Friday, 13 January 2012

မောင့်အတွက် (ရင်ဘတ်ထဲကစာ) (၁)


Friends18.com Orkut Scraps

 ခမ်းခမ်းနားနားလဲမရှိပါဘူး
ဒါပေမယ့် သူ့ရဲ့ ဘ၀ အတော်များများကို 
ရှားရှားပါးပါး ကျွန်မပိုင်ဆိုင်ခဲ့ပါ၏ ။
ဒါကြောင့်လဲ ဒီလိုလေးရေးဖြစ်ခဲ့ရင်လွန်တယ်ဆိုမှာလား
-----------------------------------------------------------------------
စိတ်အားငယ်နေတဲ့    အချိန်
ငါ့နဘေးမှာ မင်းရှိနေတယ်
စိတ်ဓါတ်တွေပြိုလှဲပျက်စီးနေတဲ့    အချိန်
ငါ့နဘေးမှာ မင်းရှိနေတယ်
တအားဝမ်းနဲကြေကွဲဖြစ်ရတဲ့   အချိန်
ငါ့ရဲ့ နဘေး မင်းရှိနေတယ်
ဒုက္ခအပေါင်း အကြောင်းမရွေးပဲ
ဘ၀ထဲကို တည့်တည့်မတ်မတ်
ဝင်လာချိန်လဲ
ငါ့ရဲ့ နဘေး မင်းရှိတာပဲ
သေမယ် ရှင်မယ် ဘာမှမသိတဲ့    အချိန်
ချိနဲ့နေတဲ့လက်ချောင်းလေးကို
ဆုပ်ကိုင်ထားပြီး
အားပေးစကားဆိုခဲ့တာလဲ မင်းပါပဲ
ဘ၀ရဲ့ အချိန်တိုတိုလေးထဲ
ငြိမ်းချမ်းစွာနေဖို့
တွဲလက်တွေခိုင်မြဲစေဖို့
ငါ့ကို
ခပ်တင်းတင်းဆုပ်ထားတာဟာ 
မင်းရဲ့လက်ပါပဲ
ကြိတ်မှိတ်ခံစားခဲ့ရတဲ့
ဘ၀ခါးသီးမှုတွေလဲ
မင်းကြောင့်ချိုမြနေလေရဲ့ ။

မရပ်မနားလျှောက်လှမ်းနေရတဲ့
လောကခရီး ဝေးဝေးနီးနီး
အပြုံးမပျက် အကြင်နာတိုးဖက်
အတွယ်အတာ  နွယ်ကာယှက်လို့
ဒီ သံသရာတွေ 
အဖန်တစ်ရာတိုင်ချင်နေတာ
ငါပါပဲကွယ်
နူးညံ့တဲ့ မင်းစကား
ဘယ်ခါမှ မခါးဘူး
တစ်ပါးသူ မျက်ရည်နဲ့
အသက်မရှင်ချင်တဲ့   မင်း
တစ်ပါးသူနှလုံးသားနဲ့
အချစ်သီချင်းမဆိုချင်တဲ့   မင်းလေးရေ
ငါ့ အနားကမင်းထွက်မသွားပါနဲ့
ထွက်သွားဖို့လဲ မစဉ်းစားမိပါစေနဲ့နော်
မင်းရဲ့ နောက်ကျောပြင်ကိုတောင်ကြည့်ဖို့
ငါ့   နှလုံးသားကလဲ လုံးဝ လက်မခံပါဘူးကွယ်
မင်းနဲ့ပတ်သက်တဲ့   အိပ်မက်တွေမက်တိုင်း
နိုးသွားမှာလဲစိုးမိတယ်  အိပ်မက်ထဲမှာတောင် 
အတိတ်  ------   ယခုလက်ရှိအချိန်များ
မမြင်ရ မတွေ့ရသေးတဲ့
နောင် အနာဂတ် 
အရာအားလုံးကို မင်းလေးကသာ
ပိုင်ဆိုင်နေတယ်
ရိုးသားစွာ ချစ်ခဲ့ကြတဲ့ တို့နှစ်ယောက်
ဘ၀ ကြမ်းကြမ်းတွေကိုလဲ
အပြုံးမပျက်  ကြိုးစားခဲ့ပြီး
သိပ်ချစ်တဲ့ဆိုတာထက် လေးနက်တဲ့စကား
ဘုရားသခင်ဖန်ဆင်းခဲ့ရင် ငါသာအရင်ဦးဆုံး
ပြောပါရစေလို့  ။


jasmine

Friends18.com Orkut Scraps

24 comments:

အင်း ... အရမ်း ချစ်ကြ တယ် နော် ...
အား ကျ တယ် ဗျာ ...
မောင်ဘုန်း တို့  ကံဆိုး ရှာတယ် ... ရှိတဲ့ ချစ်သူ ကို
ချစ်ရတယ် မရှိဘူး ... တစ်နေ့ တစ်နေ့  လွမ်းနေရတာနဲ့ .... အား ... ထားပါလေ

အစ်မရေ ဖတ်သွားပါတယ် .....

ကဗျာလေးက ကောင်းလိုက်တာ။ ကျွန်တော့ မဒမ်သာဖတ်လိုက်ရင်တော့ "ဟင် ကြည့်စမ်း သူများတွေများ ချစ်တက်လိုက်ကြတာ၊ ရှင်သာ မဟုတ်မဟတ်တွေ လျှောက်ရေးနေဆိုပြီး ဗိုက်ခေါက်လိမ်ဆွဲမှာ သေချာတယ်.... "

D တစ်ခါ သေမယ် ရှင်မယ် မသိတဲ့ အခါ ကြိုပြော ဒေါက်တာရေချမ်းနဲ့  သန့် စင်ကို လွတ်လိုက်မယ် သိလား ဂျက်။ ဟီး

ကြောက်တယ် ဆိုတုန်း ချောက်ထားမှ။ နှင့်မို့ သူချည်း လာလာ ဖိုက်တင်ချနေတာ။ :D

နူးညံ့တဲ့ မင်းစကား
ဘယ်ခါမှ မခါးဘူး
တစ်ပါးသူ မျက်ရည်နဲ့
အသက်မရှင်ချင်တဲ့ မင်း
တစ်ပါးသူနှလုံးသားနဲ့
အချစ်သီချင်းမဆိုချင်တဲ့ မင်းလေးရေ
ငါ့ အနားကမင်းထွက်မသွားပါနဲ့




ကဗျာလေးကိုအာကျခြင်းများစွာနဲ့ဖတ်သွားပါတယ်မကြိးဂျက်ရေ

အရမ်းကို ကောင်းတဲ. ကဗျာလေးပါ။ အားကျတယ် ဗျာ

မမရဲ့မောင်တော့..ပြုံးနေတော့မှာပဲ...:):)

မမရေ မောင်ဘုန်းပြောသလိုပါပဲ အားကျလိုက်တာ
အချစ်တွေတိုးလို့ ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေနော်
လမင်းတော့လွမ်းနေရတုန်းပါပဲလေ :D

wow !
ခံစားချက်တွေက တော်တော်ပြင်းတယ်နော်။
မဂျက်တို့ရဲ့ သာယာတဲ့မိသားစုလေး ဓါတ်ပုံကို တင်နိုင်ခဲ့ရင် ပိုအားကျမိမှာ အမှန်ပါ။
မဂျက် နဲ့ မဂျက်မောင်ဆိုတဲ့လူရယ်+မဂျက်တို့သားသားရယ်မီးမီးရယ်ါ်:D

နှလုံးသားနဲ့ ပြုံးသွားပါသည်

ဖတ်သွားတယ်ဂျက်ရေ..။
အိုင်အိုရာ

ဖတ်ရင်းနဲ့ အားကျသွားတယ်
ဒီလိုလေး ရေးတတ်ချင်လိုက်တာ ညီမရေ
ညီမရဲ့ ကဗျာလေးက ခံစားချက်တွေတနင့်တပိုးနဲ့
ဖတ်လို့ ကောင်းသလို ခံစားလို့လည်း ရပါတယ်။

ဟိဟိး)း) အပျိုကြီးလူပျိုကြီးတွေအားကျကုန်ပြီ


မောင်ဘကြိုင်

ဒီ သံသရာတွေ
အဖန်တစ်ရာတိုင်ချင်နေတာ
ငါပါပဲကွယ်

ဆိုတာလေးကို အရမ်း၊ အရမ်း နှစ်သက်မိတယ်။

ပျော်ရွှင်ပါစေ မမဂျက်။

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

အစ်ကိုလွင်ပြင့်မျက်နှာကြီး ဖြီးနေမှာ မြင်ယောင်သေးတယ် ဟိဟိ
တကယ့်ခံစားချက်နဲ့ ရေးထားလို့လား မသိဘူး တခြားကဗျာတွေထက် ပိုကောင်းသလိုပဲ :D

အားကျလိုက်တာဗျာ.. ဟဟ သူလည်းကျွန်တော့်ကိုဒီရေးပေးရင်ကောင်းမှာပဲလို့တွေးနေမိတယ်..။

ဂျတ်က်စမင်းချိုရေ အားကျအောင် လုပ်နေပြန်ပြီ...အားကျလည်း ဘာမှ မတတ်နိုင်ဘူးကွယ်...ဟိ။

အားကျလိုက်ထာ..အစ်မဂျက်စ်ရား)) မင်းကျောပြင်ကိုတောင် ကြည့်ဖို့ ငါ့နှလုံးသားကလက်မခံဘူး ဆိုတဲ့ စာသား တစ်အားခိုက်း)

ကဲ ချစ်တတ်သူများအားလုံး ကြည်နူးပျော်ရွှင် နိုင်ကြပါစေ
မမတို့ချစ်သူနှစ်သူနှစ်ဦးလဲ ပျော်ရွှင်ကြပါစေ .

ချစ်တဲ့
မဒိုးကန်

မောင့်အတွက် 'ဂျက်'ရဲ့ရင်ဘတ်ထဲကစာကို
တီတင့်ဖတ်ခွင့်ရသွားလို့ ကျေးဇူးတင်သွားပြီနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အားကျလိုက်တာဂျာ... :P
ချစ်နိုင်ကြတာ ကြည်နူးမိတယ် မမရေ...။

ချစ်ခင်လျက်

ကောင်းလိုက်တာတော်တော်ချစ်နေတာပဲ

မလွန်ပါဘူးကွယ် နားထောင်နေပါတယ် :P

" ဘ၀ကြမ်းကြမ်းတွေကိုလဲ အပြုံးမပျက်ကြိုးစားခဲ့ပြီး သိပ်ချစ်တဲ့ဆိုတာထက်လေးနက်တဲ့စကား ဘုရားသခင်ဖန်ဆင်းခဲ့ရင် ငါသာအရင်ဦးဆုံးပြောပါရစေလို့ " ကောင်းလိုက်တဲ့ စာသားလေးဗျာ .. လေးစားပါတယ် မ jasmine ရေ။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More