Thursday, 19 January 2012

ပြုပြင်ခြင်းသာ သင့်အတွက်အကောင်းဆုံးပါပဲ


အချစ်မိုးကောင်ကင်ကြီးကိုသာသိပြီး
အချစ်ကြောင့် လွမ်းရတဲ့
အလွမ်းဟင်းလင်းပြင်ကိုသိဖို့
ဘာကြောင့် မကြိုးစားခဲ့တာလဲ
အလွမ်း တချို့ကဆေးဖြစ်စေနိုင်သလို
တချို့ အလွမ်းတွေကဘ၀တက်လမ်းကို
ဘေးဖြစ်စေတတ်တယ်နော် ။

ပိုက်ဆံ နောက်လိုက်နေတာလား
ဒါမှမဟုတ် ၀ါသနာပါလို့ပဲလား
မင်းရဲ့လိုက်ခြင်းတွေကို
သုတေသန မပြုချင်တော့ပေမယ့်လဲ
တစ်ယောက်ရဲ့ အခြားတစ်ဖက်မှာ
နောက်ထပ် တစ်ယောက်တွေ
ထက်ပြီးရင်းထပ်
ရင်နှစ်မွှာ အပ်ပြီးရင်းအပ်နေပြီနော်
အတပ်ပြောရရင် 
မင်းရဲ့ သိက္ခာတွေလဲ
စုတ်ပြတ်သတ်နေပါပြီ ။

ကျောက်တိုင်း အပြစ်ရှိတာကို
မှတ်ယူပြီး အသစ်အသစ်တွေ
ထပ်တလဲလဲ ရှာနေရင်တော့
မင်းလေး ဘ၀ 
အဖတ်ဆယ်ရမှာ မဟုတ်ဘူးနော်
မင်းရဲ့ ချစ်သက်တမ်းကို
ဘယ်သူမှ မခန့်မှန်းနိုင်အောင်
အပြောင်းမြန်လှပါတယ်
ဒါက မင်လေးရဲ့ (ကိုယ်ပိုင် အရည်အချင်း)
ရပ်လိုက်ပါတော့ တော်ပါတော့
မော်ကြွားနေထိုင်မှုက
မင်း ဘ၀ ကိုလက်မှိုင်ချရအောင်
ဖြစ်သွားမှာစိုးလို့ပါ ။

jasmine ပတ်ဝန်းကျင်မှာ တွေ့ဖူးမြင်ဖူး
သိခဲ့ဖူးသူတစ်ယောက်အတွက်





32 comments:

အချစ်မိုးကောင်းကင်ကြီးကိုလည်း သိပါတယ်
အလွမ်းမိုးကောင်းကင်ကြီးကိုလည်း သိပါတယ်
ကျန်တာတွေတော့ မသိပါ :P

ဟုတ်တယ် .. သိပ်မှန်တယ်. အစ်မဂျက်.
ပိုက်ဆံနောက်လိုက်နေတာလား
ဒါမှမဟုတ် ၀ါသနာပါလို့ပဲလား ဆိုတဲ့နေရာမှာ..
တစ်ချိန်တစ်ခါက တစ်ယောက်ယောက်ကို သတိရပြီးပြုံးမိပါရဲ့....

မကြီးဂျက်ရေ
ကဗျာလေးဖတ်သွားတယ်

မမရေ ကဗျာလေး ကောင်းလိုက်တာ
ခံစား ဖတ်ရှုသွားပါတယ်

မမရေ
ကဗျာလေး ခံစားသွားတယ်ဂျ.. :P

ချစ်ခင်လျက်
Junemoe

တချို့အလွမ်းတွေက ဘေးဖြစ်စေတယ်တဲ့
မှန်လိုက်တာ :)

ကဗျာလေးကလန်းတယ်မမရေလန်းတယ်ဗျာ

အသိဝေစရာ ကဗျာလေးပါလားမမရေ...ခံစားအားပေးလျှက်ပါလို့...

ကဗျာကောင်းလေးကို ရင်ဘက်ကြီးနဲ.ခံစားသွားပါတယ်။

သတိပေးကဗျာကောင်းလေးအားပေးသွားတယ်ဂျက်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အမရေး)) သူ့ ဘ၀ အဖတ်ဆယ်မရတော့လည်း အရည်ပဲ ဆယ်ပါစေပေါ့လေး)))

ကဗျာလေးကို ဖတ်ပြီး ပြုံးသွားတယ်ဗျး))

ခင်မင်စွာဖြင့်
ဗညား

မဂျက်ရေ...

ကဗျာလေးကို ရင်ဘတ်နဲ့ခံစားသွားပါတယ်။ အသိလေးတစ်ခုလည်း ရသွားပါတယ်။ :)

စာအိတ်လေး ကြိုက်လို့  မသွားကြီ ဂျက်ရေ

ကဗျာလေး ဖတ်သွားတယ်နော် ညီမ

လွမ်းကဗျာတွေလာဖတ်ဖြစ်ပေမယ့် လွမ်းချင်ဖူးကွယ် လွမ်းရတာပင်ပန်းလွန်းတယ်း)


မောင်ဘကြိုင်

အင်း.....
ဒီကဗျာလေးထဲက စာသားတွေ
အရမ်းမှန်နေတယ်နော်...........။

အဖတ်ဆယ်မရရင် အရေကုန်းခပ်ရတော့မယ်
ကဗျာလေးကောင်းလို့တော်တော်သဘောကျသွားတယ်မမစံပယ်ရေ

ဒါနဲ့ဘာကိစ္စမတက်တာဘာလိမ့်း(

ချစ်တဲ့

ဒိုးကန်

ကဗျာကို ကြိုက်တယ်။ မမဂျက်ရေ။ ကျေးဇူးနော်။

အမဂျက်ရေ... အမတို့ပတ်ဝန်းကျင်ရဲ့ ပြင်းရှရှအသံတွေ မကြာမကြာ ရိသဲ့သဲ့ကြားကြားနေရတယ်လေ..
ပညာပေးကဗျာလေးတစ်ပုဒ် ဖတ်ရတဲ့အတွက် ကျေးဇူးပါပဲ...။ ကြိုက်လို့ ကော်ဖီယူထားတယ်နော်...။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

တချို့သူတွေကပြုပြင်လို့ရပေမဲ့
မပြုပြင်ဘဲတမင်တကာ
မသိချင်ယောင်ဆောင်နေတတ်ကြတယ် jasေ၇..

ကဗျာကောင်းလေး ဖတ်သွားတယ်..။။
တစ်ခုခုကို သတိပေးနေသလို..း)
ရင်ထဲမှာ တစ်မျိုးကြီး ခံစားရတယ်..
ခင်တဲ့
အိမ်မက်

မစံပယ်...
ကဗျာလေးကို ခံစားသွားတယ်ဗျာ။
အချစ် ပြီးတော့ အလွမ်း အခုတော့
ကျွန်တော့် အသဲ တစ်ခြမ်းမရှိတော့ဘူး။

( မင်းဧရာ )

မိတ်ဆွေကောင်းပီသစွာနဲ့ သတိပေးထားတာလေးကို သူငယ်ချင်းလေးက အသိအမှတ်ပြုမိမှာပါ...

ကဗျာလေးကို ခံစားသွားပါတယ်ရှင်။

(ကဗျာတွေ အရမ်းရေးတတ်တာကိုလည်း အားကျသွားပါတယ်ရှင်)

ခင်မင်စွာဖြင့်
မြတ်

အားပေးသွားတယ်ဂျက်ရေ။

အားပေးသွားတယ်ဂျက်ေ၇..
အိုင်အိုရာ

အလွမ်းနင့်နင့်နဲ့ခံစားသွားတယ်

ဟာ..ကျန်..အမဂျက် အနော့် အကြောင်း ပြောတာလားမသိဘူး...
ပြောင်းပြန်ကြီး မှန်သွားတယ်..။။။

လာလည်ပါတယ်။ ပျော်တတ်သူနဲ့တွေ့ရတာ ပျော်စရာကောင်းပါတယ်။
လာလည်တာကိုလည်း ကျေးဇူးတင်ပါတယ်။
ကဗျာရေးတာတော်တယ်နော်။
အဲဒီလိုရေးတတ်ချင်လိုက်တာ။

အားလုံးကိုခံစားသွားတယ်နော်

ရင်ထဲထိ ကဗျာလေး ဖတ်သွားတယ် ဂျက်ရေ...

အလွမ်းတချို့က ဆေးဖြစ်စေနိုင်သလို
တချို့ အလွမ်းတွေက ဘေးဖြစ်စေနိုင်တယ်

ဒီစာလေးကို ခိုက်တယ်ဗျာ
လက်ရှိ ကျွန်တော်လည်း လွမ်းနေတဲ့သူပါ

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More