Tuesday, 31 January 2012

သဘော တရား


မြစ်တို့သည် ကောက်ကွေ့စွာ 
စီးဆင်းနေ၏
လူသား များ ပို၍ကောက်ကွေ့ပြီး
ရှင်သန်နေကြ၏(အားလုံးကိုမဆိုလိုပါ) ။

သမုဒ္ဒရာတို့ နက်ရှိုင်းစွာရှိ၏
ကျွန်မ ရင်ထဲက အဖြူရောင်
ခံစားချက်များ
ပို၍ နက်ရှိုင်းစွာတည်ရှိ၏ ။

jasmine

19 comments:

လူတွေလဲ တောင်တန်းတွေ ကုန်းကမူတွေလို သူ့အခက်အခဲတွေနဲ့တွေ့တော့ ကွေ့ကောက်စီးဆင်းကြရတယ်ထင်ပါရဲ့နော်။

မစံပယ်ရေ.. မမေ့ပါဘူး။
လာလည်ဖြစ်ပြီး ခြေရာချန်မထားခဲ့မိတာပါ။း)))

jasmine ကောမန့်က မေးလ်ထဲပဲရောက်လာပြီး ဘလော့မှာ မကျန်ခဲ့ဘူးဖြစ်နေတယ်။ ဘာလို့လဲ မသိဘူးနော်။

jr

အပေါ်က အစ်ကို လား အစ်မလားခင်ဗျာ.. အဲဒါ Spam ဘောက်ထဲ ရောက်သွားတာပါ.. ။ ပြန်သွားပြင်လိုက်လို့ရပါတယ်. ။
မဂျက်ရေ လာသွားတယ်ဗျို့ ...။ အားပေးသွားပါတယ်..။

This comment has been removed by a blog administrator.

စာလာဖတ်တယ် စပါယ်ချို

ကဗျာလေးကထိတယ်မမရေ လမင်းအမြဲနောက်ကျတယ်နော်
တနေ့နေ့တော့စောအုံးမှာပါ:)

တိုတိုနဲ့ ထိထိမိမိလေးပါလားမမရေ..
ခံစားအားပေးလျှက်ပါလို့...

လူကောက်တွေခေါ်ခဲ့မမကြီး...တူကြီး၂နဲ့ထုပြီးဖြောင့်ပစ်မယ်...

ဘဝရဲ့ခါးသီးမှုတွေကြောင့်မကောက်ချင်ပေမဲ့ကောက်သွားကြရတာထင်ပါတယ် ဂျက်ရေ။
အဖြူရောင်ခံစားချက်များနက်ရှိုင်းမှုလေးထာဝရတည်မြဲပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကဗျာလေးကလန်းတယ်ဗျာအားပေးသွားပါတယ်မမjasmine choရေ

လူသား များ ပို၍ကောက်ကွေ့ပြီး
ရှင်သန်နေကြ၏(အားလုံးကိုမဆိုလိုပါ) ။

အားလုံးကိုဆိုလို လိုက်လို့ ရပါတယ်
လူ့ စိတ်ဆိုတာ ဘယ်တော့မှ အဖြောင့်တိုင်းမရှိဘူး
အရိယာပုဂ္ဂိုလ်တွေကလွဲလို့ ပေါ့
ကဗျာလေးရဲ့ အနက်အဓိပ္ပါယ်ကို အရမ်းသဘောကျပါတယ်
မဂျက်ဂျက်ရေ ....ခင်တဲ့...မိုးသူ(တောင်ကြီး)

မမရေ... ကဗျာလေး လာဖတ်သွားပါတယ်..ကိုယ်က မရေးတတ်တော့ အားကျတယ် သိလား.. :)

ညီမ ရဲ့

ခံစားချက်လေး ကိုဖတ်သွားတယ်

ချစ်တဲ့
အမရွှေစင်

ဟုတ်တယ်မမရေ လူတွေရဲ့မနောဟာပိုကောက်ကွေ့တယ်
ဒါကြောင့်သတိထားတတ်ရမယ်
ကိုယ့်စိတ်ကိုယ်ဘဲဖြူအောင်ကြိုးစားကြရမယ်

(ပြန်ကတည်းက အလုပ်ပိနေလို့ မနေ့ကမှပိုစ့်တင်ရ လျှောက်လည်ရလုပ်နိုင်တော့တယ်မမရေ
နေမကောင်းဘူးဆို နေကောင်းသွားပြီလား )
ချစ်တဲ့

မဒိုးကန်

အလည်ရောက်လာပါတယ်ခင်ဗျာ
ကဗျာဖတ်ရင်းနဲ့ 
followerလာလုပ်ပေးတဲ့အတွက် ကျေးဇူးပါလို့ ပြောကြားရင်း
ထော်ဦး

ကဗျာတွေကောင်းတယ် မဂျက်ရေ အားပေးသွားတယ် ခင်မင်စွာဖြင့် (လွမ်း)

အင်း...
မစပါယ်...
ဒါမျိုးလေး မဆိုးဘူး။
ဆိုင် ဆိုင်မဆိုင်ဆိုင် “ မြစ်တို့ ၏ မာယာ ” ကျတော့ ရောဗျာ..။

ကဗျာလာဖတ်တယ်ဗျို့ ..

မြစ်တို့၏ မာယာ သီချင်းလေးကို သတိရသွားတယ်။
:)

(အဖြူရောင်ခံစားချက်တွေ နက်ရှိုင်းစွာ ရှိနေတယ်ဆိုတဲ့၊ ကဗျာတွေ အများကြီး ရေးဖွဲ့တတ်တဲ့ ကဗျာရှင်ကို အားကျမိပါတယ်)

ခင်မင်စွာဖြင့်
မြတ်

ကဗျာလာဖတ်သွားတယ်ဗျို့
အသက်ရှင်သန်ရာဘဝတလျှောက်မှာ ဖြူစင်ဖို့ခက်ပေမယ့် ဖြူစင်ဖို့ကြိုးစားသင့်တယ်မဟုတ်လားဗျာာ


မောင်ဘကြိုင်

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More