Monday, 19 March 2012

စိတ်မညစ်ကြေး




အလွမ်းတွေခေါက်သိမ်းဖို့
ခက်နေတဲ့ အချိန်မှာပဲ
တိတိ ကျကျ
နာရီသံကလဲ
ချောက်ချက်ချက်နဲ့
စည်းချက်ညီညီ
ဘယ်ယိမ်းအဖွဲ့နဲ့
တိုက်ထားသလဲ        မေးရမလို
အပိုတွေ မတွေးချင်ပါဘူးရယ်လို့
ကိုယ့်မျက်နှာကိုယ်
မှန်ထဲပြန်ကြည့်လဲ
အဖြေကဘာလဲ?
အိုမင်းခြင်းတွေပါပဲလား
ထိမှသိတာထက်
မထိပဲသိတတ်ရင်ကောင်းမှာပါ
တက်မက်မှုတွေနဲ့ချိုမြိန်ခဲ့သူရေ
လူက ပျောက်ကွယ်ခဲ့လဲ
အရိပ်လေးကျန်
မချန်ခဲ့တဲ့ အချစ်တွေကိုတော့
တခါတခါ လွမ်းမိပါရဲ့
ချစ်သူ ရင်ထဲမှာလဲ
ဒဏ်ရာတွေပြည့်တာသိပါတယ်လေ
ဆေးခါးသောက်နေရတဲ့
ဘ၀ရဲ့ နေ့ရက်တွေထဲ
မှားခဲ့တာ ကံ   ကံရဲ့အကျိုးပါပဲ
မချိုမြိန်ဘူးရယ်လို့ထိုင်ကာမငြီးပါနဲ့
ရောင်စဉ်မလှတဲ့ အချိန်
ဘ၀ခရီးလမ်း
နဲနဲတော့ကြမ်းခဲ့မှာပဲလေ
အဲ့တာသဘာဝပါ
ဒီနွေ အရင်ကထက် တိတ်ဆိတ်နေသလို
ရှိနေပေမယ့်
မင်းလေးရဲ့ အနာဂတ်လမ်း
ပန်းခင်းတွေပြည့်နေလေရဲ့

jasmine

Friday, 16 March 2012

အိန်ဂျယ်လေး မိုးငွေ့ ရဲ့ မွေးနေ့ဆုတောင်း



ဘ၀တွေ ယောင်ပေပေ မဖြစ်ပဲ
ပန်းနုရာင်နှလုံးသားနဲ့
ဘ၀ကို တစ်ကိုယ်တည်းရုန်းကန်
အမှန်တော့ ရင်ထဲမှာအချစ်ရှိတယ်
ဒီအမေ ဒီအဖေ မွေးလို့
မြင့်မြတ်တဲ့ မွေးနေ့ရှင်

စိတ်ဝယ်ဘ၀င်အေး
နာမည်ကိုမေးပါရစေဦးလို့
မိုးငွေ့တဲ့လေ
ကြားရသူရင်ထဲ အေး
မွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင်
ဟန်တွေမလုပ်
မာန်တွေလဲမထုတ်
မိုးငွေ့ရင်ထဲ
အမြဲဖြူစင်
မိုးငွေ့ အပြုံး
မြင်သူရင်ထဲ
နှလုံးအေးစေတယ် ။

စာတိုကဗျာတို
ဝါသနာတွေနဲ့
ကဗျာအကြောင်းတွေတွေး
စာတွေရေးတဲ့ မိုးငွေ့လေးရေ
ချစ်ခြင်းတရား
အထားမမှားစေပဲ 
ရင်ထဲထည့်ထား
ပုလဲတလုံးရွဲတလုံး
အပြုံးတုဆိုတာဝေးတဲ့
မိုးငွေ့ရေ
ဒီနှစ်ဒီလ
ဒီရက်မှတိုင်
စိတ်နှလုံးရွှင်လန်း
အပြုံးပန်းတွေထာဝရဝေပြီး
စိတ်သွားတိုင်းကိုယ်ပါ လိုအင်ဆန္ဒမြဲလို့
စာတွေကဗျာတွေ
ရာသက်ပန်တည်ဆောင်နိုင်ပါစေလို့ ။

jasmine cho




Sunday, 11 March 2012

သူသိစေသား


Friends18.com Orkut Scraps

အရွယ်ငယ်ငယ်
 မလည်မ၀ယ် အချိန်တွေမှာ
မှားယွင်းတဲ့ ရင်ခုန်သံ
ရူးနှမ်းတဲ့ စိတ်ကူး 
သိပ်ကိုထူးခြားနေသလားရယ်လို့
စိတ်တွေ ကစား
လမ်းတွေမှားခဲ့လဲ
မမြင်နိုင်တဲ့ အနာဂတ်ကိုတော့
ကောင်းခြင်းတွေ သယ်ဆောင်လိုပါ၏ ။

အသက်အရွယ်နဲ့
အသိတွေက
မသွားရတဲ့နေရာမရှိ
မသွားသင့်တဲ့နေရာရှိ၏ ။

မလုပ်တတ်(မလုပ်ဖူး)တဲ့ အရာမရှိလဲ
မလုပ်သင့်တာ မလုပ်မိစေဖို့လို၏ ။

တိုတောင်းတဲ့ ဘ၀တွေ
vodka lime တစ်ခွက်နဲ့ ကျေနပ်စေခဲ့တယ် 
ပြီတော့ ************ချစ်သူနုတ်ဖျား
ချစ်ခြင်းစကားတွေ 
ခဏ ခဏ ကြားချင်နေမိတယ်
ချစ်ရသူ နှလုံးသား
အမုန်းစကား
နောက်ဆုံးထွက်သက်ထိ
ပိတ်ထားပေးပါ
နားထောင်ရန် အင်အားမရှိတော့လို့ပါ ။

ညတာတွေအမြဲရှည်ပါစေတော့
မင်းအကြောင်းအိပ်မက်တွေ
ညတိုင်း  ညတိုင်း တောက်ပနေလေရဲ့ ။

အချစ်ဦးလဲ မဟုတ်ခဲ့ပါ
ဒါပေမယ့်လဲ အရူးတစ်ပိုင်း
မဖြစ်ဘူးဆိုရုံလေး
ရင်ဘတ်ထဲ အချစ်ဆူးတွေ
နှင်းဆီဆူးလို
လွယ်လွယ် ဆွဲနုတ်မရ ။

ဘာကြောင့်ချစ်ခဲ့တာလဲ?????
ချစ်ရတဲ့ အကြေင်းပြချက်မရှိဘူးနော်
အချစ်ကိုချစ်လို့ချစ်တာပါပဲ
သံယောဇဉ်တွေ
တနင့် တပိုးနဲ့
ကမ္ဘာပျက်စေဦးတော့
ဆက်၍ချစ်နေမှာပါ ။

မျက်လုံးလေးမပိတ်ပါရစေနဲ့
ခေါင်လေးလဲမမော့ချင်ဘူး
အဲဒီ အနမ်း
နောက်ဆုံးဖြစ်မှာစိုးလို့ပါကွယ်။

jasmine



Saturday, 10 March 2012

ချစ်ရသူပေးတဲ့ ခရေ ကဗျာ





အမြင့်မှာပဲ စံစံ
မြေမှာပဲ ခခ
သဘာဝကိုက
မွေးပျံ့တဲ့ ပန်း ***


အမြင့်မှာ စံလို့လဲ
မာန်မတက်
လေပြေကဆော့လို့လဲ
စိတ်မဆိုး
ကြွေကျ မြေခ
ဘယ်ဘ၀ရောက်ရောက်
အားမငယ်တတ်သည့်ပန်း  ***


ပန်းခရေ
ကောက်သူကို ပျော်ရွှင်မှု့ပေး
နမ်းသူကို ရင်သို့အေးစေသူမို့
နွမ်းခြောက်တောင်
ရနံ့တွေမပျောက်လို့
အမြတ်တနိုးထားတဲ့ ပန်း ***


(ဒီကဗျာလေးကို ကျွန်မချစ်ရတဲ့သူတစ်ယောက်က
ပေးတဲ့ကဗျာလေးပါ ကျွန်မကိုယ်တိုင်ရေးတဲ့ကဗျာ မဟုတ်ပါဘူး)
ဖတ်ပြီးရင် ဘယ်သူပေးတာလဲမမေးပါနဲ့နော်
ကျေးဇူးတင်လျှက်
jasmine



Friends18.com Orkut Scraps

Monday, 5 March 2012

အလွမ်း အဓမ္မ



ပန်းတွေကြွေနွမ်း
စမ်းတွေရေခမ်း
ရင်ထဲမှာ အမြဲလွမ်းနေရတဲနေတဲ့
နွေရာသီ
 ရောက်လို့လာပြန်ပေါ့
ဒီတခါ အေးခဲတာတွေလဲ
ပျောက်ပြီး
ခဲပြီးအေးနေတဲ့
နှလုံးသားကတော့
နွေမှာ ဘယ်လိုပူပူ
ဆက်ပြီး ခဲအေးနေဆဲပါပဲ
လွမ်းတာတွေများလို့ 
ပူတာလား
ပူတာတွေများလို့ 
လွမ်းတာလား
ပူတာကလဲ ပူသလို
လွမ်းတာကလဲလွမ်းတာပါပဲ
ဥသြ ရဲ့ တွန်သံလေးတွေ
ပတ်ဝန်းကျင်တခွင် အဆက်မပြတ်
တဖက်သတ် အလွမ်းတွေလား
လူမသိ သူမသိ အပူတွေလား
ကမ္ဘာကြီးလဲ လှနေလေရဲ့
နွေရာသီကလဲ လှနေလေရဲ့
တောင်လေနဲ့အတူ
အလွမ်းတွေကလဲ
ရင်ဘတ်ထဲ တဲ့တဲ့ ကြီးဝင်လာလေရဲ့
သဘာဝ ကြောင့်ဖြစ်တည်နေတဲ့
ပန်းကလေးများ
ရာသီအလိုက် စည်းကမ်းရှိစွာနဲ့
ပွင့်နေကြတယ်
အော်.........ဒါပေမဲ့လဲ
ငါ့  ရင်ဘတ်ထဲအလွမ်းတွေကတော့
စည်းမရှိ  ကမ်းမသိ 
ဖြစ်နေပါရော့လားဟယ်
ပန်းတွေ ကိုတော့အတူကောက်ပြီး
အလွမ်းတွေကျတော့
ငါတစ်ယောက်ထဲဆိုတော့
နဲနဲမလွန်ဘူးလားလို့
လူတစ်ချို့ကလဲ
အကြွေပန်းတွေ 
အလုအယှက်ကောက်နေလေရဲ့
အချစ်ရဲ့ ဆွဲအားတွေကြေင့်
ဖြစ်တည်နေတဲ့ အလွမ်း
ဘယ်သူကူလို့ ကောက်မှာလဲ
ဖြေတတ်ရင်ဖြေခဲ့ပေးပါ ။ 
jasmine

Thursday, 1 March 2012

ငါးထောင်တန်ဖုန်းပေါ် ဘလော့ဂါတစ်ယောက်ရဲ့အမြင်(တဂ်ပို့စ်)

ငါးထောင်တန်ဖုန်းပေါ် ဘလော့ဂါတစ်ယောက်ရဲ့အမြင်(တဂ်ပို့စ်)  

အလင်းသစ်- ညီမငယ် Angelhlaing ညီမငယ် ရွှေဒိုး တို့ရဲ့ကျေးဇူးနဲ့ရေးဖြစ်တဲ့တဂ်လေးပါရှင်

အထွေအထူးရေးစရာမလိုတော့သဖြင့်(မရေးတတ်တာလဲပါတယ်နော်)

 ၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။

မမြင်ပါဘူး-ဒါပေမဲ့ အရင်နဲ့စာရင်တော့နဲပါတယ်။

 ၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

ကောင်းတဲ့ဖက်ကကြည့်ရင်တော့ကောင်းပါတယ်

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။

တောင်းဆိုသင့်ပါတယ် ရ-မရ လက်ရှိအုပ်ချုပ်တဲ့သူနဲ့သာဆိုင်တဲ့ကိစ္စပါ ။

 ၄ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။

ဝမ်းမြောက်စွာနဲ့ ကြိုဆိုနေမှာပါ ကိုယ့်တိုင်းပြည်က လူတွေ အတွက် ကောင်းတဲ့အလုပ်ပဲ။

 ၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။ 

ဝမ်းသာကျေနပ်မိပါတယ် နိုင်ငံတကာက လမ်းဘေးဈေးသည်တွေ ဖုန်းကိုယ်စီသုံးနေတဲ့အချိန် ကိုယ့်တိုင်းပြည်က လက်ကိုင်ဖုန်းမမြင်ဖူး၊မတွေ့ဖူးသေးတဲ့သူတွေများနေတယ် - လူတိုင်းလိုလိုလဲ အသုံးပြုနိုင်မယ် တစ်ခုရှိတာကတော့ မည်သို့လုပ်လိုက်သည်မသိ၊ဘယ်မှ မဆက်ရပဲ ဖုန်းထဲကပိုက်ဆံတွေ မစားသွားဖို့ရယ် ဆက်သွယ်ရေးကွန်နက်လေးကောင်းဖို့ရယ်တော့ အမှန်လိုအပ်ပါတယ် ။

၆။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။

မမြင်ပါဘူး အိမ်နီးချင်းနိုင်ငံတွေမှာမြန်မာပိုက်ဆံ တစ်သိန်းအောက်မှာပဲဖုန်းဝယ်နိုင်ပါတယ်-

ဈေးကတော့အမျိုးအစားလိုက်ကွာဟနေတာကလွှဲပြီးပေါ့ရှင် i Phone ကိုတော့မပြောတော့ပါဘူး ။

 

ရေးတတ်သလို စိတ်ထဲက အတိုင်းရေးချလိုက်ပါတယ် အမှားတွေရှိရင်လဲ ခွတ်လွှတ်ပါလို့

အလင်းသစ်-ရွှေဒိုး- Angelhlaing ရေ

ရေးပြီးပါပြီနော် သေချာတာတစ်ခုက ကိုယ်ရေးတာကလွှဲရင် ဘလော့ဂါ အားလုံးရဲ့စာ

ဖတ်ကောင်းနေမှာပါပဲ 

သူငယ်ချင်းဘလော့ဂါ မောင်နှမများ အားလုံးကို လေးစားချစ်ခင်လျှက် jasmine



Sunday, 26 February 2012

ချစ်သူဖတ်ဖို့ကဗျာ


Friends18.com Orkut Scraps

တောင်တန်းတွေ ခြားနေတယ်
ပင်လယ် သမုဒ္ဒရာ ကြားခံနေတယ်
မိုင်ပေါင်းမရေတွက်နိုင်အောင်
ကွာဝေးနေတယ်
လိုချင်တာ တစ်ခုကတော့
အနီးအဝေး မဆိုင်တဲ့
ချစ်ရသူ
ရဲ့ ရင်ခုန်သံစစ်စစ်ပါပဲ ။

မည်သို့ပင်ဖြစ်စေတော့ကွယ်
အတိတ်က တိတ်တဆိတ်လဲကျခဲ့တဲ့
သံယောဇဉ်တွေ ပြန်မတ်နိုင်အောင်တော့
ကြိုးစားရင်း ရုန်းကန်ရင်း
ဘ၀ရဲ့ လေထန်မှုကိုခါးစည်းခံရင်း
မှားယွင်းတဲ့  ရင်ခုန်သံ
ခါးသွားတဲ့ အနမ်းများ
မဖြစ်စေဖို့
ရူးနှမ်းတဲ့ စိတ်ကူးတွေကို
အမြဲ ဖျက်နေလေရဲ့ ။

အားလုံးကိုချစ်သူ သိစေတော့
ပျိုးပြီးသား အချစ်သစ်ပင်
ရင်ထဲကို 
အကိုင်းအခက်တွေတိုးဝင်စေအုန်း
ခုတ်မပစ်ဘူးနော်
အရိပ်နေ အခက်ချိုးလဲ
ချစ်ရသူ ရင်ထဲ
ထာဝရအေးငြိမ်းစေဖို့
တွယ်တာသမျှ  ရင်ထဲက
အချစ် စစ်စစ်ဖြင့်သာ 
အမိုးလုပ်ပြီး အုပ်မိုးပေးထားပါ့မယ် ။

jasmine

Thursday, 23 February 2012

ချစ်သူပေးတဲ့ ပန်းခရေ


Friends18.com Orkut Scraps

ချစ်သူပေးတဲ့
ခရေ တစ်ဆုပ်
အမုန်းတွေထုတ် မသုံးမိစေဖို့
ခရေပန်း တစ်ဆုပ်
ချစ်သူယူလာပေးတယ်
အဲဒီခရေ
အပင်မှာမဝေပဲ
မြေမှာကြွေလှဲ
အနံ့တွေ လေထဲလွှင့်ပြီး
ရင်ကိုအေးမြစေခဲ့တယ် ။

jasmine

Friday, 17 February 2012

ချစ်သူ အနားမှာရှိရင်

Friends18.com Orkut Scraps

ငါ့ကိုထားခဲ့ဖို့ စဉ်းစားနေပြီလား
တစ်ကယ်လို့ ထားခဲ့မယ်ဆိုရင်

အရာအားလုံး ဆုံးရှုံးမှုတွေအတွက်နဲ့
ဘ၀ကြီးက လွမ်းစရာတွေ
 ပြည့်သွားမယ်ထင်တယ်
စတွေ့တဲ့ အချိန် ပြောတဲ့
စကားတစ်ခွန်း
 ရွှေမိုးတွေဘယ်လောက်ရွာသွန်းသွန်း
ငါမမေ့တတ်ခဲ့ဘူးလေ
"မင်းင့ါကို တစ်ယောက်ထဲ မထားခဲ့ပါနဲ့တဲ့"
"ငါ အကြောက်ဆုံးကတစ်ယောက်ထဲဖြစ်နေမှာကိုပဲ"
မင်အချစ်လေပြေလေးတွေက
ငါ့ဘ၀ရဲ့ တေလေဆန်မှုတွေကို
ဖယ်ရှားစေခဲ့ပြီး
အကြင်နာတွေ 
ဗုန်းပေါ လအော ပေးခဲ့တာ
အဲတာတွေကြောင့်
အနာဂတ်အတွက်ကြိုးစားရင်း
ဘယ်သောအခါမှလဲ
အရာအားလုံး မဆုံးရှုံးဘူးဆိုတာ 
သိလာရတယ်
လူ့ဘ၀ဆိုတာ တခါတရံ 
ကံကောင်းခြင်းကမ်းတွေပြိုတတ်တယ်
တခါတရံ
လမ်းကောင်းတွေလဲ ချော်တတ်တယ်
တခါတရံ ဘ၀အတွက်
ရေဆန်ကိုလှော်တက်ရတယ်
ဘယ်အချိန် ဘယ်အခါ ဖြစ်ဖြစ်
ချစ်ရသူ နှလုံးသားပိုင်စိုးသူသာ
အနားမှာ ထာဝရ ရှိနေခဲ့ရင်တော့
အဲဒီ ဒဏ်ရာတွေ
အများကြီးသက်သာစေခဲ့ပါတယ် ။

jasmine





Friends18.com Orkut Scraps

Monday, 13 February 2012

jasmine ရဲ့ တစ်နှစ်ပြည့် ရတနာလေးမွေးနေ့ နှင့် ချစ်သူများနေ့ အမှတ်တရ



          တရွှေ့ရွှေ့ကုန်ဆုံးလာတဲ့အချိန်တွေရယ် စိတ်ထဲမှာတော့ မနေ့ကလိုထင်ပေမဲ့ လက်တွေ့မှာတော့
ပြက္ခဒိန်တစ်စောင်တောင် လှဲခဲ့ပြီပေါ့နော် မနှစ်က ဒီအချိန်မှာ ကဗျာရူး စာရူး သူငယ်ချင်းငတ်နေတဲ့ ကျွန်မ အတွက် မောင်က ချစ်သူများနေ့ လက်ဆောင်ဆိုပြီး ချောကလက်-စံပယ်ပန်းလေး(နှင်းဆီပန်း မပေးပါ ကျွန်မကြိုက်သော စံပယ်ပန်းလေးတစ်ကုံးပေါ့) ပြီးတော့ ကျွန်မ ဘ၀ရဲ့ ဘယ်တော့မှ မေ့လို့မရတဲ့ ကဗျာတွေ စာတွေ သူငယ်ချင်းတွေကို မှတ်တမ်းတင်တဲ့ ဒီဆိုဒ်လေးကို
သူက လက်ဆောင်ပေးခဲ့တာ တစ်နှစ်တောင်ပြည့်သွားပါရောလားနော်။
            ချောကလက်လေးကတော့ စားလို့ကုန်သွားပြီ ပန်းလေးကလဲ ခေါင်းအုံးအောက်မှာ ပန်းခြောက်အဖြစ်ကနေ ဖန်ပုလင်းလေးထဲ အမှတ်တရသိမ်းထားလိုက်ရပြီ ဆိုဒ်လေးကတော့
အခု သူငယ်ချင်းတို့အားပေးမှုတွေနဲ့ အင်အားပြည့်ခဲ့ရတဲ့  http://www.sabaecho.com/ ဒီဆိုဒ်လေးပါပဲ
ကျွန်မအရမ်းကိုချစ်ပြီး သံယောဇဉ်ဖြစ်ရတဲ့ ဆိုဒ်လေးပါ စစ်မှန်တဲ့သူငယ်ချင်းမိတ်ဆွေ
အများကြီးလဲ ဆိုဒ်လေးကတဆင့်ရရှိခဲ့ပါတယ်ရှင် ။
ပထမ ဦးဆုံးလာရောက် အားပေးခဲ့သူကတော့ ဘလော့ဂါ မိုးခါး
ဒုတိယ မြောက် ရိုးမအရိုင်းပန်း
(၀င်းမင်း)
တတိယမြောက် လာရောက်အားပေးသူကတော့ စိုင်းထွန်းမြင့်
စတ္ထုထမြောက် ခနွဲ
ပဉ္စမမြောက် 7pm 

အဲဒီလိုနဲ့နောက်ပိုင်းမှာတော့ဘလော့ဂါသူငယ်ချင်းများစွာရရှိခဲ့ပါတယ် အားလုံးဖြူစင်ပြီးချစ်စရာကောင်းကြတော့ သူတို့တွေအားလုံးကိုလဲ ဂျက်က ချစ်ခင်ခဲ့ပါတယ်
ခုဆိုရင် ဘလော့ဂါ ၇၀ ကျော်ရင်းနှီးခဲ့ရပါပြီ ဦးဦး - ဒေါ်ဒေါ် - ကိုကို - မမ -
မောင်ငယ်- ညီမငယ်အားလုံးကို ဘာသာ လူမျိုးမရွှေးချစ်ခင်လျှက်ပါ
လူသားအားလုံးကို ဘုရားသခင်ဖန်ဆင်းပေးထားတာမို့ အားလုံးကိုတူတူချစ်ပါတယ် ။
jasmine ရဲ့ အားနဲချက်တစ်ခုကတော့ အချိန်ဆင်းရဲခြင်းပါပဲ သူငယ်ချင်းတွေနဲ့ ဖလန်းဖလန်းထချင်လဲ
မအားရတာနဲ့ နေမကောင်းရတာနဲ့ မတွေ့ရ-တူတူမလည်ရ အဲတာတွေများခဲ့ပါတယ်
ဒါကြောင့်သူငယ်ချင်းတွေကလဲ jas ကိုနားလည်စွာခွင့်လွတ်ပေးပါလို့ တောင်းပန်ပါရစေ -
ဒီနေ့၁၄-၂-၂၀၁၂ နေ့ jas ရဲ့ဘလော့ သက် တစ်နှစ်တိတိပြည့်ခဲ့ပါပြီရှင်
ချစ်သူများနေ့ဖြစ်သလို ဘလော့ တစ်နှစ်မွေးနေ့လဲဖြစ်ပါတယ် ၁၂ လ လုံး စိတ်ရှည် သီးခံပြီးကဗျာတွေလာဖတ်ပေးခဲ့တဲ့ ဘလော့ဂါ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ။
ချစ်သူများနေ့ ချစ်လင် မောင်လွင်ပြင်အတွက်တော့ကဗျာလေးတစ်ပုဒ် စပ်ထားတာရှိနေပါတယ်
ဆားချက်တာမဟုတ်ပါနော်----------------------
နှလုံးသားရဲ့ အရှင်သခင်


ရင်ဘတ်ထဲ 
အမြဲလွမ်းဆွတ်နေရသူ
အားပါးတရ
နမ်းရှိုက်ခွင့် ရခဲ့ရင်လဲ
ဖွဖွလေးသာ နမ်းပါရစေ
ချစ်ရသူနဖူး
အနမ်းဦးနဲ့ 
နိုးပါရစေ
သူ့ အပြုံး နှလုံးသားကြွေလဲ
မယိုင်မလှဲ ခိုင်မြဲလှတဲ့
ဒီ သံယောဇဉ်တွေနဲ့
ကမ္ဘာတစ်သောင်းထိ
ထပ်လောင်းကာ
ပေါင်းပါရစေတော့ ။
ကဗျာထဲမှတော့ 
(ချစ်ရသူနဖူး
အနမ်းဦးနဲ့ 
နိုးပါရစေ)
အပြင်မှာတော့ ကျားရေ ထတော့ အလုပ်သွားရမယ်
(မျက်စိမဖွင့်ပါ)
သဲလေး က အလုပ်မရှိလို့ဆက်အိပ်လိုက်အုန်းမယ်လို့ဆိုပါတယ်
ဒီနှစ်ချစ်သူများနေ့ လက်ဆောင်တွေကိုတော့ မပြောတော့ပါဘူးရှင်
ရိုးစင်းလှပါတယ် jas ကလဲသူ့အတွက်ပိုက်ဆံလေးစုပြီးဝယ်ပေးတာလဲရှိပါတယ်
onlineတွေ့တော့မှသာမေးလိုက်ပါတော့နော်
ချစ်သူများနေ့ချစ်တတ်သူများအားလုံးအတွက်
ကဗျာလေးကတော့


လူ့ဘ၀ဆိုတာ တခါတရံ 
ကံကောင်းခြင်းကမ်းတွေပြိုတတ်တယ်
တခါတရံ
လမ်းကောင်းတွေလဲ ချော်တတ်တယ်
တခါတရံ ဘ၀အတွက်
ရေဆန်ကိုလှော်တက်ရတယ်
ဘယ်အချိန် ဘယ်အခါ ဖြစ်ဖြစ်
ချစ်ရသူ နှလုံးသားပိုင်စိုးသူသာ
အနားမှာ ထာဝရ ရှိနေခဲ့ရင်တော့
အဲဒီ ဒဏ်ရာတွေ
အများကြီးသက်သာစေခဲ့ပါတယ်
ခံစားဖူးသူတိုင်း သိပါလိမ့်မည်
ချွင်းချက် (အချစ်မရှိသူများကို မဆိုလိုပါ)
အဲတာကြောင့် ဒီလိုကဗျာလေးလဲရေးခဲ့ဖူးပါတယ်

ပါရမီဖြည့်ဖက်
ဆံဖြူသွားကျိုး
မငြိုးတဲ့ အချစ်နဲ့
အတိုးရော အရင်းပါပေါင်းပြီး
တစ်မိုးအောက်က
တစ်ယောက်ချစ်ရသူ။
တခါမှ စကားများတာ ရန်ဖြစ်တာ မရှိဘူးလားလို့မေးချင်ကြပါလိမ့်မည် ရန်မဖြစ်ဖူးပါ
စကားခဏခဏ များဖူးပါသည် ခဏကြာတော့ပြန်ခေါ်ကြပါသည်
အဲတာလွင်ပြင်နဲ့ဂျက်တို့ဖြစ်ပါသည် ။



(jasmine)

Friday, 10 February 2012

သို့-------------- ချစ်သူ


အများကြီး ချစ်မိရင်တော့ တအား
ရင်နာရ တတ်ပါတယ်တဲ့
သံယောဇဉ်တွေက ခပ်ကြီးကြီး
ဘ၀မှာ 
အထီး မကျန်ရလေအောင်
ရင်ဘတ်ကိုဖွင့်ပြီး
နှလုံးသားထဲက အကြင်နာကို
အားပါးတရ ပေးလိုက်ပါတယ်
ရော့ ယူလိုက်ပါတော့
ချစ်သူ-----------------
ငါ့မျက်ရည်တစ်စက် က
ရေအေးတစ်ခွက်ဖြစ်ခဲ့ရင်
ချစ်သူ အမောပြေသောက်သုံးဖို့
အဲဒီ မျက်ရည် အမြဲကျပေးနေမိမယ်
ချစ်သူ-------------------
ငါ့ ရဲ့ အပြုံးဟာ မင်းအတွက်
ဗီတာမင်ဆေးဖြစ်ခဲ့ရင်လဲ
မင်းအားဖြစ်စေဖို့အတွက်
သုံးရာသီလုံး ငါပြုံးနေပါ့မယ်
ချစ်သူ---------------------
ဘာအတွက်ပဲ ဖြစ်ဖြစ်
အပြစ်မယူ
ချစ်ခြင်းတွေတူညီစွာနဲ့
ရာသက်ပန် လက်တွဲ ဖို့ကို
ဒီတစ်သက် မခွဲပဲ
ဘ၀ရဲ့ နောက်ဆုံး အချိန်ထိ
တစ်ယောက် စိတ်ရင်း
တစ်ယောက် သိပြီး
နားလည်မှုတွေနဲ့
ပေါင်းစပ်ပါရစေတော့ ။

jasmine




Friday, 3 February 2012

ချစ်သူများနေ့ အတွက် လက်ဆောင်ပုံလှလှလေးများ

မကြာခင်ရောက်ရှိလာမည့်ချစ်သူများနေ့အတွက် jasmine သူငယ်ချင်းအားလုံး မိမိချစ်ရသူကိုပေးရန်မိမိကြိုက်သော ပုံများကိုကူးယူအသုံးပြုနိုင်ပါသည်




































































































































သူငယ်ချင်းများအားလုံးရဲ့
jasmine
ချစ်သူများနေ့တွင် ဘလော့ဂါသူငယ်ချင်းများအားလုံး
ချစ်ရသူနဲ့ မခွဲ အတူ ပျော်ရွှင်ပါစေလို့

Share

Twitter Delicious Facebook Digg Stumbleupon Favorites More