Tuesday, 31 January 2012
Saturday, 28 January 2012
ချစ်ရသူအတွက် သက်သက်ရေးဖွဲ့ခြင်း
မသေချာတဲ့ လောက ကမ္ဘာကြီးထဲ
အသေအချာ မင်းရှိနေဖို့တစ်ကယ်ကို
လိုအပ်ခဲ့တာပါ ။
မီးလောင်နေတဲ့ ကမ္ဘာကြီးထဲ
မင်နှလုံးသားကိုလဲ
နင်းပြီး ငါ အသက်မရှင်ချင်ဘူး ။
မင်းနဲ့ ပတ်သက်နေသမျှတော့
ငါ့နှလုံးသားကို
ငါကိုယ်တိုင် နေ့တိုင်း
တံမြက်စည်းလှဲ ထားတယ်နော် ။
နှလုံးသား တခုလုံးပေးဆပ်ပြီးတာတောင်
လုံလောက်တယ် မထင်မိပါဘူး
အမုန်းတရားတွေ ဖြေလျော့
မာန်မာနတွေကိုချော့ပြီး
မင်းရဲ့ ခြေဖ၀ါးအောက်
အရောက်ပို့လိုက်မိတာ
ဘယ်ဘက် ရင်ဘတ်ထဲက
နှလုံးသားပါပဲ ။
အတွေးနဲ့ပဲ စိုးကြောက်မိတယ်
မင်းသာမရှိခဲ့ရင်တော့
နေရတာ ဘယ်လိုမှ
အဆင်မပြေဘူး အချစ်ရေ ။
စကြာဝဌာ ထဲမှာရှိတဲ့
တခုတည်းသောကောင်းကင်
မင်းကိုသတိရတိုင်း မော့ကြည့်နေမိတယ်
သေကွဲရှင်ကွဲတွေ များတဲ့လောကကြားမှာ
သေကွဲလဲ မကွဲချင်သလို
ရှင်ရက်နဲ့လဲ မဝေးချင်ဘူး ။
ငါကဗျာတွေရေးနေတာ
ဘာကြောင့်များလဲ
သေချာတာတစ်ခုတော့သိတယ်
ကြွားစရာဘာမှမရှိတဲ့ဘဝ
အဲဒီဘ၀ထဲဝင်လာတဲ့ သံယောဇဉ်တွေ
မင်းရဲ့အရိပ် ငါ့အနောက်မှာ
အမြဲရှိနေလို့ နှလုံးသားထဲက
ခံစားချက်တွေ အတုံးအရုံး
ဒီအရိပ်ကြောင့်လဲ
ငါတစ်ယောက်ထဲရှိနေလဲ
အထီးကျန်ခြင်းဆိုတာ
ငါမသိခဲ့ရဘူး
ဘုရားသခင်ပေးတဲ့
အကောင်းဆုံးလက်ဆောင်ဟာ
ငါ့ဘ၀မှာ မင်းပါပဲ ။
ဖျတ်ကနဲ အကြည့်တချက်က
ဇတ်ကနဲ နှလုံးသားကို
ဆွဲနုတ်လိုက်တာ သိပ်ကိုမြန်ဆန်လွန်းလှတယ်
အတပ်ပြောနိုင်တာ တခုကတော့
တောင်မင်း မြောက်မင်း
ဘယ်ဘုရားမှ မကယ်နိုင်တဲ့ သေကွဲရှင်ကွဲတွေ
သေခြင်းတရား ရောက်မလာသရွှေ့
(ဘ၀ရဲ့နောက်ဆုံး)အချိန်ထိအောင်
မခွဲအတူ တွဲလက်မြဲမြဲ
ရှိနေချင်တာပါ ။
jasmine
နေမကောင်းဖြစ်နေတဲ့နေ့ရက်လေးတွေကို
ဂရုတစိုက်ရှိနေပေးတဲ့ချစ်သူလေးအတွက်ပါပဲ
အိပ်မရတဲ့အချိန်တွေမှာပဲ
ဟိုတစ ဒီတစနဲ့ ကဗျာလေး
တစ်ပုဒ်ကို နှလုံးသားဖြင့်ဖန်တီးထားခြင်းသာ
ဖြစ်ပါတယ်ရှင် ။
jasmine ရဲ့ c-box လေးမှာနေမကောင်းဖြစ်နေတာကိုမေးမြန်းကျတဲ့
သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ် ။
Thursday, 19 January 2012
ပြုပြင်ခြင်းသာ သင့်အတွက်အကောင်းဆုံးပါပဲ
အချစ်မိုးကောင်ကင်ကြီးကိုသာသိပြီး
အချစ်ကြောင့် လွမ်းရတဲ့
အလွမ်းဟင်းလင်းပြင်ကိုသိဖို့
ဘာကြောင့် မကြိုးစားခဲ့တာလဲ
အလွမ်း တချို့ကဆေးဖြစ်စေနိုင်သလို
တချို့ အလွမ်းတွေကဘ၀တက်လမ်းကို
ဘေးဖြစ်စေတတ်တယ်နော် ။
ပိုက်ဆံ နောက်လိုက်နေတာလား
ဒါမှမဟုတ် ၀ါသနာပါလို့ပဲလား
မင်းရဲ့လိုက်ခြင်းတွေကို
သုတေသန မပြုချင်တော့ပေမယ့်လဲ
တစ်ယောက်ရဲ့ အခြားတစ်ဖက်မှာ
နောက်ထပ် တစ်ယောက်တွေ
ထက်ပြီးရင်းထပ်
ရင်နှစ်မွှာ အပ်ပြီးရင်းအပ်နေပြီနော်
အတပ်ပြောရရင်
မင်းရဲ့ သိက္ခာတွေလဲ
စုတ်ပြတ်သတ်နေပါပြီ ။
ကျောက်တိုင်း အပြစ်ရှိတာကို
မှတ်ယူပြီး အသစ်အသစ်တွေ
ထပ်တလဲလဲ ရှာနေရင်တော့
မင်းလေး ဘဝ
အဖတ်ဆယ်ရမှာ မဟုတ်ဘူးနော်
မင်းရဲ့ ချစ်သက်တမ်းကို
ဘယ်သူမှ မခန့်မှန်းနိုင်အောင်
အပြောင်းမြန်လှပါတယ်
ဒါက မင်လေးရဲ့ (ကိုယ်ပိုင် အရည်အချင်း)
ရပ်လိုက်ပါတော့ တော်ပါတော့
မော်ကြွားနေထိုင်မှုက
မင်း ဘ၀ ကိုလက်မှိုင်ချရအောင်
ဖြစ်သွားမှာစိုးလို့ပါ ။
jasmine ပတ်ဝန်းကျင်မှာ တွေ့ဖူးမြင်ဖူး
သိခဲ့ဖူးသူတစ်ယောက်အတွက်
Tuesday, 17 January 2012
လျှောကျသွားတဲ့ အလွမ်းများ
ကြယ်ရောင်တွေပျောက်တဲ့ ည
အလွမ်းတွေက ခေါ်သူမရှိပဲ
အလိုလိုရောက်လို့လာတယ် ။
ရောင်စဉ်ပြောင်းတဲ့ စိတ်ဓါတ်
သံစဉ်ပျက်တဲ့ ဦးနှောက် တွေနဲ့
ချစ်သူက ဖွဖွလေးနမ်းလိုက်ပေမယ့်
ရင်ဘတ်ထဲက ခံစားချက်တွေ
တဖြေးဖြေး လျှောကျသွားတာ
ငါသိလိုက်ပါတယ်
ပြန်ကောက်ဖို့အချိန်မမှီလိုက်ဘူး
တိုးတိုးလေး အနားကပ်ပြီး
ပြောတဲ့စကားသံ
အကြင်နာတွေလား ဝေဒနာတွေလား
နှလုံးသား နှစ်ခု ထပ်တူပြုပြီးသားမို့
ဘာပဲ ဖြစ်ဖြစ်
ဘာပဲ ဖြစ်ဖြစ်
ချစ်သူကို အပြစ်မယူပါဘူး ။
ပခုံးပေါ်မှာ တနင့်တပိုး
ထမ်းထားရတဲ့ သံယောဇဉ်တွေကလဲ
နှလုံးသားကို ညောင်းညာကိုက်ခဲ စေလို့
နဲနဲ လျှော့ချလိုက်မိတယ်
ခံစားရတာတွေ များလာတော့
နာကျင်ခြင်းတွေကလဲ
ဆွေမျိုးတွေလိုပါပဲ
အဲဒီလိုနဲ့
အမြင်အာရုံတွေေ၀၀ါးခဲ့တာမို့
ချစ်သူကိုကြည့်ဖို့ အင်အားတွေလဲ
ငါ့ဘ၀ထဲမှာ နထ္ထိ ။
အပြစ်ရှိတယ်ဆိုရင်
တောင်းပန်ပါရစေတော့
ဝမ်းနဲဖွယ် ဇာတ်သိမ်းခဲ့ရတာကို
ချစ်သူ ကျေနပ်ပါရဲ့လား ?
ကဗျာချစ်သူများရဲ့ ကိုယ်စား jasmine
Sunday, 15 January 2012
စက်ဆန်းပေါက်ကွဲမှုအလှုပြီးစီးခြင်း ( ၂ ) (ဓါတ်ပုံ + အင်တာဗျူးအသံဖိုင်)
မနေ့တုန်းက မတင်နိုင်တဲ့ အသံဖိုင်တွေရယ် ဓါတ်ပုံတွေရယ်ပါ.။ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ဗျာ..ကျဆုံးသွားတဲ့ သူတွေကိုတော့ ကျွန်တော်တို့တွေ မလှောင်ပြောင်မိဖို့ လိုပါတယ်။အခုလို ဓါတ်ပုံတွေ ဖော်ပြပေးလိုက်တယ် သတင်းတွေတင်ပေးတယ်ဆိုတာကလည်း အားလုံးသိအောင် သာဓုခေါ်ဆိုနိုင်အောင်သာ ရည်ရွယ်ပါတယ်။အရာရာကို အကောင်းမြင်ကြရင် အကောင်းမြင်ပေးနိုင်ရင် မအေးချမ်းပေဘူးလားဗျာ...။နား -ထောင်လို့အဆင်ပြေနိုင်မဲ့ ဖိုင်လေးတွေ တင်ပေးလိုက်ပါတယ်။အချိန်ရရင် နားထောင်သွားကြပါခင်ဗျား။
ဒဏ်ရာကို ပြသနေတဲ့ ကျွန်တော်တို့အဖိုးအရွယ် မီးသတ်သမားတစ်ဦး
interview with ma thidaohn by mmyg
“၅ရက်နေ့ကျရင် အမေ့ကို ကျိုက်ထီးရိုးဘုရားလိုက်ပို့မယ်ဆိုပြီး ခွင့်ကြိုယူထားတာလေ..အခုတော့ သူစိတ် ချမ်းသာအောင် အမေတစ်ယောက်ထဲ သွားပေးလိုက်တယ်ကွယ်” ဆိုတဲ့ တပ်သားရဲသူရ အောင်အောင်ရဲ့ မိခင်ကြီး..
လေးစားစွာဖြင့်
ကိုရင်
22:51(GMT)
မှတ်ချက်။ ။ကိုရင်၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။
“အိမ်က အခုလေးတင် ထွက်သွားပြီး ခဏနေတော့ သေဆုံးသွားပြီဆိုတာကို မယုံနိုင်ခဲ့ပါဘူး”ဆိုတဲ့ တပ်ကြပ်ကြီး ရဲသူရ ဇော်ဌေးရဲ့ဇနီး
“အဲဒီနေ့က ၅တန်းကျောင်းသူ သမီးလေးရဲ့ ကျောင်းကပွဲသွားမလို့ ခွင့်ယူထားတာလေ..အဲဒီမနက်မှာပဲ သမီး တို့အဖေ ဆုံးသွားခဲ့တာ”လို့ ဆိုတဲ့ တပ်ကြပ် ရဲသီဟ တင်စိုးရဲ့ဇနီး မဇာခြည်စိုး
“သားလေးကို တွေ့တဲ့အချိန်က ခေါင်းမရှိတော့ဘူးလေ..ကျွန်မဆင်ထားတဲ့ လက်စွပ်ကလေးကို ကြည့်ပြီး ဒါ ငါ့သားလေးပဲလို့ အတည်ပြုခဲ့ရတယ်”လို့ ပြောတဲ့ တပ်သားရဲသူရ မျိုးကျော်ကျော်ရဲ့ မိခင် ဒေါ်အေးအေးမြင့်
“၅ရက်နေ့ကျရင် အမေ့ကို ကျိုက်ထီးရိုးဘုရားလိုက်ပို့မယ်ဆိုပြီး ခွင့်ကြိုယူထားတာလေ..အခုတော့ သူစိတ် ချမ်းသာအောင် အမေတစ်ယောက်ထဲ သွားပေးလိုက်တယ်ကွယ်” ဆိုတဲ့ တပ်သားရဲသူရ အောင်အောင်ရဲ့ မိခင်ကြီး..
ဒဏ်ရာရ မီးသတ်တပ်ဖွဲ့ဝင်အချို့ နှင့် မြန်မာမုဒိတာအဖွဲ့ဝင်လူငယ်များ
ဆက်လက်ဖော်ပြပါမည်>>>>>
လေးစားစွာဖြင့်
ကိုရင်
22:51(GMT)
မှတ်ချက်။ ။ကိုရင်၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။
Friday, 13 January 2012
မောင့်အတွက် (ရင်ဘတ်ထဲကစာ) (၁)
ခမ်းခမ်းနားနားလဲမရှိပါဘူး
ဒါပေမယ့် သူ့ရဲ့ ဘ၀ အတော်များများကို
ရှားရှားပါးပါး ကျွန်မပိုင်ဆိုင်ခဲ့ပါ၏ ။
ဒါကြောင့်လဲ ဒီလိုလေးရေးဖြစ်ခဲ့ရင်လွန်တယ်ဆိုမှာလား
-----------------------------------------------------------------------
စိတ်အားငယ်နေတဲ့ အချိန်
ငါ့နဘေးမှာ မင်းရှိနေတယ်
စိတ်ဓါတ်တွေပြိုလှဲပျက်စီးနေတဲ့ အချိန်
ငါ့နဘေးမှာ မင်းရှိနေတယ်
တအားဝမ်းနဲကြေကွဲဖြစ်ရတဲ့ အချိန်
ငါ့ရဲ့ နဘေး မင်းရှိနေတယ်
ဒုက္ခအပေါင်း အကြောင်းမရွေးပဲ
ဘ၀ထဲကို တည့်တည့်မတ်မတ်
ဝင်လာချိန်လဲ
ငါ့ရဲ့ နဘေး မင်းရှိတာပဲ
သေမယ် ရှင်မယ် ဘာမှမသိတဲ့ အချိန်
ချိနဲ့နေတဲ့လက်ချောင်းလေးကို
ဆုပ်ကိုင်ထားပြီး
အားပေးစကားဆိုခဲ့တာလဲ မင်းပါပဲ
ဘ၀ရဲ့ အချိန်တိုတိုလေးထဲ
ငြိမ်းချမ်းစွာနေဖို့
တွဲလက်တွေခိုင်မြဲစေဖို့
ငါ့ကို
ခပ်တင်းတင်းဆုပ်ထားတာဟာ
မင်းရဲ့လက်ပါပဲ
မင်းရဲ့လက်ပါပဲ
ကြိတ်မှိတ်ခံစားခဲ့ရတဲ့
ဘ၀ခါးသီးမှုတွေလဲ
မင်းကြောင့်ချိုမြနေလေရဲ့ ။
မရပ်မနားလျှောက်လှမ်းနေရတဲ့
လောကခရီး ဝေးဝေးနီးနီး
အပြုံးမပျက် အကြင်နာတိုးဖက်
အတွယ်အတာ နွယ်ကာယှက်လို့
ဒီ သံသရာတွေ
အဖန်တစ်ရာတိုင်ချင်နေတာ
အဖန်တစ်ရာတိုင်ချင်နေတာ
ငါပါပဲကွယ်
နူးညံ့တဲ့ မင်းစကား
ဘယ်ခါမှ မခါးဘူး
တစ်ပါးသူ မျက်ရည်နဲ့
အသက်မရှင်ချင်တဲ့ မင်း
တစ်ပါးသူနှလုံးသားနဲ့
အချစ်သီချင်းမဆိုချင်တဲ့ မင်းလေးရေ
ငါ့ အနားကမင်းထွက်မသွားပါနဲ့
ထွက်သွားဖို့လဲ မစဉ်းစားမိပါစေနဲ့နော်
မင်းရဲ့ နောက်ကျောပြင်ကိုတောင်ကြည့်ဖို့
ငါ့ နှလုံးသားကလဲ လုံးဝ လက်မခံပါဘူးကွယ်
မင်းနဲ့ပတ်သက်တဲ့ အိပ်မက်တွေမက်တိုင်း
နိုးသွားမှာလဲစိုးမိတယ် အိပ်မက်ထဲမှာတောင်
အတိတ် ------ ယခုလက်ရှိအချိန်များ
မမြင်ရ မတွေ့ရသေးတဲ့
မမြင်ရ မတွေ့ရသေးတဲ့
နောင် အနာဂတ်
အရာအားလုံးကို မင်းလေးကသာ
ပိုင်ဆိုင်နေတယ်
ရိုးသားစွာ ချစ်ခဲ့ကြတဲ့ တို့နှစ်ယောက်
ဘ၀ ကြမ်းကြမ်းတွေကိုလဲ
အပြုံးမပျက် ကြိုးစားခဲ့ပြီး
သိပ်ချစ်တဲ့ဆိုတာထက် လေးနက်တဲ့စကား
ဘုရားသခင်ဖန်ဆင်းခဲ့ရင် ငါသာအရင်ဦးဆုံး
ပြောပါရစေလို့ ။
jasmine
Sunday, 8 January 2012
ဝေးတဲ့ အလွမ်း
နှလုံးသားကို စတေးပြီး
အလောင်းအစား လုပ်တာမဟုတ်ပေမယ့်
မင်းရဲ့စေတနာ အမှားတွေကို
ထောက်ထားပြီး
တားဆီးမရတဲ့ လက်ကျန်
သံယောဇဉ် ပါးပါးလေးကို
အလွမ်းတွေ ကြားကနေ
ဝိုးတ၀ါး မြင်ရတဲ့
ချစ်သူက
အကြင်နာတွေ ကိုလဲ
ခိုးယူခဲ့ပါတယ်
မခိုင်မြဲလို့ ယိုင်လှဲခဲ့ရတဲ့ ဘဝ
ထူလှဲ့ပါဦး ကူပါဦး
အမူအရာ ပိုပိုသာသာနဲ့
မျက်နှာချို လေပြေသွေး
အေးအေးဆေးဆေး ပြောနေသလို
ဘ၀တခုလုံး အမုန်းတရားတွေ
ဖုံးကွယ်သွားတော့ တွေ့သမျှ မြင်သမျှ
အရာအားလုံး ဗလာချည်းပါပဲ။
ကံကြမ္မာလမ်း မဖြောင့်တန်းလို့
လွမ်းနေရတဲ့ ဒီရာသီတွေကို
တမ်းတမ်းတတနဲ့
ရင်ဘတ်ထဲ သိမ်းထားတာ
နှစ်လရှည်ကြာ
အပြုံးတုတွေ
ဗုံးဘောလအောသုံးပြီး
နှလုံးသားထဲထိ ၀င်လာတဲ့
မင်းကို ရိုင်းတယ်လဲ မထင်မိပါဘူး
အနာဂတ်မှာ သာယာဖို့အရေး
ချစ်ရတဲ့ မင်းစွန့်ခွာပြေးတော့
အတွေးနဲ့ပဲ ဝေးသထက်ဝေးတော့
အဆွေးတွေနဲ့ လွမ်းရပြီကွယ်
ကဗျာ ချစ်သော စာချစ်သော သူငယ်ချင်းအားလုံးကို
အမြဲချစ်တဲ့ jasmineFriday, 6 January 2012
တနေ့တာ (တဂ်)
ဂျယ်လီပစ်ပစ် ရဲ့တဂ်ပိုစ့်လေးပါ-----ကဲ ဖတ်လိုက်ကြရအောင်နော်
အင်မတန်စာအရေးအသားညံ့သောကြောင့်စာဖတ်သူများ သီးခံဖတ်ပေးပါရန် အရင်ဦးဆုံး တောင်းပန်ပါရစေ ။
အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ?
*** စဉ်းစားလိုက်ပါတယ် ဘာစားရမလဲလို့ အပြင်သွားစရာရှိရင်တော့မြန်မြန်လေးထလိုက်တယ်***
မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ?
**စားကောင်းတာမှန်သမျှကြိုက်ပါတယ်***
လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ?
***ကော်ဖီ ပေါင်မုန့်မီးကင်ထောပတ်သုပ် တခါတလေကောက်ညင်းပေါင်း-ဆီထမင်း***
နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ?
***အိမ်မှာစားတာများပါတယ် အလုပ်မအားခဲ့ရင်တော့ဆိုင်မှာစားဖြစ်တယ်***
အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ?
***ငါးမြင်းဗိုက်သား - ငပိမရမ်းသီးထောင်း - ပဲကြီးနဲ့ဆူးပုတ်***
အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ?
***အလုပ်မှာ ကော်ဖီမရှိလို့ သောက်ချင်ရင်ကင်တင်းမှာသွားသောက်ဖြစ်တယ်- မိုင်လိုတော့ရှိပါတယ်***
ညနေစာကိုဘယ်မှာစားတတ်ပါလဲ?
***အိမ်မှာစားတာများပါတယ်ရှင်***
ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ?
***ကိုယ်စားနေတဲ့ ဟင်းတွေကိုမေမေကိုလဲကျွေးချင်မိပါတယ်- ကိုယ့်အမျိုးသားစားမကောင်းမှာလဲ စိတ်ပူမိပါတယ်***
အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်?
***တခါတရံမှ သာလုပ်အားပေးသွားရတာပါ - သွားတဲ့နေ့ရက်တွေဆို အလုပ်ပြီးတာနဲ့ ယောက်ကျာင်္းကိုဖုန်းဆက်တယ် - အလုပ်ပြီးကြောင်းပြောပါတယ်***
အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ?
***ဖိနပ်အရင်ချွတ်ပါသည်***
ဒုတိယလုပ်မိတာလေး?
*** ပြီးတော့ အခန်းထဲဝင် ရေခဲသေတ္တာဖွင့်ပြီးအအေး တခုခုသောက်ဖြစ်တယ်(ယောက်ကျာင်္းဝယ်ထားပေးတဲ့ အအေးပါ)
ကိုယ်တိုင်မ၀ယ်ပါ(ပိုက်ဆံကုန်မှာစိုးလို့)***
ကိုယ်တိုင်မ၀ယ်ပါ(ပိုက်ဆံကုန်မှာစိုးလို့)***
ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား?
***မသောက်တတ်ပါ***
ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ?
***ယောက်ကျာင်္းကိုစောစောအိပ်ဖို့သတိပေးပါတယ်***
အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ?
***ယောက်ကျာင်္းမသိအောင်တိတ်တိတ်လေးထပြီး ကဗျာတွေရေးပါတယ်***
တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ?
***စကားအများကြီးမပြောတော့ပါဘူး မေမေကိုဖုန်းဆက်ပါတယ်ယောက်ကျာင်္းကိုပြောပြတတ်ပြီး ပုတီးစိပ်တယ်***
အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း?
***ဖုန်း ပိုက်ဆံအိတ် အိမ်သော့***
မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ?
***မေမေ နှင့် မောင်လွင်ပြင်***
သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ?
***ကျွန်မ၏သစ်ပင်လေးပါ***
အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ?
***မိမိကို ရင်းရင်းနှီးနှီး ဆက်ဆံသူအားလုံးကို ခင်မင်ပါ၏***
ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု?
***လွင်ပြင်ဝယ်ပေးသောပစ္စည်း-----***
လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု?
***ယောက်ကျာင်္းဝယ်ပေးတဲ့ လက်ဆောင်အားလုံးကိုကြိုက်သည်***
ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ?
***မေမေနှင့် ကျွန်မချစ်လင် မောင်လွင်ပြင်***
အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ?
***ဒုက္ခသည်တွေကို တတ်နိုင်သလောက်ကူညီချင်နေသူ***
ကဲ ပစ်ပစ်ရေ စိတ်ထဲရှိတဲ့အတိုင်းရေးထားလိုက်တယ်နော် အမှားပါရင်တော့ခွင့်လွတ်သီးခံပေးပါလို့
တောင်းပန်ရင်းနဲ့ သူငယ်ချင်းအားလုံးကို ထာဝရ ချစ်ခင်နေတဲ့ jasmine
Tuesday, 3 January 2012
အလုပ်မလုပ်ရ သေးတဲ့ နှလုံးသား (ဟာသ)
“အလုပ်မလုပ်ရ သေးတဲ့ နှလုံးသား ”
ဆရာဝန် တစ်ဦးသည် နှလုံး အသစ် လဲလှယ်တပ်ဆင်မှ အသက်ရှင်နိုင်တော့မည့် လူမမာ သူဌေးကြီး တစ်ဦးကို ရှင်းပြရာ လူမမာသူဌေးကြီးမှ နှလုံး အသစ်ရှာပေးရန် ဆရာဝန်ကို ပန်ကြား တာဝန်ပေးလေသည်။ ငွေကြေး ကိစ္စ မပူရန်လည်း မှာကြား လိုက်သည်။ ရက်သတ္တပတ် အနည်းငယ် အကြာတွင် လူမမာထံသို့ ဆရာဝန် ရောက်လာသည်။
ဆရာဝန်။ ။ သူဌေးမင်းရေ ၊ နှလုံး အသစ် ၃ စုံတော့ တွေ့ ထားပြီ။ လူမမာ။ ။ ၀မ်းသာလိုက်တာ ဒေါက်တာရယ်။ အကျိုး အကြောင်း ကြားပါရစေ။
ဆရာဝန်။ ။ပထမ နှလုံးသား ပိုင်ရှင်က အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ မာရသွန် အပြေးသမားရဲ့ နျလုံး။ ပိုင်ရှင်က ကျန်းမာရေး သိပ်ကောင်းတယ်။ တစ်နေ့ ကမှ ကားတိုက်ခံရပြိး ဆုံးသွားတာ။ ပေးရမယ့် တန်ဖိုးက တစ်သိန်း။
လူ မမာ။ ။နောက်တစ်ခုကရော။
ဆရာဝန်။ ။ နောက်တစ်ခုရဲ့ ပိုင်ရှင်က အသက် ၁၉ နှစ်ပဲ ရှိသေးတယ်။ တာဝေး ရေကား ချန်ပီယံ။ ရေကန်ထဲ ဒိုင်ဗင် ထိုးဆင်းလိုက်တာ ရေကန်ဘောင်နဲ့ ဆောင့်မိလို့ သေသွားတာ။
ဆရာဝန်။ ။ပထမ နှလုံးသား ပိုင်ရှင်က အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ မာရသွန် အပြေးသမားရဲ့ နျလုံး။ ပိုင်ရှင်က ကျန်းမာရေး သိပ်ကောင်းတယ်။ တစ်နေ့ ကမှ ကားတိုက်ခံရပြိး ဆုံးသွားတာ။ ပေးရမယ့် တန်ဖိုးက တစ်သိန်း။
လူ မမာ။ ။နောက်တစ်ခုကရော။
ဆရာဝန်။ ။ နောက်တစ်ခုရဲ့ ပိုင်ရှင်က အသက် ၁၉ နှစ်ပဲ ရှိသေးတယ်။ တာဝေး ရေကား ချန်ပီယံ။ ရေကန်ထဲ ဒိုင်ဗင် ထိုးဆင်းလိုက်တာ ရေကန်ဘောင်နဲ့ ဆောင့်မိလို့ သေသွားတာ။
သူ့ နှလုံးသား အတွက် ဒေါလာ တစ်သိန်းခွဲကျမယ်။လူ မမာ။ ။ နောက်တခုကရောဗျာ။
ဆရာဝန်။ ။ပိုင်ရှင်က တစ်နေ့ ကို စီကရက် အကန့် အသတ်မရှိသောက်တယ်။ ကိုယ်အလေးချိန်က ပေါင် ၂၄၀။ ဘာလေ့ကျင့်ခန်းမှ မလုပ်ဖူး။ အရက်လဲ အကန့် အသတ်မရှိသောက်တယ်။ မဟုတ်တာ မှန်သမျှ အကုန်လုပ်တယ်။
ခေါ်ဈေး-တန်ဖိုးက ဒေါ်လာ ၅ သိန်း။
လူမမာ။ ။အမယ်လေး ဈေးကောင်းလှချည်လားဗျာ။ ဘာဖြစ်လို့လဲ။
ဆရာဝန်။ ။ ပိုင်ရှင်က စစ်ဗိုလ်ချုပ်သားလေ။ ဖအေ တန်ခိုး အရှိန်နဲ့ ရမ်းကားချင်တိုင်း ရမ်းကား၊ တွေ့ ရာလူ ၊လူလို့ မထင်တဲ့သူ၊ မနေ့ ကကပဲ နိုက်ကလပ်မှာ အန်ဖတ် ဆို့ပြီးသလား၊ ဦးနှောက်ကြောပြတ် သလား။ မသိဘဲ ရုတ်တရက် ကခုန်ရင်း သေသွားခဲ့တာ။
သူ့  နှလုံးသားက လူလို အလုပ်- တခါမှ လုပ်တာ မမြင်ခဲ့ကြရ ဘူးတဲ့။
အသုံး မပြုသေးတဲ့ လူ့ နှလုံးသား တဲ့။ အဲဒါကြောင့်ပါ။
လူမမာသူဌေးကြီးသည် အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းတငြိမ့်ငြိမ့် လုပ်ရင်း တတိယ မြောက်နှလုံးသားကို ရွေးချယ်လိုက်လေသည်။
( ဂျော်နီချက်ကြီး)
“စိုးရိမ်မှု”
သမားတော်ကြီး ၁ ဦး၊ လယ်သမား ၁ ဦး နှင့် အလုပ်သမား ၁-ဦးသည် NGO တစ်ခုမှ အမှု ဆောင်အရာရှိ ၁-ဦးနှင့်အတူ ကောင်းကင်ဘုံသို့ ရောက်ရှိလာသည်။ စိန့် ပီတာ နှင့်တွေ့ ၏။စိန့် ပီတာ။ ။ ကိုင်း --- အထဲကိုဝင်ခွင့်ရဖို့ အတွက် ခင်ဗျားတို့ လူ့ ပြည်မှာ ဘာတွေ လုပ်ခဲ့ကြတယ် ဆိုတာ ပြောပါဦး။
ပထမပုဂ္ဂိုလ်။ ။ ကျွန်တော်က ကလေး အထူးကုပါ။ ကလေးတွေရဲ့  အသက်ကို ကယ်ခဲ့တယ်။
စိန့် ပီတာ။ ။နောက်တစ်ယောက်။
ဒုတိယပုဂ္ဂိုလ်။ ။ ကျွန်တော်က လယ်သမားပါ။ လယ်ယာစိုက်ပျိုးရေး နိုင်သလောက် ကြိုးစား လုပ်ခဲ့ပါတယ်။
စိန့် ပီတာ။ ။နောက်တစ်ယောက်
တတိယပုဂ္ဂိုလ်။ ။ ကျွန်တော်က သာမန် အလုပ်သမားပါ။ ဆင်းရဲပါတယ်။ ကုန်ဈေးနှုန်း ကြီးတာကို မကြေနပ်လို့ ဆန္ဒပြတဲ့ လူတွေထဲ ၀င်ဆန္ဒပြရင်း လူအုပ်နှိပ်နင်းတဲ့ စစ်တပ်က ပစ်လို့ သေခဲ့ တာပါ။
စိန့် ပီတာ။ ။နောက်တစ်ယောက်
စတုတ္ထပုဂ္ဂိုလ်။ ။ ကျွန်တော်က NGO အနေနဲ့  အကျိုးပြု အလုပ်တွေ အများကြီး လုပ်ခဲ့ပါတယ်။ လုပ်ခဲ့သမျှအားလုံး ခုထိ လက်စ မသတ် နိုင်သေးပါဘူး။ ဘာဖြစ်လို့ လက်စမသတ် နိုင်သေး တာလဲလို့ မေးစရာ ရှိပါတယ်။ ပရောဂျက် တစ်ခုမပြီးခင် နောက်-ပရောဂျက် တစ်ခု ထပ်လုပ်ခွင့် ရအောင် ကြိုးစားထားလို့ပါ။ ပရောဂျက်တွေ များများ လုပ်ရတော့မှ အဆင်ပြေမယ်ဆိုတာ စိန့် ပီတာလည်း သိသားပဲ။ ကျွန်တော့်အနေနဲ့ ---။
စိန့် ပီတာ။ ။တော်--ရပြီ။ ဟို သုံးယောက် အထဲကိုဝင်။ ခင်ဗျားက ငရဲ ပြည်ကိုသွား။ ဒီမှာ ခင်ဗျားကို လက်ခံထားရင် ခင်ဗျားရဲ့ မဆုံး နိုင်တဲ့ ပရောဂျက်အဆိုပြုလွှာတွေ ကျုပ်တို့ ဖတ်နေရဦးမယ်။
(The Voice)
“လွတ်လပ်ရေးကိုတိုက်ပေးတဲ့သူ”
တစ်ခါက ပညာရေးဝန်ကြီး ဒေါက်တာ ချမ်းငြိမ်းသည် ကျောင်း တစ်ကျောင်းသို့ရောက်ရှိစဉ် အတန်းများ ကိုလှည့်လည်စစ်ဆေး လေသည်။
ထို့နောက် သုံးတန်း အခန်း တစ်ခုသို့ဝင်ကာကလေးငယ် တစ်ယောက်ကို မေးလိုက်သည်။
ဝန်ကြီး။ ။ သားလွတ်လပ်ရေးကို ရအောင်တိုက်ပေးခဲ့တဲ့သူရဲ့နာမည်ကိုသိလား
ကျောင်းသား။ ။ ဟုတ်ကဲ့ သိပါတယ်ခင်ဗျာ
ဝန်ကြီး။ ။ ဒါဆိုပြောပြပါဦးကွယ်-
ကျောင်းသား။ ။ ဟုတ်ကဲ့ သီဟတင်စိုး ပါခင်ဗျာ ။
(မောင်ကောင်းထိုက်ဟာသများမှ )
၁။ ခြေထောက်များရင် မကောင်းဘူး
တိရစ္ဆာန်တစ်စု ဝိုင်းဖွဲ့ စားသောက်နေကြသည်။ အာသွက် လျှာသွက် ဖြစ်နေကြသဖြင့် စကားဝိုင်းသည် စိုပြည်လှသည်။ အရက်ကုန်သွားသဖြင့် အရက်ထပ်ဝယ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့နှင့် လိပ်ကို အရက်ဝယ်ရန် လွှတ်လိုက်ကြသည်။ တစ်နာရီ၊ နှစ်နာရီ ကြာသွားသည်။ လိပ် ပေါ်မလာချေ။ တိရစ္ဆာန်များထဲမှ လိပ်ကို ကျိန်ဆဲသံများ ပေါ် ထွက်လာသည်။ မနီးမဝေး ချုံထဲမှ လိပ်ထွက်လာပြီး စိတ်ဆိုးစွာ ပြောသည်။
ကျွန်တော့်ကွယ်ရာမှာ အခုလို အတင်းပြောရင် ကျွန်တော် မသွားတော့ဘူးဗျာ
မတက်နိုင်။ လိပ်အစား ကင်းခြေများကို အဝယ်လွှတ်လိုက်ကြသည်။ ငါးနာရီကြာမှ ကင်းခြေများ ပြန်ရောက်လာသည်။ အားလုံးကင်းကို ဝိုင်းအော်ကြသည်/
ဟေ့ကာင်။ မင်းသွားတာ ကြာလှချည့်လားကွဟေ
အရက်ဆိုင် ဝင်ပေါက်မှာ ဘယ်ကောင်လဲ မသိဘူး။ ဆိုင်းဘုတ်တစ်ခု ချိတ်ထားလို့
ဘာဆိုင်းဘုတ်လဲ
ဆိုင်ထဲမဝင်ခင် ခြေထောက်ကို စင်အောင် သုတ်ပါတဲ့
၂။ တော်တော်တုံးတဲ့ဝံပုလွေ
ကိုချူချာ မြို့တက်ပြီး အမဲသား ဝယ်သည်။ အမဲသားချက်နည်း ပြုတ်နည်းကိုပါ ရေးမှတ်လာခဲ့သည်။ ရွာသို့ ခြေလျင်ပြန်လာခဲ့ရာ လမ်းခရီးတွင် အမှောက်ပျိုးလာသဖြင့် တောထဲတွင် ညအိပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ゞင်းအိပ်နေချိန်တွင် အမဲသားထုပ်ကို ဝံပုလွေ ဆွဲသွားသည်။ အိပ်ရာမှ နိုး၍ အမဲသားကို ဝံပုလွေ ဆွဲသွားကြောင်း သိသောအခါ ကိုချူချာ ဟက်ဟက်ပက်ပက် ရယ်သည်။
ဟား ဟား ဟား။ တော်တော်တုံးတဲ့ ဝံပုလွေပဲ- အမဲသားကို ခိုးသွားသတဲ့။ ချက်နည်းက ငါ့ဆီမှာ ကျန်နေတာပဲ။ ဒင်း ဘာလုပ်လို့ ရမှာလဲ။ ဟဲ ဟဲ ။
၃။ ကိုဘ မောင်တို့ လည်ပုံများ
ကိုဘမောင် တက္ကစီ စီးပြီး အိမ်သို့ ပြန်လာသည်။ အိမ်ရှေ့သို့ ရောက်သောအခါ
စကားတစ်ခွန်းမှ မပြောဘဲ ကားထဲမှ ထွက်သည်။ ထို့နောက် အိတ်ထောင်ကို နှိုက်သည်။
ရှပ်အင်္ကျိင်္ီအိတ်၊ တိုက်ပုံအိတ်တိုကို တစ်ခုချင်း နှိုတ်သည်။ ကားဆရာ ゞင်းကို ကြည့်နေသည်။
ပိုက်ဆံထွက်မလာချေ။ ကိုဘမောင် စိတ်ပျက်သံဖြင့်ပြောသည်။
အက်ဖ်အီးစီတစ်ရာ ကားထဲကျနေတယ် ထင်တယ်။
ဤစာကားကို ကြားသည်နှင့် ကားဆရာသည် လီဗာကို တအားနင်းပြီး တစ်ရှိန်ထိုး
မောင်းထွက်သွားတော့သည်။
ထွက်သွားသော ကားကိုကြည့်ပြီး ကျေနပ်သော အမူအရာဖြင့် ကိုဘမောင် အိမ်ခန်းထဲ
လှမ်းဝင်လိုက်လေသည်။
၎။ ပိုင်ပြီ
ပန်းချီကားချပ်ကို ခင်ဗျားခိုးတာ မဟုတ်ဘူးလို့ ရုံးတော်က ကောက်ချက်ချတယ်။
ခင်ဗျားကို တရားသေလွှတ်လိုက်ပါတယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ပန်းချီကားကို ကျွန်တော်အိမ်မှာ ချိတ်ထားလို့ရတယ်ပေါ့နော်။
၅။ သတင်းစကား
ယောကျာင်္းပျောက်သွားသည့်အတွက် ကူညီ ရှာဖွေပေးပါရန် ရဲစခန်းသို့ မိန်းမဖြစ်သူ
လာပြောသည်။ ယောကျာင်္း၏ ပုံပန်းသဏ္ဍာန်ကို မေးမြန်းစုံစမ်းပြီးနောက် ရဲအရာရှိက
အမျိုးသမီးကို ပြောသည်။
ကောင်းပြီလေ။ ကျွန်တော်တို့ ကြိုးစားရှာပေးပါ့မယ်။ ဒါနဲ့ ခင်ဗျားရဲ့ ယောကျာင်္းကို
တွေ့ရင် ဘာပြောပေးရမလဲ ၊ ပြောလိုက်ပါ။
ကျွန်မအမေ ကျွန်မတို့အိမ်မှာ လာနေမယ့် အစီအစဉ်ကို
ဖျက်သိမ်းလိုက်တယ်လို့။
ရယ်သောသူသည်အသက်ရှည်ပြီးနုပျို၏
ထို့ကြောင့် ဘလော့ဂါ သူငယ်ချင်းများ အားလုံး
အားပါးတရ ရယ်ကြပါလို့ jasmine









