေလို့ ။







Rose နဲ့ Candy ကသူငယ်အားလုံးနီးပါးကို တက်ဂ်ထားပြီးသားဖြစ်နေလို့ jasmine ဘယ်သူ့ကိုမှ
ထပ်ပြီးမရေးခိုင်းတော့ပါဘူးနော်  မရေးရသေးတဲ့သူများလဲ ရေးနိုင်ပါစေလို့ မျော်လင့်နေပါတယ် ။











Tuesday, 20 December 2011

ဝီစကီ တစ်ခွက်ရဲ့ အချစ်


ခါးသက်သက် ၀ီစကီ
ရေမရောပဲ
ပြင်းရှရှ အရသာ
ဘယ်သူသောက်မလဲ
အေးမြတဲ့ ကိုကာကိုလာ
ရောလိုက်လေ
ရေခဲထဲ့
ကောင်းလိုက်တဲ့ အရသာ
ပီသတဲ့အချစ်.......
ခရစ်စ္စမတ်ကျရောက်တော့မည်ဖြစ်ပါ၏
သူငယ်ချင်းအများစုလဲ မူးကျမည်ဟု အရှိန်ယူနေပါ၏
ထို့ကြောင့်အမှတ်တရဤ ကဗျာအဟောင်းလေးကို
ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်  ။




ကဗျာဖတ်ပြီးပါက လက်ဆောင်လေးတွေယူနိုင်ပါတယ်ရှင်

Share

Twitter Delicious Facebook Digg Stumbleupon Favorites More